အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
Pika (NSS) - စက်တင်ဘာ ၂ဝ
တောင်ကိုရီးယား နာမည်ကျော်အမျိုးသမီး အဆိုတော်အဖွဲ့ Blackpink ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်းနီသည် ၎င်း၏အေဂျင်စီ OA (Odd Atelier) နှင့်ပူးပေါင်းကာ တစ်ကိုယ်တော်အနုပညာရှင်အဖြစ် အမေရိကန် အသံသွင်းအဖွဲ့အစည်း Columbia Records နှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ထို့ပြင် ဂျင်းနီ၏ တစ်ကိုယ်တော်သီချင်းကို လာမည့် အောက်တိုဘာလတွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း OA အေဂျင်စီက စက်တင်ဘာလ (၉) ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဂျင်းနီ၏ နောက်ဆုံးထွက်ရှိထားသော တစ်ကိုယ်တော်သီချင်းမှာ (၂၀၂၃) ခုနှစ် အောက်တို ဘာလတွင် ထွက်ရှိခဲ့သော You & Me သီချင်းဖြစ်ကြောင်းသိရသည်။ Columbia Records နှင့် လက်မှတ်ရေးထိုးခဲ့သော အခြားနာမည်ကြီး အနုပညာရှင်များထဲတွင် ဘီယွန်ဆေး၊ ဟယ်ရီစတိုင်နှင့် Adele တို့ပါဝင်ကြောင်းလည်းသိရသည်။ ပြီးခဲ့သည့်နှစ်တွင် အသက်(၂၈) နှစ်အရွယ် ဂျင်းနီသည် HBO စီးရီး The Idol တွင် The Weeknd ၊ Lily-Rose Depp တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၎င်း၏သရုပ် ဆောင်လုပ်ငန်းကို စတင်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် Blackpink အဖွဲ့ဝင် အားလုံးသည် တစ်ကိုယ်တော်ခရီးများကို စတင်နေကြကြောင်းလည်း သိရသည်။
အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျီဆိုးသည် Newtopia အမည်ရှိ ဇွန်ဘီးဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ရန်စီစဉ်ထားပြီး လီဆာက စပိန် အဆို တော် Rosalia နှင့်ပူးပေါင်းထားသည့် New Wo- man သီချင်းကိုမကြာသေးမီက ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။ ထို့ပြင် လီဆာသည် HBO စီးရီး The White Lotus season 3 တွင် ပါဝင်သရုပ်ဆောင်သွား မည်ဖြစ်ကြောင်းလည်းသိရသည်။ အခြားအဖွဲ့ ဝင်တစ်ဦးဖြစ်သူ Roseန သည် The Black Label ကုမ္ပဏီ နှင့်အတူ စီမံခန့်ခွဲမှုဆိုင်ရာ သဘောတူညီချက် အသစ်ကို လက်မှတ်ရေးထိုးခဲ့ပြီး သီချင်းအသစ်များကို ဖန်တီးလျက်ရှိကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ