Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂ဝ၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်အရ ရပ်ဆိုင်းထားသော စစ်ရေးလေ့ကျင့်မှုများကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရ ကြေညာ

Pika (NSS) - ဇန်နဝါရီ ၁ဝ 

မြောက်ကိုရီးယားနိုင်ငံနှင့် ၂ဝ၁၈ ခုနှစ်က ချုပ်ဆိုထားသော စစ်ရေးသဘောတူညီချက်တစ်စိတ်တစ်ပိုင်းအဖြစ် ရပ်ဆိုင်းထားသော စစ်ရေးလေ့ကျင့်မှုများကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။


မကြာသေးမီကလုပ်ဆောင်ခဲ့သော မြောက်ကိုရီးယား၏ အင်အားပြသမှုများကြောင့် အဆိုပါစစ်ရေးသဘောတူညီချက်များကို လုံးဝဖျက်သိမ်းရန် စဉ်းစားနေကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။

လာမည့်ရက်ပိုင်းအတွင်း စစ်ရေးလေ့ကျင့်မှုများကို ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောခဲ့သည်။ ထို့အပြင် အဆိုပါစစ်ရေးလေ့ကျင့်မှုများထဲတွင် ကုန်းလမ်း နှင့် ရေကြောင်း နယ်နိမိတ်တစ်လျှောက် အမြောက်ပစ်ခတ်လေ့ကျင့်မှုများ နှင့် စစ်ဆင်ရေးများ ပါဝင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က မှတ်ချက်ပြုခဲ့သည်။


မြောက်ကိုရီးယားအစိုးရသည် ၂ဝ၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်များအရ စစ်ရေးလေ့ကျင့်မှုများကို တားမြစ်ထားသည့်နေရာများတွင် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်းကြောင့် အဆိုပါစစ်ရေးသဘောတူညီချက်မှာ ပျက်ပြယ်သွားပြီဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။ 

၂ဝ၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်ကို ဖျက်သိမ်းလိုက်ခြင်းသည် တောင်ကိုရီးယားစစ်တပ်ကို ပိုမိုကောင်းမွန်သော အဆင်သင့်အနေအထားဖြင့် ရှိစေနိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Jeon Ha-kyou က ပြောကြားခဲ့သည်။

သို့သော်လည်း ကာကွယ်ရေးဝန်ကြီးဌာနသည် နောက်ဆုံး ဆုံးဖြတ်ချက်များမချမီ တရားဝင်ခွင့်ပြုချက်များ လိုအပ်သေးကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။ 

"ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ တပ်ဖွဲ့အလိုက် လေ့ကျင့်မှုတွေ လုပ်ဆောင်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့အခြေအနေတွေ ရှိလာမယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ ၂ဝ၁၈ ခုနှစ် စစ်ရေး သဘောတူညီချက်ဟာ ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်(၅)ကီလိုမီတာအတွင်း စစ်ရေးလေ့ကျင့်မှုတွေကို တားမြစ်ထားပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

တောင်ကိုရီးယားအစိုးရက ပြန်လည်စတင်မည့် စစ်ရေးလေ့ကျင့်မှုများထဲတွင် မြေပြင်အမြောက်တပ်စစ်ရေးလေ့ကျင့်မှုများအပြင် မရိန်းတပ်သားများနှင့် လေတပ် တပ်ဖွဲ့ဝင်များလည်း ပါဝင်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။ မြောက်ကိုရီးယားအစိုးရသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း အမြောက်ကျည် အများအပြားကို ပစ်လွှတ်ခဲ့ပြီးနောက် တောင်ကိုရီးယားအစိုးရ၏ ထုတ်ပြန်ကြေညာချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘုရားစေတီတော်ကို ဖျက်ဆီးခဲ့သည့် MNDAA လုပ်ရပ်အပေါ် သံဃာတော် နှင့် လူပုဂ္ဂိုလ်အများအပြား ရန်ကုန်မြို့၌ ကန့်ကွက်ဆန္ဒပြ

RELATED POSTS
RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved