ဝမ်(၂၂၅)သန်းလှူဒါန်းပြီး ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU
Pika (NSS) - စက်တင်ဘာ ၂၇
တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU သည် အကျိုးအမြတ်မယူသောအဖွဲ့အစည်းများထံ ဝမ်(၂၂၅)သန်း လှူဒါန်းခဲ့ပြီး စက်တင်ဘာလ(၁၈) ရက်နေ့တွင် ၎င်း၏ပွဲဦးထွက်နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ကြောင်းသိရသည်။
IU သည် ၎င်း၏နာမည်နှင့် ပရိသတ်ကလပ့် UAENA တို့ကို ပေါင်းစပ်ထားသော IUAENA အမည်ဖြင့် စုစုပေါင်း ဝမ်(၂၂၅)သန်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း EDAM Entertainment ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။ IU သည် အဆိုပါဝမ် (၂၂၅)သန်းကို ရှားပါးရောဂါရှိသော ကလေးငယ်များ အတွက်ကိုရီးယားအဖွဲ့အစည်း၊ “Milk Delivery Asking About the Elderly” ကမ်းပိန်းတို့ကို လှူဒါန်းခဲ့ခြင်းလည်းဖြစ်သည်။
IU သည် ၎င်း၏ပွဲဦးထွက်နှစ်ပတ်လည်နေ့ကို နှစ်စဉ်လှူဒါန်းမှုများပြုလုပ်ခြင်းဖြင့်် ဖြတ်သန်းလေ့ရှိ သူဖြစ် ကြောင်းလည်းသိရသည်။ အဆိုပါလှူဒါန်းမှုတွင် ရှားပါးရောဂါရှိသောကလေးငယ်များကို ထောက်ပံ့ပေးမှုများလုပ် ဆောင်ပေးခြင်း၊ တစ်ယောက်တည်း နေထိုင်သော သက်ကြီးရွယ်အိုများဆီသို့ သွားရောက်လည်ပတ်ကာ နွားနို့များ လှူဒါန်းပေးခြင်း၊ မသန်စွမ်းများအတွက် အသုံးပြုနေသည့် သက်တမ်းရင့်နေသော ဓာတ်လှေကားများကို လဲလှယ် ပေးခြင်း၊ မိဘမဲ့ကလေးဂေဟာများအတွက် လိုအပ်သောပစ္စည်းများကို ထောက်ပံ့ပေးခြင်းအပြင် အခြားအကြောင်း အရာကိစ္စများ ပါဝင်ကြောင်းသိရသည်။
ယခုနှစ်အစောပိုင်းတွင် IU သည် ၎င်း၏မွေးနေ့တွင် အကြားအာရုံချို့ယွင်းသော ကလေးငယ်များကို ကူညီ ထောက်ပံ့ပေးခြင်းအပါအဝင် အဖွဲ့အစည်းပေါင်းများစွာကို ဝမ်သန်း(၂၀ဝ)လှူဒါန်းခဲ့ကြောင်းသိရသည်။ IU က " IUAENA အမည်နဲ့ နှစ်တိုင်းအဓိပ္ပာယ်ရှိတဲ့ လှူဒါန်းမှုတွေကို လုပ်ဆောင်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီလှူဒါန်းမှုကို လက်ခံရရှိ သူတွေအတွက်တော့ အထူးလက်ဆောင် တစ်ခုဖြစ်မယ်လို့မျှော်လင့်ပါတယ်။ အမြဲတမ်း ချစ်ပေးပြီး အားပေးနေကြတဲ့ ပရိ သတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တွင် ရက်ပိုင်းအတွင်း ရာအိမ်မှူးတစ်ဦး ထပ်မံပစ်ခတ်သတ်ဖြတ်ခံရ
RELATED POSTS
27 Sep 2024 | အနုပညာ,နိုင်ငံတကာ
27 Sep 2024 | အနုပညာ,နိုင်ငံတကာ
26 Sep 2024 | အနုပညာ,နိုင်ငံတကာ
26 Sep 2024 | အနုပညာ,နိုင်ငံတကာ