၂၀၂၄ ခုနှစ်ရဲ့ Seoul International Drama Awards အတွက် ဆုရှိသူများ ပေါ်ထွက်လာ
ရောင်နီ (NSS) - စက်တင်ဘာ ၂၇
၂၀၂၄ ခုနှစ်အတွက် Seoul International Drama Awards ဆုပေးပွဲကို ဆိုးလ်မြို့၊ KBS Hall မှာ စက်တင်ဘာ ၂၅ ရက်က ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှူးများအဖြစ် အစီအစဉ်တင်ဆက်သူ ဘဲ့ဆွန်းဂျယ်နဲ့ သရုပ်ဆောင် ဆိုလ်အင်နာတို့က ဆောင်ရွက်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ဒါရိုက်တာ ပက်ခ်ချန်းဝုခ်က “The Sympathizer” ဇာတ်လမ်းတွဲနဲ့ ယခုနှစ်ရဲ့ ရွှေငှက်ဆုကိုရရှိခဲ့ပြီး “Lovely Runner” သရုပ်ဆောင်များဖြစ်တဲ့ မင်းသား ဗြောင်ဝူဆော့ခ်နဲ့ ကင်ဟေယွန်းတို့ကတော့ Asia Star Awards ကို ရရှိခဲ့ကြပါတယ်။ အကောင်းဆုံး ဒါရိုက်တာဆုကိုတော့ ဒါရိုက်တာ ပက်ခ် အင်ဂျေက နာမည်ကြီးစီးရီး “Moving” နဲ့ ရရှိခဲ့ပြီး အကောင်းဆုံး ဒရာမာဆုကိုတော့ "Moving” နဲ့ Queen of Tears” တို့က အသီးသီးရရှိကြပါတယ်။အကောင်းဆုံး သရုပ်ဆောင်ဆုကိုတော့ Mask Girl ဇာတ်လမ်းတွဲနဲ့ အာဂျေဟောင်နဲ့ ယွန်းဟေရန်တို့က အသီးသီးရရှိခဲ့ကြတယ်လို့ သိရပါတယ်။
Seoul International Drama Awards ဟာ တီဗီဒရမ်မာထုတ်လုပ်ရေး နဲ့ မီဒီယာလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်တွေနဲ့ ရုပ်မြင်သံကြားဒရာမာတွေအတွက် ဆုတံဆိပ်များ ချီးမြှင့်ပေးတဲ့ပွဲ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နာတာရှည်ပဋိပက္ခများနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အနာဂတ်လားရာ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
27 Sep 2024 | အနုပညာ,နိုင်ငံတကာ
27 Sep 2024 | အနုပညာ,နိုင်ငံတကာ
26 Sep 2024 | အနုပညာ,နိုင်ငံတကာ
26 Sep 2024 | အနုပညာ,နိုင်ငံတကာ