Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘောဒီးယား၌ တည်ဆောက်ပေးလျက်ရှိသည့် ရေတပ်အခြေစိုက်စခန်းကို တရုတ်တို့ အသုံးပြုဖွယ်ရှိ

Htay Oung (NSS) - စက်တင်ဘာ ၂၇

ကမ္ဘောဒီးယားရှိ တရုတ်က ငွေကြေးထောက်ပံ့တည်ဆောက်ပေးနေတဲ့ ရေတပ်အခြေစိုက်စခန်း အဆင့်မြှင့်တင်ရေး အစီအစဉ် ပြီးစီးမယ့်ရက်ဟာ တဖြည်းဖြည်း ရက်နီးကပ်လာပါတယ်။ အဲဒီလိုအချိန်မှာ ဖနွမ်းပင်သို့ စစ်သင်္ဘော (၂)စင်း လက်ဆောင်ပေးမယ်လို့ ယခုရက်ပိုင်း ပေကျင်းက အတည်ပြုလိုက်ခြင်းဟာ တရုတ်ရဲ့ ရည်ရွယ်ချက်နဲ့ ဒေသတွင်းအရေးကိစ္စများမှာ ပါဝင်လိုတဲ့ သူ့ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရတယ်လို့ စင်္ကာပူအခြေစိုက် “ချန်နယ်နယူးစ်အေးရှား”က စက်တင်ဘာလ ၂၅ ရက်မှာ ရေးသားပါတယ်။

ကမ္ဘောဒီးယားအနေနဲ့ အဲ့ဒီ အခြေခံအဆောက်အတွေကို အပြည့်အဝအသုံးချနိုင်လောက်တဲ့ စစ်အင်အား  မရှိ ပါဘူး။ ဒါဆို “ရီးမ်” လို့ အမည်ရှိတဲ့ ရေတပ်အခြေစိုက်စခန်းကို ပိုက်ဆံအကုန်အကျခံပြီး အဆင့်မြှင့်တင်ပေး ခြင်းဟာ ကမ္ဘောဒီးယားထက် တရုတ်က ပိုပြီး အကျိုးရှိလို့သာဖြစ်တယ်လိ့ု လေ့လာသူ အချို့က ယုံကြည်ကြပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်ရေးအကူအညီဟာ ပေကျင်းရဲ့ ရေရှည်အကျိုးစီးပွားအတွက် အထူးသဖြင့် အမေရိကန်နဲ့ ယှဉ်ပြိုင်ရတဲ့အတွက် ကမ္ဘောဒီးယားကို သြဇာလွှမ်းမိုးရန် ရည်ရွယ်ခြင်းသာဖြစ်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။ အခြားလေ့လာသူအချို့ကလည်း ဒီကိစ္စဟာ ရေရှည်မှာ ဒေသတွင်းသြဇာလွှမ်းမိုးရေး တိုးမြှင့်ဖို့ တရုတ်ရဲ့ ဧရာမ မဟာဗျူဟာမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ရှု့မြင်ကြပါတယ်။ ဒါပေမဲ့လည်း အဲဒီ လုပ်ဆောင် ချက်ဟာ ဒေသဆိုင်ရာ “အရွေ့များ” အပေါ် ဘယ်ပုံဘယ်နည်း အကျိုးသက်ရောက်နိုင်တယ်ဆိုတဲ့ ကောက်ချက်မှာတော့ သဘောထားကွဲလွဲကြပါတယ်။ 

တရုတ်ဝင်လာတဲ့အတွက် ကမ္ဘောဒီးယားရဲ့ အိမ်နီးချင်းများအကြားမှာ တင်းမာမှုများ မြင့်တက်လာနိုင်တယ်လို့ အချို့က သတိပေးကြပါတယ်။ “ထိုင်းနဲ့ ဗီယက်နမ်တို့ဟာ အတိုင်းအတာတစ်ခုအထိ တရုတ်ကို သတိထားနေ ကြပြီး ဖိလစ်ပိုင်ကတော့ ထိုင်းပင်လယ်ကွေ့မှာ တရုတ်စစ်ရေးလှုပ်ရှားမှု တိုးမြင့်လာတဲ့ သဘောသက်ရောက် နေတဲ့အတွက် စိုးရိမ်စရာသင့်ပါတယ်၊ ကမ္ဘောဒီးယားခေါင်းဆောင်ပိုင်းတွေ သတိထားဖို့ လိုကြောင်း မှတ်ချက် ပေးပါတယ်။ နိုင်ငံတကာစစ်ရေး နိုင်ငံရေးလေ့လာသူ အချို့ကတော့ ကမ္ဘောဒီးယားတို့လို နိုင်ငံငယ်လေးအတွက် စစ်ရေး အ ကူအညီရယူတဲ့ကိစ္စဟာ ပုံမှန်သာဖြစ်တယ်လို့ စောဒကတက်ပါတယ်။ ကမ္ဘောဒီး ယားစစ်တပ်ဟာ လုံး၀အင်အားချိနဲ့နေခြင်းမရှိပဲ ထိုင်း၊ ဗီယက်နမ်တို့နဲ့ ယှဉ်ရင် ပိုမိုအဆင့်မြင့်ပြီး ကောင်းမွန်တဲ့ စစ်ရေးစွမ်းရည်တွေ ပိုင်ထားကြောင်း၊ ဥပမာအားဖြင့် ထိုင်းမှာ ကိုယ်ပိုင်လေယာဉ်တင်သင်္ဘောရှိနေကြောင်း၊ ကမ္ဘောဒီးယားက သူ့ရဲ့စစ်တပ်ကို ခေတ်မီအောင်လုပ်ဖို့ လိုအပ်နေပြီး အိမ်နီးချင်းနိုင်ငံတွေကလည်း အဲ့ဒီလောက်တော့  သဘောပေါက်မိပါတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံက ကမ္ဘောဒီးယားသို့ စစ်သင်္ဘောနှစ်စင်း လက်ဆောင်ပေးမယ့်အကြောင်း ဩဂုတ်လနှောင်းပိုင်းမှာ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီရေယာဉ်တွေဟာ 056 အတန်းအစား ကော်ဗတ်ရေယာဉ်များလို့ သတ် မှတ်လေ့ရှိကြောင်း တစ်ပတ်အကြာ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားချက်အရ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် ရေတပ်မတော်က တီထွင်ထုတ်လုပ်လိုက်တဲ့ အဲ့ဒီရေယာဉ်အတန်းအစားဟာ ကမ်းနီးတိုက်ပွဲများအတွက် ဒီဇိုင်းထုတ်ထားတယ်လို့ သိရှိရပါတယ်။ လက်ရှိတရုတ်ရေတပ်မတော်၊ တရုတ်ကမ်းခြေစောင့်တပ်အပြင် ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ဂျီးရီးယားရေတပ်တို့မှာ တပ်တော်ဝင် တာဝန်ထမ်းဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီရေယာဉ်တွေဟာ ကင်းလှည့်ခြင်း၊ လိုက်ပါစောင့်ကြပ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးနဲ့ ထောက်လှမ်းခြင်း အပါအဝင် မစ်ရှင်အများအပြားကို လုပ်ဆောင်နိုင်စွမ်းရှိကြောင်း တရုတ်ကာကွယ်ရေးသတင်းပေါ်တယ်များမှာ ဖော်ပြပါတယ်။ အီလက်ထရွန်းနစ်နဲ့ ရေပြင်စစ်ဆင်ရေးအတွက် ကိရိယာများတပ်ဆင်ထားပြီး လေကြောင်းရန် နဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက် စွမ်းရည်များ ပါရှိကြောင်း ရေးသားကြပါတယ်။ အဆိုပါ ရေယာဉ်များဟာ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စစ် ဆင်ရေးများအတွက် ကမ္ဘောဒီးယားနိုင်ငံ၏ စွမ်းဆောင်ရည်ကို အားကောင်းစေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ကမ်းရိုးတန်းအရှည် ၂၇၅-မိုင်သာ ပိုင်ဆိုင်ပြီး ဘုရင့်ရေတပ်မတော်မှာ အင်အား ၄၀၀၀ သာ ရှိပါတယ်။ ယခုကော်ဗတ်စစ်သင်္ဘောတွေဟာ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ စစ်ဆင်ရေးများအတွက် ကမ္ဘောဒီးယားနိုင်ငံရဲ့ စွမ်းဆောင်ရည်ကို အားကောင်းစေပါလိမ့်မယ်။ အလား တူ တရုတ်စစ်ရေယာဉ်တွေဟာ ရီးမ်ရေတပ်အခြေစိုက်စခန်းမှာ ဆိုက်ကပ်ထားနှင့်ပြီး ဖြစ်ကြောင်း အကဲခတ် များက သတိပြုမိကြပါတယ်။ 

ရီးမ်ရေတပ်အခြေစိုက်စခန်းဟာ တရုတ်နဲ့ ကမ္ဘောဒီးယားတို့အကြား ဆက်နွယ်မှုကို နောက်ထပ်တဖန် မီး မောင်း ထိုးပြနေပါတယ်။ အဲ့ဒီနေရာမှာ တည်ဆောက်နေတဲ့ကြောင်း စစ်ရေးအရ လျှို့ဝှက်ထားရန် တရုတ်နဲ့ သဘောတူညီမှု ထားရှိခဲ့တယ်လို့ ယခင် သတင်းအတော်များများ ထွက်ပေါ်ခဲ့ပေမယ့် မဟုတ်မှန်ကြောင်း နှစ်နိုင်ငံစလုံး က ငြင်းဆိုထားပါတယ်။ “တရုတ်သတ္ထုဗေဒအုပ်စုကော်ပိုရေးရှင်း” အတည်ပြုချက်အရ တရုတ် နိုင်ငံဟာ ကမ္ဘောဒီးယား ရေတပ်အခြေစိုက်စခန်း အဆင့်မြှင့်တင်မှုကို ရန်ပုံငွေထောက်ပံ့လျက်ရှိတယ်လို့ ဆိုပါတယ်။  တရုတ်စစ်သင်္ဘောများအတွက် အမြဲတမ်းစစ်အခြေစိုက်စခန်းအဖြစ် အသုံးပြုရန် မဟုတ်ပဲ တရုတ်ရေတပ်မ တော် စစ်သင်္ဘောများ ရှိနေခြင်းကလည်း ကမ္ဘောဒီးယားရေတပ်နဲ့အတူ လေ့ကျင့်မှုများပြုလုပ်ရန် ဖြစ်ကြောင်း၊ လေ့ကျင့်ရေးအစီအစဉ်မှာ နည်းပညာကျွမ်းကျင်မှုနဲ့ နည်းပညာအသစ်များကို အဓိကထားလုပ်ဆောင်ရန်ဖြစ် တယ်လို့ ပြောပါတယ်။

ဒီအတိုင်းဆိုလျှင် အခြေစိုက်စခန်းမှာ ဆိုက်ကပ်ထားတဲ့ တရုတ်စစ်သင်္ဘောများနဲ့အလားတူ နောက်ထပ်စစ်သ င်္ဘောများကို ကမ္ဘောဒီးယားက ဝယ်ယူနိုင်ခြေရှိပါတယ်။ လတ်တလောရိုက်ကူးခဲ့တဲ့ ကောင်းကင်ဂြိုလ်တု ဓာတ် ပုံများအရ ရီးမ်ရေတပ်အခြေစိုက်စခန်းရဲ့ ဆိပ်ခံတံတားဟာ ၂၀၁၇ ခုနှစ် အာဖရိက ဒီဂျာဘူတီနိုင်ငံမှာ ပေကျင်း တည်ဆောက်ခဲ့တဲ့ တရုတ်ရေတပ်အခြေစိုက်စခန်းနဲ့ ဆင်တူကြောင်း တွေ့မြင်ရပါတယ်။ ဒီဂျာဘူတီနိုင်ငံဟာ မြန်မာနိုင်ငံမှာ ဧရိယာအငယ်ဆုံးဖြစ်တဲ့ ကယားပြည်နယ်ရဲ့ (၂)ဆနီးပါး ကျယ်ဝန်းပြီး အစ္စလာမ်ဘာသာဝင်အများစု လူဦးရေ (၁)သန်းခန့်သာ နေထိုင်တဲ့ အာဖရိကအရှေ့ပိုင်း တိုင်းပြည်ငယ်လေး ဖြစ်ပါတယ်။ ဒါပေမဲ့အာရေဗျကျွန်းဆွယ် ယီမင်နိုင်ငံနဲ့ အေဒင်ပင်လယ်ကွေ့ခြားပြီး မျက်နှာချင်းဆိုင်တည်ရှိ နေပါတယ်။

တောင်ဖက်နဲ့ အနောက်တောင်ဘက်မှာ ပြည်တွင်းစစ်နဲ့ အကြမ်းဖက်မှုများကြောင့် မငြိမ်မသက်ဖြစ်နေတဲ့ ဆိုမာလီယာနဲ့ အီသီယိုပီးယားနိုင်ငံတို့ တည်ရှိနေပါတယ်။ မြောက်ဖက်မှာရှိတဲ့ အီရစ်ထရီးယားနိုင်ငံနည်းတူ ဒီဂျာဘူတီဟာ ဆင်းရဲတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ပြင်သစ်ကိုလိုနီဟောင်းဖြစ်ခဲ့ဖူးတဲ့နိုင်ငံဟာ ၂၀၀၀ ခုနှစ်အထိ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးပါတယ်။ အလုပ်လက်မဲ့နဲ့ စာမတတ်သူအများစုဖြစ်နေုပြီး ကလေး သူ ငယ်အဟာရချို့တဲ့ရာမှာ လူသိမျာပါတယ်။ လူစည်ကားရာနေရာများနဲ့ နိုင်ငံခြားခရီးသွားများကို ပစ်မှတ်ထား တဲ့ လုယက်မှု အကြမ်းဖက်မှုများ ဖြစ်ပွားလေ့ရှိပါတယ်။ ဒါပေမယ့် စူးအက်တူးမြောင်း ဝင်ထွက်ပင်လယ်နီနဲ့ အိန္ဒိယသမုဒ္ဒရာသို့ ဝင်ပေါက်ဖြစ်နေတဲ့ တိုင်းပြည်ဟာ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာမြောက်နေရာမှာ တည်ရှိပါတယ်။ ၁၉၇၉-ခုနှစ်မှာ တရုတ်ဟာ ဒီဂျာဘူတီနဲ့ သံတမန်ဆက်သွယ်ခဲ့ပြီး အားကစားကွင်း၊ ပြည်သူ့ရင်ပြင်အပါအဝင် အများပြည်သူဆိုင်ရာ ပရောဂျက်များ အတွက် ငွေကြေးထောက်ပံ့ခဲ့ပါတယ်။ ပေကျင်းနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ်ကြေညာထားတဲ့ ဒီဂျာဘူတီမှာ အာဖရိက ဦးချိူ ဒေသရေပြင်တဝှိုက် လူသားချင်းစာနာမှုအကူအညီနဲ့ ပင်လယ်ဓါးပြနှိမ်နင်းရေးအတွက်အကြောင်းပြပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တည်ဆောက်ထားတဲ့ ရေတပ် အခြေစိုက်စခန်း တည်ရှိနေပါတယ်။

တကယ်တော့ အရေးပါတဲ့ အနေအထားကြောင့် တရုတ်ရေတပ်အခြေစိုက်စခန်းသာမက ပြင် သစ်လေတပ်စ ခန်း၊ အီတလီအခြေစိုက်စခန်းနဲ့ ဂျပန်အခြေစိုက်စခန်းများအပါအဝင် နိုင်ငံအတော်များများရဲ့ ပင်လယ်ရပ်ခြား စစ်အခြေစိုက်စခန်းများစွာကို ဒီဂျာဘူတီက လက်ခံထားပါတယ်။ ဒီဂျာဘူတီရဲ့ တရုတ်ရေတပ်အခြေစိုက်စ ခန်းမှာ အဆောက်အအုံအတော်များများ ရှိနေပြီး အဲ့ဒါတွေကို ကမ္ဘောဒီးယားသို့ ရွှေ့ပြောင်းရန် တရုတ်က စီစဉ်လျက်ရှိပါတယ်။ လက်ရှိ ကမ္ဘောဒီးယား ရေတပ်ဟာ အဲဒါတွေကို ကိုင်တွယ်နိုင်လောက်အောင် အလွန် အဆင့်မြင့်တယ်လို့ မရှိသေးပါဘူး၊ ဒါကြောင့် ရီးမ်ရေတပ်အခြေစိုက်စခန်း အဆင့်မြှင့်တင်ခြင်းဟာ တရုတ် အတွက် ကမ္ဘောဒီးယားထက် ပိုမိုအသုံးဝင်လိမ့်မယ်လို့ ကျွမ်းကျင်သူများက ယုံကြည်ကြပါတယ်။ နှစ်နိုင်ငံစလုံးက ငြင်းဆိုနေပေမယ့် တရုတ်ဟာ အခြေစိုက်စခန်းအတွင်း  အထူးဝင်ရောက်ခွင့်ရှိပါတယ်။ ကမ္ဘောဒီးယား အနေနဲ့ ခေတ်မီစက်ကိရိယာများကို သူတို့ဖာသာ ကိုင်တွယ်လုပ်ဆောင်နိုင်တဲ့အထိ ကျွမ်း ကျင် မှု မရှိနိုင်တဲ့အတွက် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေကို ကူညီလေ့ကျင့်ပေးရန် တရုတ်နိုင်ငံမှ သင်္ဘောများနဲ့ စစ်ဘက်အရာရှိများကို စေလွှတ်နိုင်ပါလိမ့်မယ်။

(Channel News Asia., 25 September 2024,” China’s warships gift and funding naval base in Cambodia: Could it put regional dynamics in choppy waters?” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဝမ်(၂၂၅)သန်းလှူဒါန်းပြီး ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU

RECENT POSTS
ဝမ်(၂၂၅)သန်းလှူဒါန်းပြီး ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU
27 Sep 2024
ကမ္ဘောဒီးယား၌ တည်ဆောက်ပေးလျက်ရှိသည့် ရေတပ်အခြေစိုက်စခန်းကို တရုတ်တို့ အသုံးပြုဖွယ်ရှိ
27 Sep 2024
ဖာရိုဘုရင်တွေ နားခိုလဲလျောင်းရာ ပိရမစ်ကြီးတွေရှိတဲ့ ဂီဇာမြို့အကြောင်း
27 Sep 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်များ
27 Sep 2024
ဉာဏ်ရည်မြင့်နိုင်ငံ့ခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် “အသုံးမပြုကြခြင်း” အကြောင်းအရင်းများ
27 Sep 2024
နာတာရှည်ပဋိပက္ခများနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အနာဂတ်လားရာ (ဘာသာပြန်ဆောင်းပါး)
27 Sep 2024
၂၀၂၄ ခုနှစ်ရဲ့ Seoul International Drama Awards အတွက် ဆုရှိသူများ ပေါ်ထွက်လာ
27 Sep 2024
ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း
27 Sep 2024
တောင်ကိုရီးယားဒရာမာ "Pure Love" ထဲက မင်းသမီး ဆုန်ဒန်ဘီ သားဦးကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း ကြေညာ
27 Sep 2024
ပဲခူးတိုင်းမှရေဘေးသင့်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး ပြန်လည် ထူထောင်နိုင်ရန် တိုင်းအစိုးရက ဆောင်ရွက်နေ
26 Sep 2024
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
26 Sep 2024
‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
26 Sep 2024
လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို
26 Sep 2024
အယုဒ္ဓယပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိဟု ထိုင်းအစိုးရပြော
26 Sep 2024
ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ
26 Sep 2024
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု
26 Sep 2024
BVLGARI အမှတ်တံဆိပ်ရဲ့ ပထမဆုံးကိုရီးယား သံတမန်ဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်ဂျီဝန်း
26 Sep 2024
အင်းလေးဒေသရေကြီးမှု (၁ဝ)ရက်ကျော်ကြာမြင့်လာသော်လည်း (၃)ပေခန့်သာ ကျဆင်းလာ
26 Sep 2024
တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဂျပန်ရေတပ်က ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ကင်းလှည့်မှုတွေပြုလုပ်
26 Sep 2024
မျက်လုံးကို အဝတ်စဖြင့်စည်းကာ ဘတ်စကတ်ဘောလုံးကို(၆၅)ပေအကွာမှသွင်းယူပြပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ တူရကီအမျိုးသား
26 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved