တောင်ကိုရီးယားဒရာမာ "Pure Love" ထဲက မင်းသမီး ဆုန်ဒန်ဘီ သားဦးကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း ကြေညာ
ရောင်နီ (NSS) - စက်တင်ဘာ ၂၇
တောင်ကိုရီးယား ဒရာမာ "Pure Love" ထဲက မင်းသမီး ဆုန်ဒန်ဘီက သူမရဲ့ပထမဆုံးရင်သွေးလေးကို လွယ်ထားရပြီဆိုတဲ့အကြောင်း ပရိသတ်တွေကို အသိပေး အကြောင်းကြားလာခဲ့ပါတယ်။
ဒီအကြာင်းကို ဆုန်းဒန်ဘီရဲ့ အေဂျင်စီ Blitzway Studio က စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ သားဦးလေးကတော့ ၂၀၂၅ ခုနှစ် ဧပြီလမှာ မွေးဖွားမယ်လို့ သိရပါတယ်။ ဆုန်းဒန်ဘီဟာ ၂၀၂၂ ခုနှစ် မေလက အမြန်စကိတ်သမားဟောင်း လီကျိုဟွတ်ခ်နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၃ ခုနှစ်ထွက် ဒရာမာစီးရီးဖြစ်တဲ့ "Pure Love" နဲ့ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားတာဖြစ်ပြီး လက်ရှိတော့ အနုပညာအလုပ်တွေ ခဏရပ်နားထားပါတယ်။ ၂၀၀၇ ခုနှစ် က တည်းက Solo အဆိုတော်အဖြစ်နဲ့ ပွဲဦးထွက်လာတဲ့ ဆုန်းဒန်ဘီဟာ အခု အသက် ၄၁ နှစ် ရှိပြီဖြစ်ပါတယ်။
သူမဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် "Light and Shadow " "Mrs.Cop" "Pure Love" ဇာတ်လမ်းတွေနဲ့ လူသိများ ထင်ရှားခဲ့တာ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း
RELATED POSTS
27 Sep 2024 | အနုပညာ,နိုင်ငံတကာ
27 Sep 2024 | အနုပညာ,နိုင်ငံတကာ
26 Sep 2024 | အနုပညာ,နိုင်ငံတကာ
26 Sep 2024 | အနုပညာ,နိုင်ငံတကာ