Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နာတာရှည်ပဋိပက္ခများနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အနာဂတ်လားရာ (ဘာသာပြန်ဆောင်းပါး)

တင်ဇာလင်း (NSS) - စက်တင်ဘာ ၂၇ 

အရှေ့အလယ်ပိုင်းဒေသသည် (၂၀၁၁) ခုနှစ် အာရပ်သူပုန်များ ထြွကလာမှုနှင့် အာရပ်တော်လှန် ရေးဖြစ်ပွားပြီးကတည်းက ဒေသတွင်း တည်ငြိမ်အေး ချမ်းရေးတို့ပျောက်ဆုံးခဲ့ရသည်။ ဒေသတွင်း နိုင်ငံ များ အားလုံး အထူးသဖြင့် အာရပ်နိုင်ငံများသည် ယင်းပဋိ ပက္ခများ၏ အကျိုးဆက်များကို ရှည်ကြာစွာ ခံစားနေရသည်။ ထို့ကြောင့် ဒေသတွင်းနိုင်ငံအများစုသည် ပါလက်စတိုင်းတွင် အစ္စရေး၏ ရက်စက် ကြမ်းကြုတ် မှုများကိုရပ်တန့်ပေးရန်နှင့် အပစ်အခတ်ရပ်စဲရေးကို လက်ခံရန် တိုက်တွန်းတောင်းဆို ထားသည်။ အောက်တိုဘာ (၇) ရက်နောက်ပိုင်း အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားလာသော အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် ဒေသတွင်းတင်းမာမှုများကို ပိုမိုအရှိန်အဟုန်မြင့် မားလာစေသည်။ အရှေ့ အလယ်ပိုင်းတွင် နိုင်ငံရေး အပြောင်းအလဲများကိုဖြစ်ပေါ်စေခဲ့သည့် အာရပ်နွေဦး အစတွင် အလားတူ အခြေအနေများကို ကြုံတွေ့ခဲ့ရဖူးသည်။ ဒေသတွင်းဇာတ်ကောင်များသည် အာရပ်နွေဦးကဲ့သို့ ပဋိပက္ခ များကိုရှောင်ရှားနိုင်ရန် (၂၀၂၀) ပြည့်နှစ်မှစတင်ကာ ဒေသတွင်းနိုင်ငံများအကြား ပုံမှန်ဆက်ဆံရေး ပြန်လည် ထူထောင်ဖို့ကြိုးပမ်းခဲ့ကြသည်။ သို့သော် အဆုံးသတ်တွင် ပဋိပက္ခဆီသို့သာ ဦးတည်သွားခဲ့ သည်။ အစ္စရေး၏ ရန်လိုသည့်လုပ်ရပ် များနှင့် ဒေသတွင်းတင်းမာမှုများအပေါ် သက်ရောက်မှုများ ကြောင့် အရှေ့အလယ်ပိုင်းဒေသသည် ယခုအချိန်အထိ ဒုက္ခပင်လယ်ဝေနေခဲ့သည်။ လက်ရှိ ပဋိပက္ခမှ ဖန်တီးပုံဖော်လာသော အနေအထားသစ်များကြောင့် အရှေ့အလယ်ပိုင်းဒေသသည် လာမည့် နှစ်များ အတွင်း အခြေအနေသုံးမျိုးနှင့် ရင်ဆိုင်ရနိုင် ဖွယ်ရှိနေသည်။

ပိုမိုဆိုးရွားလာမည့် လုံခြုံရေးအခြေအနေ

ဤအခြေအနေတွင် ဒေသသည် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုသံသရာတို့ အမြစ်တွယ် လည် နေဆဲ ဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး ဆင်နွှဲနေသော စစ်ဆင်ရေးများနှင့်အတူ လက်ဘနွန် ရှိ ဟစ်ဇ်ဘိုလာများနှင့်လည်း အဆက်မပြတ် တိုက်ပွဲ၈များ ဖြစ်ပေါ်လျက်ရှိနေသည်။ ထိုကဲ့သို့ ပဋိပက္ခများ ဆက်လက်အုံကြွလာချိန်တွင် အစ္စရေးနှင့် အီရန်တို့ ကြား စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံနိုင်မည့်အန္တရာယ် ကို တိုးပွားလာစေသည်။ ဆီးရီးယားနှင့် အခြားနေရာများတွင် အစ္စရေးက အီရန်၏ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားလာနေသည်။ အစ္စရေး၏လုပ်ရပ်များကို အီရန်က လက်တုံ့ပြန်ရာတွင်မူ လက်ဘနွန်ရှိ ဟစ်ဇ် ဘိုလာ၊ ယီမင်ရှိ ဟူသီများနှင့် အီရတ်ရှိ ရှီယိုက်ပြည် သူ့စစ်များအပါအဝင် ဒေသတွင်းအနှံ့အပြားရှိ ゞင်း၏လက်ဝေခံများပါ ပါဝင်လာခဲ့ပြီး ပိုမိုကြီးမား ကျယ်ပြန့်သော ဒေသတွင်းပဋိပက္ခများကို ဦးတည်လာစေခဲ့ သည်။ ပြည်တွင်းစစ်ကြောင့် ယခင်က တည်းက အား ပျော့နေပြီဖြစ်သော ဆီးရီးယားသည် အစ္စရေး-အီရန် ပဋိပက္ခများအတွက် စစ်မြေပြင် ဖြစ်လာပြန်သည်။ ဆီးရီးယားရှိ အီရန်၏ အခြေစိုက်စခန်းများကို အစ္စ ရေးလေကြောင်းမှ တိုက်ခိုက်လာ ခြင်းကြောင့် ဆီးရီး ယားသည်လည်း ပဋိပက္ခအတွင်း ပိုမိုနက်ရှိုင်းစွာ ပါဝင်ပတ်သက်လာရသည်။

ယီမင်တွင်လည်း အေဒင်ပင်လယ်ကွေ့၌ ဟူသီ လက်နက်ကိုင်များက သင်္ဘောလမ်းကြောင်း များကို အဆက်မပြတ် တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေ သည်။ ယင်းတိုက်ခိုက်မှုများသည် ကမ္ဘာလုံး ဆိုင်ရာ လောင်စာဆီထောက်ပံ့ရေးလမ်းကြောင်းများကို ထိခိုက်လာသည့်အတွက် အခြားကမ္ဘာ့ နိုင်ငံ များကိုပါ ခြိမ်းခြောက်လာခဲ့သည်။ ထို့ကြောင့် အမေရိကန်၊ ရုရှားနှင့် ဥရောပနိုင်ငံများကပါ ၎င်းတို့၏ အကျိုးအမြတ်များကို ထိခိုက်လာစေသည့် ဟူသီတို့၏ တိုက်ခိုက်မှုများကို  စစ်ရေးအရ တုံ့ပြန်ကြခြင်း ဖြင့် ဒေသတွင်းပဋိပက္ခများတွင် ပါဝင်ပတ်သက်လာခဲ့သည်။

အဆိုပါအခြေအနေတွင် အနောက်နိုင်ငံများသည် အစ္စရေးကို ထောက်ပံ့ပေးခြင်းဖြင့် စစ်လက် နက်များကို ပံ့ပိုးပေးလျက်ရှိသောကြောင့် ဒေသတွင်း ပဋိပက္ခကို ပိုမိုရှည်လျားလာစေသလို တင်းမာမှု များကိုလည်း ပိုမိုပြင်းထန်လာစေသည်။

ပဋိပက္ခအရှိန်ကို ထိန်းသိမ်းထားနိုင်ခြင်း

ပါဝင်ပတ်သက်သည့် နိုင်ငံများအကြား ရန်လိုမှုများကို ရပ်တန့်နိုင်မည်ဆိုပါက အရှေ့အလယ် ပိုင်းရှိ လုံခြုံရေးအခြေအနေသည် ထိပ်တိုက်တွေ့ဆုံစစ်ပွဲ များကိုရှောင်ရှား၍ ပဋိပက္ခကို အရှိန်လျှော့ချ နိုင်မည့် အနေအထားဖြစ်သည်။ ထိုသို့သော အခြေအနေတွင် ဂါဇာရှိ စစ်ပွဲသည် နိုင်ငံတကာ ဖျန်ဖြေသူ များ၏ ကြားဝင်စေ့စပ်နိုင်မှုကြောင့်ဖြစ်စေ၊ စစ်ပန်းမှုကြောင့် ဖြစ်စေ ပြီးဆုံးသွားနိုင်သည်။ သို့သော် အပစ်အခတ် များ ရပ်စဲနေချိန်တွင်ပင် အစ္စရေးသည် အီရန် လက် ဝေခံများကို တိုက်ခိုက်ရန် ပစ်မှတ် ထားသည့် စစ်ဆင် ရေးများကို ဆက်လက်လုပ်ဆောင်ဖွယ်ရှိနေသည်။ ထို့ကြောင့် အစ္စရေးသည် တိကျ သော တိုက်ခိုက်ရေး ဗျူဟာကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်သည်။ ဤချဉ်းကပ်မှုပုံစံသည် ကြီးမား သောပဋိပက္ခကို လျှော့ချပေးသော်လည်း တင်းမာမှုများမှာမူ ဆက် လက်မြင့်မားနေဦးမည်ဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲ ရေးရရှိနိုင်ရန်အတွက် ကုလသမဂ္ဂ၊ အီးယူနှင့် ရုရှားတို့ ကဲ့သို့သော ဒေသတွင်းနှင့် နိုင်ငံတကာမှ အင်အားစုများက အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသော် လည်း တင်းမာမှုများမှာ မဖြေရှင်းနိုင်သေးဘဲ ဒေသတွင်း ထိပ်တိုက်ရင်ဆိုင်မှု အခြေအနေသို့ ပြန်သွား နိုင်သည့် အနေအထားဖြစ်နေသည်။ ထိုအခြေအနေတွင် အသင့်လျော်ဆုံးရွေးချယ်မှုမှာ ဒေသတွင်း လုံခြုံရေး ကို အာမခံချက်ပေးနိုင်မည့် နှစ်နိုင်ငံအဖြေရှာခြင်း လမ်းကြောင်းကိုသာ ဆက်သွားသင့်သည်။

ဤအခြေအနေသည် ယာယီအပစ်အခတ်ရပ်စဲ ရေးကို ထိန်းချုပ်ထားနိုင်မည်ဖြစ်သော်လည်း ပဋိပက္ခ ကို လုံးလုံးလျားလျားပြီးဆုံးအောင် ဆောင်ရွက်နိုင် မည်တော့ မဟုတ်ပါ။ အထူးသဖြင့် လက်ဘနွန်၊ ဆီးရီးယားနှင့် အီရတ်တို့တွင် ပဋိပက္ခဖြစ်ပွားနိုင် ခြေများ ဆက်လက် မြင့်မားနေမည်ဖြစ် သကဲ့သို့ အီရန် ကလည်း ၎င်း၏ လက်ဝေခံလက်နက်ကိုင်များကို ဆက်လက်ထောက်ပံ့နေဦးမည် ဖြစ်သည်။ သို့ဖြစ်ပါ ၍ ဒေသတွင်း ပါဝါဒိုင်းနမစ်ရှုထောင့်မှ သုံးသပ်ကြည့် လျှင် အီရန်-အစ္စရေး အားပြိုင်မှုသည် ဤအခြေအနေတွင် ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည်။

ဒေသတွင်း မဟာမိတ်များထူထောင်ခြင်း

တတိယအခြေအနေတွင်မူ ဒေသတွင်း၌ အစ္စ ရေးကိုဆန့်ကျင်သည့် မဟာမိတ်များ ပေါ်ပေါက် လာ ခြင်းဖြစ်သည်။ ၎င်းမဟာမိတ်တွင် အီဂျစ်၊ အီရန်၊ ဆော်ဒီအာရေဗျတို့ ပါဝင်လာမည်ဖြစ်ပြီး အခြား သော ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် ရုရှားနှင့် တရုတ်တို့က ကျောထောက်နောက်ခံပြုလာနိုင်ပါ သည်။ တူကီယဲသည်လည်း ၎င်းမဟာမိတ်အဖွဲ့ဝင် ဖြစ်လာနိုင်သော်လည်း ဦးဆောင်အခန်းကဏ္ဍထက် ပံ့ပိုးပေးသည့် ကဏ္ဍကနေ ပါဝင်လာနိုင်သည်။ တူကီ ယဲ၏ ပါဝင်ပတ်သက်မှုသည် ၎င်း၏ ပထဝီဝင် အနေအထားကြောင့် အရေးပါနေသည်။ အီရန်မှာမူ အစ္စရေးကို နှစ်ရှည်လများ ဆန့်ကျင်မှုနှင့် ဒေသတွင်း ရှိ လက်နက်ကိုင်အဖွဲ့များအပေါ် ၎င်း၏ ဩဇာလွှမ်း မိုးမှုများကြောင့် အဓိကကျသော ကစားသမားအဖြစ် ပါဝင်ပတ်သက်နေမည်ဖြစ်သည်။ ရုရှားနှင့် တရုတ် နိုင်ငံတို့ကပံ့ပိုးပေးသော ဤမဟာမိတ်ဖွဲ့စည်းမှုသည် ဒေသတွင်းနှင့် ကမ္ဘာ့ပါဝါဒိုင်းနမစ်နှစ်ခုစလုံးတွင် သိသာထင်ရှားသောအပြောင်းအလဲကို ကိုယ်စားပြု နေသည်။ ထို့ကြောင့် အစ္စရေးအနေဖြင့် ၎င်းမဟာ မိတ်ကို တန်ပြန်ရန် အမေရိကန်နှင့် ဥရောပမိတ်ဖက် များကို ခိုင်မာအောင် ကြိုးပမ်းရမည်ဖြစ်သည်။ ပါလက်စတိုင်းကိစ္စအပေါ် ဒေသတွင်း မဟာမိတ်အဖွဲ့၏ စည်းလုံးညီညွတ်သောရပ်တည်ချက်ကြောင့် အစ္စရေး အပေါ် နိုင်ငံတကာ၏အာရုံစိုက်မှုနှင့် ဖိအားများ ပိုမို တိုးပွားလာစေသည်။ 

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုသည် ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းလိုသည်ဟုဆို သော်လည်း အစ္စရေး၏ အကြမ်းဖက်လုပ်ရပ်များကို တွန်းအားပေးနေသည့် စစ်လက်နက် ခဲယမ်း ထောက်ပံ့မှုများကြောင့် ပဋိပက္ခက မရှည်ကြာသင့်ဘဲ ရှည် ကြာနေသည်။ အမေရိကန် ရွေးကောက် ပွဲဘက်ကို ကြည့်မည်ဆိုလျှင်လည်း ဖြစ်လာနိုင်သည့် သမ္မတ အားလုံးမှာ အစ္စရေးကို အပြင်းအထန် ဆန့်ကျင်မည့် သူရှိမည်မဟုတ်ပါ။ ပါတီကြီးနှစ်ခုစလုံးက ရွေး ကောက်ပွဲတွင် အစ္စရေးလုပ်ငန်းရှင်များ၏ အထောက် အပံ့ကိုရရှိကာ ရွေးကောက်ပွဲအသာစီးရရှိနိုင်မည့် အခြေအနေများကြောင့် မည်သို့ပင်ဆို စေကာမူ အစ္စရေးကို ကျောထောက်နောက်ခံပြုရန်သာ ကြိုးပမ်းနေကြသည်။ ဒီမိုကရက်ပါတီဝင် အများစုက အစ္စရေး ၏မူဝါဒများကို ဆန့်ကျင်မှုများရှိနေသော်လည်း သမ္မတလောင်း ကမ်မလာဟားရစ် ကမူ အစ္စရေး ထောက်ခံရေးထုတ်ပြန်ချက်များကို ဆက်လက်ဖော် ပြနေသည်။ အခြားတစ်ဖက်တွင် လည်း သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ၎င်း၏ ပထမသက်တမ်းတွင် အစ္စရေးကိုထောက်ခံကြောင်း ပြသခဲ့သလို ဒုတိယသက်တမ်းတွင်လည်း ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့ကြောင့် အနာဂတ်တွင်လည်း အစ္စရေးကို ဆက်လက်ထောက်ပံ့၍ အကာကွယ်ပြုသွားမည့် အမေရိကန်၏ မူဝါဒမှာ အပြောင်းအလဲရှိမည် မဟုတ်ပါ။

သို့ဖြစ်ပါ၍ အရှေ့အလယ်ပိုင်းဒေသ၏ လက်ရှိ အနေအထားနှင့်လားရာသည် နာတာရှည် ပဋိပက္ခနှင့် မတည်ငြိမ်မှုများဆီသို့ ဦးတည်နေကြောင်း ညွှန်ပြနေသည်။ ယင်းအနေအထားကို ကျော်လွှားနိုင်ဖို့ဆိုလျှင် ဒေသတွင်းနိုင်ငံများအားလုံး၏ စိုးရိမ်မှုများကို ဖြေရှင်းပေးနိုင်မည့် လုံခြုံရေးမူဘောင်အသစ်တစ်ခု အရေးတကြီးလိုအပ်နေပါကြောင်း ရေးသားလိုက်ရသည်။



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဉာဏ်ရည်မြင့်နိုင်ငံ့ခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် “အသုံးမပြုကြခြင်း” အကြောင်းအရင်းများ

RELATED POSTS
RECENT POSTS
ဝမ်(၂၂၅)သန်းလှူဒါန်းပြီး ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU
27 Sep 2024
ကမ္ဘောဒီးယား၌ တည်ဆောက်ပေးလျက်ရှိသည့် ရေတပ်အခြေစိုက်စခန်းကို တရုတ်တို့ အသုံးပြုဖွယ်ရှိ
27 Sep 2024
ဖာရိုဘုရင်တွေ နားခိုလဲလျောင်းရာ ပိရမစ်ကြီးတွေရှိတဲ့ ဂီဇာမြို့အကြောင်း
27 Sep 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်များ
27 Sep 2024
ဉာဏ်ရည်မြင့်နိုင်ငံ့ခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် “အသုံးမပြုကြခြင်း” အကြောင်းအရင်းများ
27 Sep 2024
နာတာရှည်ပဋိပက္ခများနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အနာဂတ်လားရာ (ဘာသာပြန်ဆောင်းပါး)
27 Sep 2024
၂၀၂၄ ခုနှစ်ရဲ့ Seoul International Drama Awards အတွက် ဆုရှိသူများ ပေါ်ထွက်လာ
27 Sep 2024
ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း
27 Sep 2024
တောင်ကိုရီးယားဒရာမာ "Pure Love" ထဲက မင်းသမီး ဆုန်ဒန်ဘီ သားဦးကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း ကြေညာ
27 Sep 2024
ပဲခူးတိုင်းမှရေဘေးသင့်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး ပြန်လည် ထူထောင်နိုင်ရန် တိုင်းအစိုးရက ဆောင်ရွက်နေ
26 Sep 2024
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
26 Sep 2024
‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
26 Sep 2024
လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို
26 Sep 2024
အယုဒ္ဓယပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိဟု ထိုင်းအစိုးရပြော
26 Sep 2024
ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ
26 Sep 2024
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု
26 Sep 2024
BVLGARI အမှတ်တံဆိပ်ရဲ့ ပထမဆုံးကိုရီးယား သံတမန်ဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်ဂျီဝန်း
26 Sep 2024
အင်းလေးဒေသရေကြီးမှု (၁ဝ)ရက်ကျော်ကြာမြင့်လာသော်လည်း (၃)ပေခန့်သာ ကျဆင်းလာ
26 Sep 2024
တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဂျပန်ရေတပ်က ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ကင်းလှည့်မှုတွေပြုလုပ်
26 Sep 2024
မျက်လုံးကို အဝတ်စဖြင့်စည်းကာ ဘတ်စကတ်ဘောလုံးကို(၆၅)ပေအကွာမှသွင်းယူပြပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ တူရကီအမျိုးသား
26 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved