Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဖာရိုဘုရင်တွေ နားခိုလဲလျောင်းရာ ပိရမစ်ကြီးတွေရှိတဲ့ ဂီဇာမြို့အကြောင်း

ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၇

ဂီဇာမြို့သည် အီဂျစ်နိုင်ငံတွင် ကိုင်ရိုမြို့နှင့် Alexandria မြို့တို့ပြီးလျှင် ဧရိယာအကျယ်အဝန်းအရ တတိယမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ပိရမစ်ကြီးများ၊ ရှေးဟောင်းအီဂျစ်တော်ဝင်ရုပ် အလောင်းများအပြင် ဘုရားကျောင်းများစွာကြောင့် နာမည်ကျော်ကြားသည်။ ထို့ပြင် ဂီဇာမြို့သည် ကင်ရှာဆာ၊ လာဂို့စ်နှင့်ကိုင်ရိုမြို့တို့ပြီးလျှင် လူဦး ရေအရ အာဖရိကတိုက်တွင် စတုတ္တမြောက်အကြီး ဆုံးမြို့တစ်မြို့လည်းဖြစ်သည်။ ဂီဇာမြို့တွင် လူဦး ရေ (၉ ဒသမ ၂)သန်းကျော်နေထိုင်ပြီး ကိုင်ရိုမြို့ အနီး နိုင်းမြစ်အနောက်ဘက်ကမ်းတွင်တည်ရှိကာ မြို့ပြဧရိယာ Greater Cairo ၏ တစ်စိတ်တစ် ပိုင်းလည်း ဖြစ်သည်။  အကြမ်းဖျင်းအားဖြင့် ဘီစီ (၃၁၀ဝ)ခန့်တွင် ဖာရိုဘုရင်နာမာ အုပ်ချုပ်စဉ်အချိန်အတွင်း ပေါင်းစည်းထားသော အီဂျစ်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည့် မန်းဖစ်စ်မြို့၏ မြောက်ဘက် (၃၀)ကီလိုမီတာ အကွာတွင်တည်ရှိကြောင်းလည်း သိရသည်။ ဂီဇာမြို့သည် ကမ္ဘာပေါ်တွင် အထင် ကြီးစရာအကောင်းဆုံး ရှေးဟောင်းအထိမ်းအမှတ် အချို့၏နေရာဖြစ်သော ဂီဇာကုန်းပြင်မြင့်၏တည် နေရာအဖြစ် နာမည်ကျော် ကြားကြောင်းလည်း သိရသည်။ ထို့ပြင် ရှေးဟောင်းအီဂျစ်တော်ဝင်ရုပ် အလောင်းများနှင့် အထွတ် အမြတ်ထားရာ အဆောက်အုံများဖြစ်သည့်  Great Sphinx ရုပ်တု၊ ပိရမစ်ကြီးများနှင့် ဘုရား ကျောင်း များအပါအဝင် အထင်ကြီးစရာအကောင်းဆုံး ရှေးဟောင်း အထိမ်းအမှတ် နေရာအများအပြားရှိကြောင်း လည်းသိရသည်။ ဂီဇာမြို့သည် ရှေးဟောင်း အီဂျစ်နိုင်ငံ၏မြို့တော်ဖြစ်ခဲ့သည့် မန်းဖစ်စ်နှင့် နီးကပ်သော ကြောင့် ၎င်း၏တည်နေရာသည် အီဂျစ်သမိုင်းတွင် အရေးပါသည့်အချက်အချာ နေရာတစ်ခုဖြစ်ကြောင်း လည်းသိရသည်။

ပထဝီဝင်အနေအထားနှင့် သမိုင်းကြောင်း

ဂီဇာမြို့၏ အကျော်ကြားဆုံးမြေပြင်ပုံစံနှင့် ရှေးဟောင်းသုတေသနနေရာတစ်ခုဖြစ်သော ဂီဇာ ကုန်းပြင်မြင့်သည် အီဂျစ်သမိုင်း၏ အထင်ကရအဆောက်အအုံအချို့တည်ရှိသည့်နေရာတစ်ခုဖြစ်ပြီး နာမည်ကျော်ကြားသည့် Great Sphinx  ရုပ်တု၏နေအိမ်လည်းဖြစ်သည်။ ထို့ပြင် ဂီဇာကုန်း ပြင်မြင့် တွင်ရှိသော  Great Pyramid of Giza ပိရမစ်သည် အခြေခံလောင်ဂျီတွဒ်မျဉ်းကို ဆုံးဖြတ် ရာတွင် ကိုးကားသောအချက်တစ်ခုဖြစ်သည့် Prime Meridian ၏တည်နေရာအဖြစ် အသုံးပြုခဲ့ပုံပေါ် ကြောင်းလည်း သိရသည်။ ဘီစီဒုတိယ ထောင်စုနှစ်အတွင်း ယခင်ကဂီဇာမြို့သည် ရှေးဟောင်းအီဂျစ်ကို အုပ်ချုပ်ခဲ့သော ဖာရိုဘုရင် အများအပြား၏ ရှေးသင်္ချိုင်းကြီးအဖြစ် တည်ရှိခဲ့ကြောင်းသိရသည်။ လက်ရှိ အချိန်တွင် ကြီးမာသည့် ပိရမစ်ပုံစံရှိသော အဆိုပါသင်္ချိုင်းကြီးသုံးခုသည် ကမ္ဘာလှည့်ခရီးသွား အများ အပြားလာ ရောက်နေသော ထင်ရှားကျော်ကြားသည့်နေရာများအဖြစ် ဆက်လက်ကျန်ရှိနေခဲ့ကြောင်း သိရသည်။ အဆိုပါပိရမစ်ကြီးများကို မည်ကဲ့သို့တည်ဆောက် ထားသည်ဆိုသောအချက်သည် လူအများ အပြားကြားတွင် ငြင်းခုံစရာကိစ္စတစ်ခုအဖြစ် ဆက်လက်ရှိနေပြီး သိပ္ပံပညာရှင်များကလည်း ယနေ့ အချိန်အထိ အဖြေထုတ်နိုင်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။ ထို့ပြင် ယင်းပိရမစ်ကြီးများကို ဂြိုဟ်သားများ၏အကူအညီဖြင့် တည်ဆောက်ထားသည်ဟု ပြောဆိုမှုများလည်း ရှိနေသလို သိပ္ပံနည်းကျ နည်းလမ်းများဖြင့်တွေးခေါ်ကာ အဖြေထုတ်မှုအမျိုးမျိုးလည်းရှိနေကြောင်း သိရသည်။

အခြေခံအဆောက်အအုံ

ဂီဇာမြို့သည် အချိန်နှင့်အမျှ အပြောင်းအလဲများ စွာရှိခဲ့သည့် မြို့တစ်မြို့ဖြစ်ကြောင်းလည်း သိရသည်။ (၁၈)ရာစုနှင့်(၂၀)ရာစုအစောပိုင်းတွင် ဗြိတိသျှ အပါအဝင် အမျိုးမျိုးသော အုပ်ချုပ်သူများ သည် ၎င်းတို့ အုပ်စိုးသိမ်းပိုက်ထားချိန်ကာလအတွင်း လမ်းများနှင့် အဆောက်အအုံများ တည်ဆောက်မှု အပေါ် အာရုံစိုက်ခဲ့ခြင်းကြောင့် အခြေခံအဆောက်အအုံများတွင် အပြောင်းအလဲများစွာရှိခဲ့ကြောင်း သိရသည်။ ဂီဇာမြို့ သည် အီဂျစ်ယဉ်ကျေးမှုထွန်းကားသော အချက်အချာနေရာတစ်ခုဖြစ်ပြီး လက်ရှိ ဧရိယာအကျယ်အဝန်းတွင် အဆောက်အအုံများစွာနှင့်အတူ လူဦးရေသိပ်သည်းသော မြို့တစ်မြို့ လည်းဖြစ်သည်။ အထူးသဖြင့် ဂီဇာမြို့သည် ဂီဇာကုန်းပြင်မြင့်တွင်တွေ့ရှိခဲ့သော ရှေးဟောင်းအီဂျစ် အထိမ်းအမှတ် အဆောက်အအုံများစွာနှင့်အတူ ဆွဲဆောင်မှုနေရာ အများအပြားရှိ သည့်နေရာတစ်ခုဖြစ် ပြီး နှစ်စဉ်ထောင်နှင့်ချီသော ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။ ဂီဇာမြို့၏ ခရီးသွားလုပ်ငန်းတွင် အရေးပါမှုကြောင့် အခြေခံအဆောက်အအုံများသည် လက်ရှိအီဂျစ်အစိုးရအပြင် (၁၉၅၂) ခုနှစ် အာဏာသိမ်းမှု မတိုင်မီ ဗြိတိသျှအစိုးရတို့ထံမှ အာရုံစူးစိုက်မှုများစွာ ခံခဲ့ရကြောင်းလည်း သိရသည်။ ထို့ပြင် ဂီဇာမြို့ ၏ St. George Cathedral ဘုရားကျောင်းသည် Coptic Catholic ဘာသာ ဝင်များ၏ ခရစ်ယာန်ဘုရားကျောင်း လည်းဖြစ်သည်။ ဂီဇာမြို့သည် အာဖရိကတိုက်တစ်ခုလုံး၏ ပထမဆုံးတိရစ္ဆာန်ရုံနှင့် မြေထဲပင်လယ်ဒေသတွင် ရှေးအကျဆုံး တိရစ္ဆာန်ရုံများထဲမှ တစ်ခုဖြစ်သည့် ဂီဇာတိရစ္ဆာန်ရုံ တည်ရှိသည့်နေရာလည်းဖြစ်သည်။ နောက်ထပ်အနေဖြင့် ဂီဇာတွင် ပန်းခြံအများအပြား ရှိ ပြီး ၎င်းတို့အနက် အကျော်ကြားဆုံးမှာ တူရကီဘာသာဖြင့် သစ်တောပန်းခြံဟုအဓိပ္ပာယ်ရသော အော်မန် ပန်းခြံဖြစ်ကြောင်းလည်းသိရသည်။ 

သယ်ယူပို့ဆောင်ရေးနှင့်စီးပွားရေးလုပ်ငန်း

ဂီဇာမြို့ရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် ကျယ်ပြန့်သောလမ်းစနစ်၊ မီးရထားလမ်းစနစ်၊ မြေ အောက်ရထားစနစ်နှင့် ရေကြောင်းဝန်ဆောင်မှုများ ပါဝင်သည်။ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကို ကိုယ်ပိုင်ယာဉ်များ၊ အငှားယာဉ်များ၊ ဘတ်စကားများ နှင့် မိုက်ခရိုဘတ်စကားများဖြင့် ပံ့ပိုးပေးထား ကြောင်း လည်းသိရသည်။ ဂီဇာမြို့သည် ကိုင်ရိုမြို့နှင့် မြေအောက်မီးရထားလမ်းစနစ်တစ်ခုကို မျှဝေထား ပြီး လျင်လျင်မြန်မြန်ဖြင့်သွားလာနိုင်သော လမ်းကြောင်းတစ်ခုလည်းဖြစ်သည်။ ထို့ပြင် ကျယ်ပြန့်သော လမ်းကွန်ရက်သည် ဂီဇာမြို့ကို ကိုင်ရိုမြို့နှင့်အခြားမြို့များဖြင့် ဆက်သွယ်ပေးထားကာ ဂီဇာရှိယာဉ် ကြောသည် ယာဉ်အသွားအလာများပြားကြောင်းလည်းသိရသည်။ ဂီဇာ မြို့၏စီးပွားရေး လုပ်ငန်းကို ရုပ်ရှင်များ၊ ဓာတုပစ္စည်း များ၊ ဂီဇာချည်ထည်၊ စက်ယန္တရားများနှင့် စီးကရက် တို့အပါအဝင် စက်မှု လုပ်ငန်းတို့က ပံ့ပိုးပေးထားသည်။ နောက်ထပ်အနေဖြင့် ဂီဇာမြို့တွင် နိုင်းမြစ်တစ် လျှောက်တည် ဆောက်ထားသော ဇိမ်ခံတိုက်ခန်းအ ဆောက်အအုံများ အများအပြားရှိပြီး နေထိုင်ရန်အတွက် လူကြိုက်များသောနေရာတစ်ခုအဖြစ် ရပ် တည်လျက်ရှိကြောင်းသိရသည်။

နိုင်ငံတကာဝင်ရောက်ခွင့်

ဂီဇာမြို့သို့ဝင်ရောက်ခွင့်သည် ကိုင်ရိုအပြည် ပြည်ဆိုင်ရာလေဆိပ်ပေါ်တွင် မူတည်ကြောင်းသိရ သည်။ Imbaba လေဆိပ်ဟုခေါ်သော ဒေသတွင်း အခြားလေဆိပ်တစ်ခုသည် ဂီဇာမြို့တွင်ရှိခဲ့သော် လည်း မကြာသေးမီက အီဂျစ်အစိုးရသည် အဆိုပါ ဧရိယာကိုပိတ်ပစ်ကာ ယဉ်ကျေးမှု သို့မဟုတ် အား ကစားနယ်မြေတစ်ခုအဖြစ် ပြောင်းလဲရန်ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း အီဂျစ်အာဏာ ပိုင် များသည် လူစည်ကားသော ကိုင်ရိုအပြည်ပြည် ဆိုင်ရာလေဆိပ်အပြင် အခြားရွေးချယ်စရာလေဆိပ် တစ်ခုအဖြစ် Sphinx အပြည် ပြည်ဆိုင်ရာလေဆိပ်ကို (၂၀၁၈)ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ပညာရေး

ဂီဇာမြို့ရှိ သင်ကြားရေးအဖွဲ့အစည်းများတွင် (၁၉၂၄)ခုနှစ်တွင် ဂီဇာသို့ပြောင်းရွှေ့ခဲ့သော ကိုင်ရို တက္ကသိုလ်လည်းပါဝင်သည်။ ဂီဇာမြို့သည် အီဂျစ် သာမက မြေထဲပင်လယ်ဒေသတစ်ခုလုံးအတွက် ပညာရေးနှင့်ပညာရေးဆိုင်ရာဝန်ဆောင်မှုများ၏ အဓိကအချက်အချာနေရာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ဂီဇာမြို့တွင် ကျောင်းများ၊ သူ ငယ်တန်းကျောင်းများနှင့် အဆင့်မြင့်သင်ကြားရေး အဖွဲ့အစည်းများစွာရှိကြောင်းလည်းသိရသည်။ ဂျပန် အပြည်ပြည်ဆိုင်ရာကျောင်းတစ်ခုဖြစ်သော ကိုင်ရို ဂျပန်ကျောင်းသည် ဂါဇာမြို့တွင်တည်ရှိပြီး ဂျာမနီအပြည်ပြည်ဆိုင်ရာကျောင်းတစ်ခုဖြစ်သော  Deutsche Evangelische Oberschule ကျောင်း သည် ဒေါ့ကီခရိုင်တွင် တည်ရှိကြောင်းသိရသည်။

အားကစား

ဂီဇာမြို့သည် အီဂျစ်နိုင်ငံနှင့် အာဖရိကတိုက်တွင် ဒုတိယအအောင်မြင်ဆုံး ဘောလုံးအသင်းဖြစ် ကာ Meet Okba ရပ်ကွက်တွင်အခြေစိုက်သည့် El Zamalek ဘောလုံးအသင်းရှိသော မြို့တစ် မြို့လည်း ဖြစ်သည်။ El Zamalek ဘောလုံးအသင်း အပြင် အီဂျစ်ရှိထိပ်တန်းအသင်းများထဲမှ တစ် သင်းဖြစ်သော El Tersana ဘောလုံးအသင်းသည်လည်း ဂီဇာမြို့တွင်အခြေစိုက်ကြောင်းသိရသည်။  



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကမ္ဘောဒီးယား၌ တည်ဆောက်ပေးလျက်ရှိသည့် ရေတပ်အခြေစိုက်စခန်းကို တရုတ်တို့ အသုံးပြုဖွယ်ရှိ

RELATED POSTS
RECENT POSTS
ဝမ်(၂၂၅)သန်းလှူဒါန်းပြီး ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU
27 Sep 2024
ကမ္ဘောဒီးယား၌ တည်ဆောက်ပေးလျက်ရှိသည့် ရေတပ်အခြေစိုက်စခန်းကို တရုတ်တို့ အသုံးပြုဖွယ်ရှိ
27 Sep 2024
ဖာရိုဘုရင်တွေ နားခိုလဲလျောင်းရာ ပိရမစ်ကြီးတွေရှိတဲ့ ဂီဇာမြို့အကြောင်း
27 Sep 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်များ
27 Sep 2024
ဉာဏ်ရည်မြင့်နိုင်ငံ့ခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် “အသုံးမပြုကြခြင်း” အကြောင်းအရင်းများ
27 Sep 2024
နာတာရှည်ပဋိပက္ခများနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အနာဂတ်လားရာ (ဘာသာပြန်ဆောင်းပါး)
27 Sep 2024
၂၀၂၄ ခုနှစ်ရဲ့ Seoul International Drama Awards အတွက် ဆုရှိသူများ ပေါ်ထွက်လာ
27 Sep 2024
ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း
27 Sep 2024
တောင်ကိုရီးယားဒရာမာ "Pure Love" ထဲက မင်းသမီး ဆုန်ဒန်ဘီ သားဦးကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း ကြေညာ
27 Sep 2024
ပဲခူးတိုင်းမှရေဘေးသင့်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး ပြန်လည် ထူထောင်နိုင်ရန် တိုင်းအစိုးရက ဆောင်ရွက်နေ
26 Sep 2024
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
26 Sep 2024
‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
26 Sep 2024
လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို
26 Sep 2024
အယုဒ္ဓယပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိဟု ထိုင်းအစိုးရပြော
26 Sep 2024
ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ
26 Sep 2024
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု
26 Sep 2024
BVLGARI အမှတ်တံဆိပ်ရဲ့ ပထမဆုံးကိုရီးယား သံတမန်ဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်ဂျီဝန်း
26 Sep 2024
အင်းလေးဒေသရေကြီးမှု (၁ဝ)ရက်ကျော်ကြာမြင့်လာသော်လည်း (၃)ပေခန့်သာ ကျဆင်းလာ
26 Sep 2024
တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဂျပန်ရေတပ်က ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ကင်းလှည့်မှုတွေပြုလုပ်
26 Sep 2024
မျက်လုံးကို အဝတ်စဖြင့်စည်းကာ ဘတ်စကတ်ဘောလုံးကို(၆၅)ပေအကွာမှသွင်းယူပြပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ တူရကီအမျိုးသား
26 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved