အမေရိကန် နဲ့ တရုတ်နိုင်ငံတို့ စစ်ပွဲဖြစ်လာမယ်ဆိုရင် ကမ္ဘာ့စုစုပေါင်း ဂျီဒီပီရဲ့ ၁ဝ ရာခိုင်နှုန်းကျော် လျော့နည်း ကျဆင်းဖွယ်ရှိနေ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁ဝ
အမေရိကန် နဲ့ တရုတ်နိုင်ငံကြားစစ်ရေးအရ ထိပ်တိုပ်တွေ့ဆုံမယ်ဆိုရင် ကမ္ဘာစုစုပေါင်းဂျီဒီပီ တန်ဖိုးဟာ ၁ဝ ဒသမ ၂ ရာခိုင်နှုန်း ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၁ဝ ထရီလီယံအထိ လျော့နည်းကျဆင်းသွားဖွယ်ရှိနေကြောင်း၊ Bloomberg သတင်းဌာနက ဖော်ပြထားပါတယ်။
သက်ဆိုင်ရာအဖွဲ့စည်းတွေအနေနဲ့ လက်ရှိအချိန်မှာ ပဋိပက္ခတွေကိုရှောင်ရှားဖို့ လိုအပ်ကြောင်း အဆိုပါ သတင်းဌာနက တိုက်တွန်းထားပါတယ်။
ထိုင်ဝမ်အရေးအပြင် တောင်တရုတ်ပင်လယ်အရေးတို့နဲ့ပတ်သက်ပြီး အမေရိကန် နဲ့ တရုတ်နိုင်ငံကြား တင်းမာမှု အရှိန်မြင့်တက်နေကြောင်း သိရပါတယ်။ ထိုင်ဝမ်ဟာ အမေရိကန်နိုင်ငံနဲ့ လုံခြုံရေးဆိုင်ရာ မဟာမိတ်လုပ်ဆောင် ထားပြီး အမေရိကန်က ထိုင်ဝမ်ကျွန်းကို ကာကွယ်ပေးမယ်လို့ ကတိပြုထားပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ တရုတ်ပိုင်နက်နယ်မြေဖြစ်ပြီး တစ်ချိန်မှာ ပြန်လည်ပေါင်းစည်းနိုင်အောင် လုပ်ဆောင် ဖြစ်ကာ လိုအပ်ရင် အင်အားသုံးမယ်လို့ သတိပေးထားပါတယ်။ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းလို ခြင်းမရှိဘဲ ကိုယ်ပိုင်လွှတ်လပ်ရေးရယူဖို့ ကြိုးပမ်းနေရာ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုတွေ ရှိနေပါတယ်။
ထိုင်ဝမ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာစီးပွားရေးအတွက် အဓိကအရေးပါတဲ့ကျွန်းဖြစ်နေပြီး ကုန်စည်သင်္ဘောတွေ သွားလာတဲ့ အဓိကရေလမ်းကြောင်းမှာ တည်ရှိနေသလို မိုလ်ဘိုင်းဖုန်း၊လက်တော့၊ လေဆာဒီဂရီ နဲ့ ကားတွေ ထုတ်ုလပ်ရာမှာ အဓိက အသုံးပြုရတဲ့ semiconductors ကို အဓိကထုတ်လုပ်နေပါတယ်။
တရုတ်သမ္မတဟာ ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းဖို့ ကြိုးပမ်းသွားမယ်လို့ မကြာသေးမီက ထပ်မံပြောဆိုခဲ့ပြီး ထိုင်ဝမ်ကလည်း ၎င်းတို့ ဒီမိုကရေစီနဲ့ဖြစ်တည်မှုကို လေးစားမှုမရှိဘူးဆိုရင် တရုတ်နိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရသူအရေအတွက် တိုးလာနေပြီး ပြည်သူတွေရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှု များပြားလာနေ
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ