Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကန့်ဘလူမြို့နယ်ရှိ လျှပ်စစ်ဝန်ထမ်း (၁၆)ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်

Pearl (NSS) - ဇန်နဝါရီ ၇

ကန့်ဘလူမြို့နယ်ရှိ လျှပ်စစ်ဝန်ထမ်း(၁၆)ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


ပြီးခဲ့သော ဇန်နဝါရီလ (၅)ရက်၊ ညနေပိုင်းတွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်နှင့်ရေအားလျှပ်စစ်စက်ရုံရှိ ထရန်စဖော်မာများကို PDF အဖွဲ့က  မိုင်းထောင်ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

ထိုသို့ မိုင်းထောင်ဖောက်ခွဲခံရသည့် ထရန်စဖော်မာများကို ပြန်လည်ပြုပြင်ရေးအတွက် ကန့်ဘလူမြို့နယ်ရှိ လျှပ်စစ်ဝန်ထမ်း (၁၆)ဦးသည် ယမန်နေ့ (ဇန်နဝါရီလ ၆ ရက်)တွင်  သဖန်းဆိပ်ဆည်ဘက်သို့ သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ 

"ဖြစ်စဉ်မှန်ပါတယ်။ သဖန်းဆိပ်ဆည်၊ ဆင်စွယ်ရွာနားမှာ ဖမ်းခံလိုက်ရတာ။ အဲဒီဘက်မှာသွားပြီး မီးပြင်တာ။ မနေ့က လျှပ်စစ်ဝန်ထမ်း (၁၆)ယောက် ဖမ်းခံလိုက်ရတယ်။ လုံခြုံရေးမပါလို့နေမှာပေါ့။ ခုထိ ဘာမှအဆက်အသွယ် မရသေးဘူး"ဟု ဒေသခံတစ်ဦးက NSS  ကို ပြောသည်။

ယင်းကဲ့သို့ လျှပ်စစ်ဝန်ထမ်းများ ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ် ပြတ်တောက်နေသည့်အတွက် ၎င်းတို့၏ မိသားစုဝင်များအနေဖြင့် စိုးရိမ်ပူပန်နေလျက်ရှိကြောင်း သိရသည်။ 

လက်ရှိတွင် သဖန်းဆိပ်ရေအားလျှပ်စစ်ကို အသုံးပြုနေကြသည့် မြို့ နှင့် ကျေးရွာများတွင် ဓာတ်အားပြတ်တောက်လျက်ရှိပြီး ဒေသခံများလည်း  အခက်အခဲများ ဖြစ်ပေါ်နေလျက်ရှိကြောင်းသိရသည်။

ကန့်ဘလူမြို့ခံတစ်ဦးကလည်း "မီးပျက်နေတာတော့ (၃)ရက်လောက်ရှိပြီ။ သောကြာနေ့ ညနေ (၃)နာရီလောက်ကတည်းကပါ။ ကန့်ဘလူမြို့ပေါ်ရော။ မြို့နယ်တွေရော။ ကျေးရွာတွေရော မီးမလာဘူး။ မီးမလာတော့ ရေတင်တာတွေ တော်တော်ကို အခက်အခဲတွေဖြစ်နေကြတယ်။ ရေမရတော့ ဒုက္ခ ရောက်နေကြတာ။ တစ်နာရီကို (၈၀၀၀)၊ (၁၀၀၀၀) နဲ့ ရေအငှား လိုက်တင်ပေးနေတဲ့ စက်သမားတွေတော့ရှိတယ်" ဟု NSS ကို ပြောသည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင်လည်း ကယားပြည်နယ်အတွင်းရှိ လောပိတ-ရွှေမြို့မဟာဓာတ်အားလိုင်းမှ ပျက်စီးနေသည့် တာဝါတိုင်များ ကို သွားရောက်ပြုပြင်သော လျှပ်စစ်ဝန်ထမ်းစုစုပေါင်း ၂၆ ဦး နှင့် ပစ္စည်းများကို KNDF အဖွဲ့က ဖမ်းဆီးယူဆောင်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားဖူးသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပွင့်ဖြူမြို့နယ်၌ PDF အဖွဲ့ဝင်(၄)ဦး ဗုံးထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာတစ်ဦးပွဲချင်းပြီးသေဆုံး

RECENT POSTS
ရန်ကုန်တွင် ရက်ပိုင်းအတွင်း ရာအိမ်မှူးတစ်ဦး ထပ်မံပစ်ခတ်သတ်ဖြတ်ခံရ
27 Sep 2024
ဝမ်(၂၂၅)သန်းလှူဒါန်းပြီး ပွဲဦးထွက် နှစ်ပတ်လည်နေ့ကို ဖြတ်သန်းခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော်အဆိုတော် IU
27 Sep 2024
ကမ္ဘောဒီးယား၌ တည်ဆောက်ပေးလျက်ရှိသည့် ရေတပ်အခြေစိုက်စခန်းကို တရုတ်တို့ အသုံးပြုဖွယ်ရှိ
27 Sep 2024
ဖာရိုဘုရင်တွေ နားခိုလဲလျောင်းရာ ပိရမစ်ကြီးတွေရှိတဲ့ ဂီဇာမြို့အကြောင်း
27 Sep 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်များ
27 Sep 2024
ဉာဏ်ရည်မြင့်နိုင်ငံ့ခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် “အသုံးမပြုကြခြင်း” အကြောင်းအရင်းများ
27 Sep 2024
နာတာရှည်ပဋိပက္ခများနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အနာဂတ်လားရာ (ဘာသာပြန်ဆောင်းပါး)
27 Sep 2024
၂၀၂၄ ခုနှစ်ရဲ့ Seoul International Drama Awards အတွက် ဆုရှိသူများ ပေါ်ထွက်လာ
27 Sep 2024
ရှမ်းမြောက်(အရှေ့မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း
27 Sep 2024
တောင်ကိုရီးယားဒရာမာ "Pure Love" ထဲက မင်းသမီး ဆုန်ဒန်ဘီ သားဦးကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း ကြေညာ
27 Sep 2024
ပဲခူးတိုင်းမှရေဘေးသင့်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး ပြန်လည် ထူထောင်နိုင်ရန် တိုင်းအစိုးရက ဆောင်ရွက်နေ
26 Sep 2024
AA လက်အောက်ရောက် ရခိုင်မြို့တွေမှာ ဘာတွေဖြစ်နေလဲ
26 Sep 2024
‌သဘာဝဘေးနှင့် မြန်မာနိုင်ငံတော် (အင်တာဗျူး)
26 Sep 2024
လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးပစ္စည်းများ ပေးပို့ကူညီခြင်းကို မဟန့်တားရန် ဗြိတိန်သံအမတ်ကြီး တိုက်တွန်းတောင်းဆို
26 Sep 2024
အယုဒ္ဓယပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စီးနင်းချိန်တွင် မြန်မာနိုင်ငံသား (၂၇၂)ဦးကို ဖမ်းဆီးရမိဟု ထိုင်းအစိုးရပြော
26 Sep 2024
ကမ္ဘာ့ပထမဆုံး မော်တာစွမ်းအင်သုံး တောင်တက်ဘောင်းဘီ ထွက်ပေါ်လာ
26 Sep 2024
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများကို အပ်ကုန်စနစ်ဖြင့် ခွင့်ပြုပေးသင့်ကြောင်း အကြံပြု
26 Sep 2024
BVLGARI အမှတ်တံဆိပ်ရဲ့ ပထမဆုံးကိုရီးယား သံတမန်ဖြစ်လာခဲ့တဲ့ တောင်ကိုရီးယားနာမည်ကျော် ရုပ်ရှင်မင်းသမီး ကင်ဂျီဝန်း
26 Sep 2024
အင်းလေးဒေသရေကြီးမှု (၁ဝ)ရက်ကျော်ကြာမြင့်လာသော်လည်း (၃)ပေခန့်သာ ကျဆင်းလာ
26 Sep 2024
တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ ဂျပန်ရေတပ်က ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ကင်းလှည့်မှုတွေပြုလုပ်
26 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved