ပွင့်ဖြူမြို့နယ်၌ PDF အဖွဲ့ဝင်(၄)ဦး ဗုံးထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာတစ်ဦးပွဲချင်းပြီးသေဆုံး
NSS - ဇန်နဝါရီ ၇
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် PDF အဖွဲ့ဝင်(၄)ဦး ဗုံးထောင်နေစဉ် ပေါက် ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၅ ရက်၊ မွန်းလွဲ ၃နာရီအချိန်ခန့်တွင် ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကျေးရွာရှိ လယ်ယာခင်းအနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လက်လုပ်ဗုံးများသယ်ဆောင်လာသည့် PDF အဖွဲ့ဝင်(၄)ဦးသည် အထက်ပါနေရာ၌ ဗုံးထောင်ရန်လုပ်ဆောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် PDF အဖွဲ့ဝင်(၄)ဦးအနက် ဂွေ့ရွာတွင်နေထိုင်သည့် အသက်(၄၀)နှစ်အရွယ် PDF အဖွဲ့ဝင်အမျိုးသားတစ်ဦးသည် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဦးဇင်မင်းထွန်း(၄၂)နှစ်တွင်လည်း ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ကျန်ရှိသော PDF အဖွဲ့ဝင်(၂)ဦးသည် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
“သူတို့ (၄)ယောက်ဗုံးထောင်နေတုန်းမှာ ပေါက်ကွဲသွားတာ။ တစ်ယောက်တော့ နေရာမှာပဲဆုံးသွားတယ်။ တစ်ယောက်တော့ ဒဏ်ရာတွေနဲ့ ဖမ်းမိထားတယ်။ ကျန်တဲ့(၂)ယောက်ကတော့ ထွက်ပြေးလွတ်မြောက်နေတုန်းပဲ။ လုံခြုံရေးအဖွဲ့တွေက လိုက်ပြီး ရှာဖွေနေတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကိုပြောသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဖုန်း၊ ဘက်ထရီ နှင့် နာရီများအား တွေ့ရှိခဲ့ရကြောင်း သိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ၊ နယူးယောက်မှာ မိုးနဲ့ ဆီးနှင်းရောတဲ့ ဆောင်းရာသီမုန်တိုင်းများ စတင်လာ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ