အမေရိကန်နိုင်ငံ၊ နယူးယောက်မှာ မိုးနဲ့ ဆီးနှင်းရောတဲ့ ဆောင်းရာသီမုန်တိုင်းများ စတင်လာ
ရောင်နီ (NSS) - ဇန်နဝါရီ ၇
အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာ တစ်နှစ်ကျော်အတွင်း ပထမဆုံး ဝင်လာတဲ့ အားပြင်းတဲ့ ဆောင်းရာသီမုန်တိုင်းကြောင့် ဇန်နဝါရီ ၆ ရက်ကက နယူးယောက်မြို့မှာ ဆီးနှင်းတွေ ထူထပ်စွာ ကျဆင်းခဲ့ပြီး လေယာဉ်ခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။
တစ်ညလုံး မိုးရွာခဲ့ပြီး မိုးမရွာခင်ကလည်း မြို့ထဲမှာ ဆီးနှင်း ၂.၅ စင်တီမီတာကနေ ၅ စင်တီမီတာလောက်ထိ ကျဆင်းခဲ့တယ်လို့ အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။
လာမယ့်ရက်တွေအတွင်း ဆီးနှင်းကျဆင်းမှု သိသိသာသာ တိုးလာမယ်လို့ ဆိုပါတယ်။ နယူးယောက်ပြည်နယ်ရဲ့ ၃ ပုံ ၂ ပုံမှ ၄ ပုံ ၃ ပုံထိဟာ ဆီးနှင်း ၈ လက်မ မှ ၁၂ လက်မထိ ကျဆင်းခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး ကေသီဟိုချောင်လ် က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မုန်တိုင်းကြောင့် ဖီလပ်တက်ဖီအာ နဲ့ နယူးယောက်မြို့တို့မှာ စံချိန်တင် နှင်းမိုး ကျနိုင်ဖွယ်ရှိတယ်လို့ အမေရိကန် မိုးလေဝသ ခန့်မှန်းရေးစင်တာမှ ခန့်မှန်းသူ အက်ရှ်တန်ရောဘင်ဆွန်ကွခ်က ပြောကြားခဲ့ပါတယ်။ မုန်တိုင်းကြောင့် ဖီလပ်တက်ဖီအာ မှာ ဆီးနှင်း ၂.၅ စင်တီမီတာ (သို့မဟုတ်) အဲဒီထက်ပိုတဲ့ အမြင့်ထိ ကျဆင်းနေပြီး "ဒီအဆင့်က ဒီနေ့အန္တရာယ်ရှိပါတယ်" လို့ မစ္စတာရောဘင်ဆန်ကွခ် က ပြောကြားခဲ့ပါတယ်။
မုန်တိုင်းကြောင့် အမေရိကန်အရှေ့မြောက်ဘက်ရှိ လေဆိပ်များ အဝင်အထွက်တွေကို ဇန်နဝါရီ ၇ ရက်အထိ တားမြစ်ထားပြီး ခရီးစဉ် အနည်းဆုံး ၃၃၂ ခုကို ဖျက်သိမ်းထားပြီးဖြစ်တယ်လို့ ခြေရာခံဝက်ဘ်ဆိုက် FlightAware အရ သိရပါတယ်။
ဒါ့အပြင် အီကွေတာ ပစိဖိတ်သမုဒ္ဒရာရှိ အယ်နီညိုရာသီဥတုဖြစ်စဉ် ပုံစံကြောင့် ဒေသတွင်း နှင်းမုန်တိုင်းကြီးတစ်ခု (သို့မဟုတ်) နှစ်ခုအထိ တိုက်ခတ်နိုင်ဖွယ်ရှိတယ်လို့ ရာသီဥတုခန့်မှန်းသူတွေက ပြောကြားထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆူဒန်နိုင်ငံမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် လူပေါင်း ခုနှစ်သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရဟု ကုလသမဂ္ဂပြော
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း