ဆူဒန်နိုင်ငံမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် လူပေါင်း ခုနှစ်သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရဟု ကုလသမဂ္ဂပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၇
ဆူဒန်နိုင်ငံမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာရသူအရေအတွက်ဟာ မြင့်တက်လာနေပြီး လူပေါင်း ခုနှစ်သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့ကပြောပါတယ်။
ကုလသမဂ္ဂအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က "ဆူဒန်မှာ နေရပ်စွန့်ခွာနေရသူအရေအတွက် ပိုမိုများပြား လာနေတယ်။ ဆူဒန်နိုင်ငံသား ၁ ဒသမ ၅ သန်းကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ရတယ်။ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေက ဆူဒန်နိုင်ငံအတွင်း နေရပ်စွန့်ခွာရသူအရေအတွက်ကို ပိုမိုမြင့်တက်လာစေတယ်။ ဆူဒန်လူမျိုး အနည်းဆုံး ၇ ဒသမ ၁ သန်း နေရပ်စွန့်ခွာ နေထိုင်နေရတယ်" လို့ ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဆူဒန်နိုင်ငံရဲ့လုံခြုံရေးက ဆိုးရွားနေပြီး ဆူဒန်နိုင်ငံသားတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း၊ ကလေးငယ်တွေနဲ့ အရပ်သားတွေ နေထိုင်နေတဲ့အဆောက်အဦးတွေကို ပစ်ခတ်တိုက်ခိုက် မှုမဖြစ်အောင် ကာကွယ်ပေးရမှာဖြစ်ကြောင်း UNICEF အဖွဲ့က ပြောပါတယ်။
ဆူဒန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဧပြီလကစတင်ပြီး ဆူဒန်စစ်တပ် နဲ့ ပြည်သူအဖွဲ့တွေကြား အာဏာအငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ရာကနေ လက်နက်ကိုင်ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ရာ ၁ဝ လနီးပါးအတွင်း ဆူဒန်နိုင်ငံသား ခုနှစ်သန်းကျော် နေရပ်စွန့်ခွာနေထိုင်ရခြင်းဖြစ်ပါတယ်။
ကုလသမဂ္ဂအဖွဲ့ဟာ ဆူဒန်နိုင်ငံမှာ အပစ်ခတ်ရပ်စဲရေးရယူနိုင်ဖို့ ကြိုးပမ်းနေပေမယ့် မျှော်လင့်သလောက် အောင်မြင်မှုမရဘဲ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ ဆူဒန်စစ်တပ်နဲ့ ပြည်သူစစ်တပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ ၂ဝ ရက်အထိ လူပေါင်း ၁၂ဝဝဝ ကျော်သေဆုံးခဲ့ကာ လူပေါင်း ၃၃ဝဝ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့၌ မြွေကိုက်ခံရသည်ဟု ယူဆရသော အသက်(၅)နှစ်အရွယ်ကလေးငယ်တစ်ဦး ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးခဲ့မှုဖြစ်ပွား
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း