Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်သူတွေနဲ့ အလုံးစုံစစ်ပွဲကို ရင်ဆိုင်နေရတယ်လို့ အီရန်ကာကွယ်ရေးဦးစီးချုပ်ပြော

ဂျန်ဇက် (NSS) - ဇန်နဝါရီ ၇ 

အီရန်ကာကွယ်ရေးဦးစီးချုပ်က ရန်သူတွေကို အဝေးကိုမောင်းထုတ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပင်လယ်နီဒေသအတွင်းမှာ အီရန်နိုင်ငံရဲ့မဟာမိတ်ဖြစ်တဲ့ ဟူသီလက်နက်ကိုင်အုပ်စုနဲ့ အနောက်အုပ်စုနိုင်ငံတွေ ကြား တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ အီရန်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဟူစိန်ဆာလာမီက အခုလိုမျိုး ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ 


၎င်းက "ကျွန်တော်တို့ဟာ ရန်သူတွေနဲ့ အလုံးစုံစစ်ပွဲဖြစ်ဖို့ ရင်ဆိုင်နေရတယ်" လို့ စစ်သင်္ဘောအသစ် လွှဲပြောင်း ပေးအပ်ပွဲမှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ အီရန်ရေတပ်ဟာ ဇန်နဝါရီ ၆ ရက်မှာ အဘူမက်ဒီ အမည်ရှိ စစ်သင်္ဘောအသစ်နဲ့အတူ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်အစင်း ၁ဝဝ ကျော်ကို လွှဲပြောင်းရယူခဲ့ကြောင်း သိရပါတယ်။ 

အီရန်ကာကွယ်ရေးဦးစီးချုပ်က ရန်သူတွေလို့ သုံးနှုန်းပေမယ့် ဘယ်နိုင်ငံတွေဆိုတဲ့အချက်ကို အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမျိုးတော့ မရှိခဲ့ပါဘူး။ အီရန်ကာကွယ်ရေးဦးစီးချုပ်က "ကျွန်တော်တို့ဟာ ရန်သူတွေ ချဲ့ထွင် နေတဲ့နေရာတိုင်းမှာရှိနေတဲ့ နိုင်ငံအကျိုးစီးပွားကို ကာကွယ်သွားဖို့ လိုအပ်တယ်။ အီရန်နိုင်ငံပိုင်နက်နားကို ချဉ်းကပ်လာမယ်ဆိုရင်တော့ ရန်သူတွေ ထိခိုက်နစ်နာသွားမယ်။ ရန်သူတွေကို မောင်းထုတ်သွားရမယ်" လို့ ပြောပါတယ်။ 

အီရန်နိုင်ငံအနေနဲ့ ကမ္ဘာရေတပ်အင်အားကြီးနိုင်ငံတွေကို စိန်ခေါ်ဖို့ ရေတပ်နဲ့ပတ်သက်ပြီး ခံစစ်၊ တိုက်စစ်နှစ်ခု စလုံးကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်သွားမယ်လို့ ၎င်းက ပြောပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင် အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အီရန်နိုင်ငံဟာ အမေရိကန်၊ အစ္စရေးနိုင်ငံတို့နဲ့ တင်းမာမှုတွေ ပိုမို ဖြစ်ပွားလာနေကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ ဟားမက်စ်အဖွဲ့ရဲ့အမိန်ပေးညွှန်ကြားမှုစနစ်ကို ဖျက်ဆီးနိုင်ခဲ့ဟု အစ္စရေးစစ်တပ် ပြော

RECENT POSTS
ရန်ကုန်မြို့၊ သီရိရတနာကားဝန်းရှိ ခရီးသည်တင်ယာဉ်ပေါ်မှ ငွေကျပ်(၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
19 Nov 2024
သေနတ်၊ဓားကိုင်ဆောင်ထားသည့်အဖွဲ့က အမျိုးသမီး(၂)ဦးနှင့် အမျိုးသားတစ်ဦးကို ဓားဖြင့်ရက်စက်စွာခုတ်ထစ်သတ်ဖြတ်နေသည့် ရုပ်သံဖိုင်ထွက်ပေါ်
19 Nov 2024
သန်လျင်၌ ဆီဘောက်ဆာကားတစ်စီး ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား
19 Nov 2024
အဓမ္မကို ဓမ္မကအနိုင်ယူခဲ့သည့် ဘဝင်ချမ်းမြ တန်ဆောင်မုန်းလ
19 Nov 2024
လုပ်ကြံခံရမှုကနေ (၂)ကြိမ်လွတ်မြောက်ခဲ့ပြီးနောက် အမေရိကန်သမ္မတအဖြစ် တစ်ကျော့ပြန်တာဝန်ယူမယ့် ဒေါ်နယ်ထရမ့်အကြောင်း တစေ့တ စောင်း
19 Nov 2024
အမေရိကန်၏ Burma Act သည် မြန်မာနိုင်ငံရှိ စစ်ဖြစ်ရာဒေသများကို ဓာတ်ဆီလိုက်လောင်းခြင်းသာဖြစ်ဟု ပါတီအချို့ ရှုမြင်
19 Nov 2024
BBC Burmese၊ Khit Thit မီဒီယာတို့၏ (၂၁-၉-၂၀၂၄) ရက်မှ (၂၀-၁၀-၂၀၂၄) ရက်အထိ သတင်းထုတ်လွှင့်မှုများအပေါ် စစ်တမ်းပြုစုသုံးသပ်ခြင်း
19 Nov 2024
မိုးကုတ်၌ ဟိုတယ်၊ ယာဉ်ယန္တရားများအတွက် TNLA အဖွဲ့က လက်နက်ပြ၍ အခွန်အတင်းအကျပ်တောင်းခံနေ
19 Nov 2024
မန္တလေးမြို့တွင် အစိုးရဝန်ထမ်းအယောင်ဆောင်ကာ လက်နက်ပြ၍ ဆိုင်ကယ်လုယက်သူ (၃)ဦးကို ဖမ်းမိ
18 Nov 2024
တာမွေမြို့နယ်ရှိ ဘုန်ကြီးကျောင်းတွင် လက်လုပ်လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆရာတော်တစ်ပါး ပျံလွန်တော်မူ
18 Nov 2024
မဏိပူရပြည်နယ်မှာ လွှတ်တော်အမတ်တွေနဲ့ ပြည်နယ်ဝန်ကြီးတွေရဲ့ အိမ်ကို မီးတင်ရှို့ခဲ့ကြပြီး လူ (၂၃)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး
18 Nov 2024
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ပေးအပ်
18 Nov 2024
ရန်ကုန် ရွှေဈေးနှင့်အမေရိကန်ဒေါ်လာဈေး အကျပိုင်းဖြင့်ဈေးကွက်အေးနေ
18 Nov 2024
ရွေးကောက်ပွဲကျင်းပရေးနဲ့ပတ်သက်ပြီး သည်းခံပေးစေလိုကြောင်း ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရ ပြော
18 Nov 2024
အမေရိကန်အစိုးရက ရုရှားပိုင်နက်တွေကို တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖို့ ယူကရိန်းကိုခွင့်ပြုပေး
18 Nov 2024
အမရပူရမြို့နယ်ရှိ စက်သုံးဆီဆိုင်တွင် သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ကာ ငွေလုယက်မှုဖြစ်ပွား
18 Nov 2024
အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအား တရားစွဲဆိုမည့် ICC ရှေ့နေချုပ် လိင်ပိုင်းဆိုင်ရာ လက်မခံနိုင်ဖွယ်ပြုကြောင်း စွပ်စွဲခံရ
18 Nov 2024
ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးကို အုပ်စုဖွဲ၍ အုတ်ခဲဖြင့်ထုကာ ဆိုင်ကယ်လုယက်သွားမှု ပြည်ကြီးတံခွန်မြို့နယ်တွင် ဖြစ်ပွား
18 Nov 2024
ရွှေဘိုမြို့နယ်တွင် လက်ပစ်ဗုံး တစ်လုံးနှင့်အတူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိ
18 Nov 2024
အမ်းတိုက်ပွဲတွင် အထိနာနေသော AA တို့ “အကြံကုန် ဂဠုန်ဆားချက်” လုပ်လာ
18 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved