Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ ဟားမက်စ်အဖွဲ့ရဲ့အမိန်ပေးညွှန်ကြားမှုစနစ်ကို ဖျက်ဆီးနိုင်ခဲ့ဟု အစ္စရေးစစ်တပ် ပြော

ဂျန်ဇက် (NSS) - ဇန်နဝါရီ ၇

အစ္စရေးစစ်တပ်က ၎င်းတို့ဟာ ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ ဟားမက်စ်အဖွဲ့ရဲ့အမိန့်ပေးညွှန်ကြားမှုစနစ်ကို အလုံးစုံဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

အစ္စရေးစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် ဟာဂါရီက ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တွေဟာ လက်ရှိအချိန်မှာ အမိန့်ပေးညွှန်ကြားသူမရှိဘဲ တိုက်ခိုက်နေရခြင်းဖြစ်ကြောင်း ပြောပါတယ်။ ဟာဂါရီက အစ္စရေး စစ်တပ်ဟာ စစ်ပွဲစတင်ချိန်နောက်ပိုင်းတည်းက လက်ရှိအချိန်အထိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဝင် ၈ဝဝဝ နီးပါး သုတ်သင်နိုင်ခဲ့ကြောင်း ပြောပါတယ်။ 


အစ္စရေးစစ်တပ်ဟာ လက်ရှိအချိန်မှာ ဂါဇာဒေသ အလယ်ပိုင်းနဲ့တောင်ပိုင်းဒေသကို တိုက်ခိုက်ဖျက်ဆီးဖို့ အာရုံစိုက် လုပ်ကိုင်နေကြောင်း ပြောပါတယ်။ 

အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၂၂ဝဝဝ ကျော် သေဆုံးထားပြီး လူပေါင်း နှစ်သန်းကျော် နေရပ်စွန့်ခွာနေရကြောင်း ပါလက်စတိုင်းကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အစ္စရေးဟာ ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့၊ ပြန်ပေးဆွဲခံရသူ တွေကို ပြန်လွှတ်ပေးဖို့ နဲ့ အစ္စရေးနိုင်ငံအပေါ် နောက်ထပ်တစ်ကြိမ်ခြိမ်းခြောက်မှုတွေမဖြစ်အောင် လုပ်ဆောင်ဖို့ ထိုးစစ်ဆင်မှုတွေ ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ 

အစ္စရေးဝန်ကြီးချုပ်က "ဟားမက်စ်အဖွဲ့အပေါ် အလုံးစုံအနိုင်ရချိန်အထိ တိုက်ပွဲတွေကို ဆက်လက်တိုက်ခိုက်သွား မယ်" လို့ ပြောပါတယ်။ 

ဒါပေမယ့် အစ္စရေးဟာ လက်ဘနွန်နိုင်ငံအတွင်းရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းက သုတ်သင်ခဲ့ပြီးနောက် တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာခဲ့ရာ ဟစ်ဘိုလာအုပ်စုတွေက အစ္စရေးကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ အရှိန်မြင့်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို နိုင်ငံအတွင်းကနေ နှင်ထုတ်သွားမှာဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ်ပြော

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved