Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို နိုင်ငံအတွင်းကနေ နှင်ထုတ်သွားမှာဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ်ပြော

ဂျန်ဇက် (NSS) - ဇန်နဝါရီ ၇

အီရတ်ဝန်ကြီးချုပ်မိုဟမ်မက် ရှီယာအယ်ဆူဒါနီက ၎င်းတို့နိုင်ငံအတွင်းကနေ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေကို နှင်ထုတ်သွားတော့မှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့် အီရတ်ပြည်သူစစ်အဖွဲ့ခေါင်းဆောင်တွေ ကို ထိခိုက်သွားခဲ့ပြီးနောက် အီရတ်အစိုးရက နိုင်ငံအတွင်းရှိ အီရတ်အစိုးရ အမေရိကန်တပ်ဖွဲ့တွေကို ပြန်နှင်ထုတ်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ 


အမေရိကန်စစ်တပ်ဟာ အီရတ်အစိုးရက စပွန်ဆာပေးထားတဲ့ Popular Mobilization Forces အမည်ရှိ ပြည်သူစစ်အဖွဲ့တွေကို လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အီရတ်ဝန်ကြီးချုပ်က "Popular Mobilization Forces အဖွဲ့တွေထဲမှာ နိုင်ငံအတွင်းရှိ အစိုးရအဖွဲ့တွေကို ကိုယ်စားပြုသူတွေ ပါဝင်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

အီရတ်စစ်တပ်အတွက် အဓိကအရေးပါတဲ့လက်နက်ကိုင်အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။ အမေရိကန်အစိုးရက ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တာကိုပြစ်တင်ရှုတ်ချပါတယ်။ အမေရိကန်တပ်ဖွဲ့တွေဟာ ခွင့်ပြုထားတဲ့လုပ်ပိုင်ခွင့်ထက်ကျော်လွန်ပြီး လုပ်ဆောင်ခဲ့တယ်" လို့ ပြောပါတယ်။  

အီရတ်အစိုးရဟာ ISIS အဖွဲ့တွေကို တိုက်ခိုက်ဖို့အတွက် အမေရိကန်တပ်ဖွဲ့တွေကို အီရတ်နိုင်ငံအတွင်း လာရောက် အခြေစိုက်တပ်စွဲထားဖို့ ဖိတ်ခေါ်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရကတော့ ၎င်းတို့တိုက်ခိုက်ခဲ့သူတွေဟာ အီရန်နိုင်ငံရဲ့အထောက်အပံ့ကို ရရှိထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တယ်လို့ ပြောပါတယ်။ 


အီရတ်နိုင်ငံအတွင်းမှာ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက် ၂၅ဝဝ ကျော် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။ အီရတ်ဝန်ကြီးချုပ်က "အ‌မေရိကန်တပ်ဖွဲ့တွေကို အီရတ်နိုင်ငံအတွင်း တပ်စွဲခွင့်ပြုထားတဲ့ သက်တမ်းကုန်ဆုံးချိန် မှာ ပြန်လည်ချုပ်ဆိုမယ့်စာချုပ်နဲ့ပတ်သက်ပြီး ဆွေးနွေးရမှာဖြစ်ပါတယ်။ အီရတ်အစိုးရဟာ နိုင်ငံရဲ့ကုန်းမြေ၊ ရေပိုင်နက် နဲ့ လေပိုင်နက်အချုပ်အခြာတွေကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းမှာဖြစ်တယ်။ အီရတ်နိုင်ငံအတွင်းနိုင်ငံတကာတပ်ဖွဲ့တွေ တပ်စွဲခွင့် သက်တမ်းကုန်ဆုံးချိန်မှာ ကိုယ်ရပ်တည်ချက်နဲ့ကိုယ် လုပ်ဆောင်သွားမယ်" လို့ ပြောပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကန့်ဘလူမြို့နယ်ရှိ လျှပ်စစ်ဝန်ထမ်း (၁၆)ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်

RECENT POSTS
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
လေကြောင်းဒဏ်နဲ့ MNDAA ရဲ့ ညည်းတွားသံ၊ ရန်ကုန်မှာ PDF ၁၂ ဦး ဖမ်းမိ၊ မန္တလေးက လုပ်ငန်းရှင်ပေါင်း ၅၀၀ ကျော်ကို PDF တွေက ပစ်စာနဲ့ ဆက်ကြေးတောင်းနေ၊ ဇေကမ္ဘာဦးခင်ရွှေ ပြန်လွတ်လာ၊ အာရှလမ်း ပြန်ဖွင့်ဖို့ ဆွေးနွေးနေ (၂၉-၉-၂ဝ၂၄)
30 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved