အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းပေးပို့မှု နှောင့်နှေးမှုများကို ယူကရိန်းသမ္မတအကြံပေး ဝေဖန် ပြစ်တင်
Pika (NSS) - နိုဝင်ဘာ ၂ဝ
အနောက်အုပ်စုနိုင်ငံများ၏ ယူကရိန်းသို့စစ်လက်နက်ပစ္စည်းများ ပေးပို့မှုသည် ယခင်ထက်ပိုမိုမြန်ဆန်သင့်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီး၏ အကြီးတန်းအကြံပေး မီခေးလ်ပိုဒိုလီယက်က ပြောခဲ့သည်။
ယူကရိန်းသို့ အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းပေးပို့မှု နှောင့်နှေးမှုများသည် ရုရှားကို မဟာဗျူဟာ မြောက်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် အချိန်အလုံအလောက်ပေးနေခြင်းမျိုးသာ ဖြစ်ကြောင်း မီခေးလ်ပိုဒိုလီယက်က မှတ်ချက်ပြုပြောခဲ့သည်။
ထို့အပြင် အနောက်အုပ်စုနိုင်ငံများက ကတိပြုထားသော စစ်ရေးအကူအညီများနှင့်ပတ်သက်ပြီး ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းသည် အချိန်(၇)ရက်မှ (၁ဝ)ရက်အတွင်းသာ ဖြစ်သင့်ကြောင်း မီခေးလ်ပိုဒိုလီယက်က ပြောခဲ့သည်။
သို့သော်လည်း လက်တွေ့တွင် ယူကရိန်းသို့အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းပေးပို့မှုကြာချိန်မှာ ရက်ပေါင်း(၉ဝ) မှ (၁၂ဝ)အတွင်းဖြစ်ကြောင်းလည်း သိရသည်။ ထို့အပြင် ယူကရိန်း၏တန်ပြန်ထိုးစစ်ဆင်မှုများ သည် ၎င်းတို့လိုချင်သည့်အတိုင်းအတာ (သို့မဟုတ်) အရှိန်အဟုန်မျိုးဖြင့် ဆက်လက်လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း မီခေးလ်ပိုဒိုလီယက်က ဝန်ခံပြောခဲ့သည်။
ယူကရိန်း၏ လက်ရှိဖြစ်ပွားနေသော ရှေ့တန်းစစ်မြေမျက်နှာပြင် အခြေအနေများနှင့်ပတ်သက်ပြီး ၎င်းက ယခု ကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ ယူကရိန်းတပ်ဖွဲ့များသည် ပြီးခဲ့သည့်ဇွန်လအစောပိုင်းတည်းက ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်မှုများကို စတင်လုပ်ဆောင်ခဲ့သော်လည်း လက်ရှိအချိန်အထိ သိသာသောရလဒ်များ ထွက်ပေါ်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။
ထို့အပြင် ယူကရိန်းစစ်တပ်၏ ရှေ့တန်းစစ်မြေမျက်နှာပြင်မှ အခြေအနေများသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွင်ရှိနေကြောင်း ယူကရိန်းဗိုလ်ချုပ်ကြီး Valery Zaluzhny က ယခုလအစောပိုင်းတွင် ဝန်ခံပြောဆိုခဲ့သည်။ အောက်တိုဘာလ အစောပိုင်းတွင် အစ္စရေးနှင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက် ယူကရိန်းသို့ အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းပေးပို့မှုများ လျော့ကျသွားခဲ့ ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ပြီးခဲ့သည့်ရက်ပိုင်းတွင် ဝန်ခံပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွိုင်ကော်၌ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်ငယ်(၂)ပါး ပျံလွန်တော်မူ၊ လွိုင်ကော်မြို့တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ(၂ဝ)ထက်မနည်းရှိနေ
RELATED POSTS
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ