Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လှိုင်မြို့နယ်တွင် ရွှေထည်ပစ္စည်းအစုံ(၅)ပိဿာကျော် နှင့် ငွေကျပ်သိန်း(၅၀)ခန့်အား သေနတ်ပြခြိမ်းခြောက် လုယက်ခဲ့သူများမှာ PDF သင်တန်းဆင်းများ ဖြစ်နေ

နာမူ (NSS) - အောက်တိုဘာ ၂၅ 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ရွှေထည်ပစ္စည်းစုံ(၅)ပိဿာကျော်နှင့် ငွေကျပ် သိန်း(၅၀)ခန့်အား သေနတ်ပြခြိမ်းခြောက် လုယက်ခဲ့သူများမှာ PDF အကြမ်းဖက် သင်တန်းဆင်းများ ဖြစ်နေကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။ 


လုယက်သည့်ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်မြို့နယ်ရှိ “မြရွှေယုံ” ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါရွှေဆိုင်မှ ယာဉ်မောင်းသည် ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဆင်ရေတွင်းလမ်းထောင့်ရှိ မြရွှေယုံရွှေဆိုင်မှ ရွှေထည်ပစ္စည်းအစုံ (၅)ပိဿာ (၂၉) ကျပ်သားနှင့် ငွေကျပ် သိန်း (၅၀)တို့ကို သံသေတ္တာ(၃)လုံးဖြင့် သိမ်းဆည်းကာ လှိုင်မြို့နယ်ရှိ ရွှေဆိုင်ပိုင်ရှင်၏နေအိမ်သို့ တစ်ဦးတည်း မောင်းနှင်လာခဲ့ကြောင်း သိရသည်။ ထို့နောက် နေအိမ်ရှေ့သို့အရောက်တွင် အခြားမော်တော်ယာဉ်တစ်စီးဖြင့် အမျိုးသား(၄)ဦး ရောက်ရှိလာကာ သေနတ်တစ်ချက်ပစ်ဖောက်ခြိမ်းခြောက်ပြီး ယာဉ်မောင်းကို ရိုက်နှက်ကာ ကားပေါ်ရှိ ရွှေထည်ပစ္စည်းနှင့် ငွေများထည့်ထားသည့် သံသေတ္တာ(၃)လုံးတို့ကို လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် လှိုင်မြို့နယ်၊ ပိတောက်ချောင်းနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ကာ တရားခံများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ (၂၃) ရက်တွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ပါရမီလမ်းနှင့် သုမင်္ဂလာလမ်းဆုံ၌ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်တွင် နေထိုင်သော အသက်(၃၇)နှစ်အရွယ် မသက်ထားခိုင်(ခ)ရည်မွန်အေးကို မသင်္ကာသဖြင့် စစ်ဆေးရာ ၎င်း၏ဘေးလွယ်အိတ်အ တွင်းမှ လုယက်မှုတွင် ပါသွားခဲ့သော ပလက်တီနမ်ရွှေဖြူဆွဲကြိုး(၈)ကုံးနှင့်ငွေကျပ် (၁၀) သိန်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၎င်း၏ ထွက်ဆိုချက်အရ ပလက်တီနမ်ရွှေဖြူဆွဲကြိုး(၁၀)ကုံးမှာ ၎င်း၏ခင်ပွန်းဖြစ်သူ ထက်အောင်ခိုင်မှ ရောင်းချခိုင်းလိုက်ကြောင်းသိရသဖြင့် ဆက်လက်စစ်ဆေးရာမှ လုယက်မှုတရားခံ ထက်အောင်ခိုင်(၃၆) နှစ်ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ 

ထို့နောက် ထက်အောင်ခိုင်အား ဆက်လက်စစ်ဆေးရာမှ လုယက်မှုတွင် အသုံးပြုခဲ့သည့် ဒဿမ ၃၂ ဗို့ ခြောက်လုံးပြူးသေနတ် (၁) လက်၊ S&WL ကျည် (၉) တောင့်၊ ၎င်းကျည်ခွံ (၁) ခု၊ ငွေစက္ကူ ၁၈ သိန်းနှင့် လုယက်မှုမှရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ (စိစစ်ဆဲ) တို့အား ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထိုမှတစ်ဆင့် ဆက်လက်စစ်ဆေးစုံစမ်းခဲ့ရာ လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ်ကြသည့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပေါက်စုကျေးရွာနေ တရားခံ ကျော်ကြီး (ခ) ကျော်ဇင်ဟိန်း (၂၂) နှစ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ် (၈) ရပ်ကွက်နေ တရားခံ စောပိုင်ဇော်ဦး (ခ) ပိုင်ကြီး (၃၅) နှစ် တို့အား အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ထွက်ဆိုချက်အရ ဖမ်းဆီးရမိတရားခံ ထက်အောင်ခိုင်၊ ကျော်ဇင်ဟိန်း (ခ) ကျော်ကြီးနှင့် ဝေကြီး (ဖမ်းဆီးရန်ကျန်) တို့ (၃) ဦးသည် KNU တပ်မဟာ(၇) ဝေ့ရှမ်း ကျေးရွာတွင်ဖွင့်လှစ်သော PDF အကြမ်းဖက်သင်တန်းအပတ်စဉ် (၅/၂၀၂၄) သင်တန်းဆင်းများဖြစ်ကာ သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း ထက်အောင်ခိုင်သည် သင်တန်း၌ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ ဦးမာမူ (စိစစ်ဆဲ) ထံမှ ဒဿမ ၃၂ ဗို့ခြောက်လုံးပြူးနှင့် ကျည်များအား ငွေကျပ် (၂၁) သိန်းဖြင့်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လုယက်မှုကျူးလွန်ရာတွင် တရားခံ ထက်အောင်ခိုင်မှ Toyota Corolla အဖြူရောင်ယာဉ်အားမောင်းနှင်၍ အခင်းဖြစ်ခြံရှေ့တွင် ရွှေထည်ပစ္စည်းများသယ်ဆောင်လာသည့်ယာဉ်အား အနောက်မှကပ်လျက်ရပ်တန့်ကာ ယာဉ်မောင်းဖြစ်သူအား သေနတ်ဖြင့်ချိန်၍ တံခါးဖွင့်ခိုင်းခြင်း၊ တရားခံ ဝေကြီး (ဖမ်းဆီးရန်ကျန်) မှ ကားတံခါးအားတူဖြင့်ထုခြင်း၊ တရားခံထက်အောင်ခိုင်မှခြံ၏ အရပ် သား လုံခြုံရေးဝန်ထမ်း ဖြစ်သူအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ခြံဝင်းသံပန်းတံခါးအားထိမှန်ခဲ့ပြီး ကျော်ဇင်ဟိန်း (ခ) ကျော်ကြီးနှင့် စောပိုင်ဇော်ဦး (ခ) ပိုင်ကြီးတို့(၂)ဦးမှ မော်တော် ယာဉ်၏ နောက်ဖုံးတံခါးအားဖွင့်၍ ရွှေထည်ပစ္စည်းများထည့်ထားသည့် သံသေတ္တာ (၃) လုံးအား ၎င်းတို့စီးနင်းလာသည့်ကားပေါ်သို့ တင်ဆောင်ကာ မောင်းနှင်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖြစ်စဉ်တွင် ရွှေထည်ပစ္စည်းနှင့် ငွေများလုယက်မှုမှဖမ်းဆီးရမိသည့် တရားခံထက်အောင်ခိုင်၊ ကျော်ဇင်ဟိန်း (ခ) ကျော်ကြီး၊ စောပိုင်ဇော်ဦး (ခ) ပိုင်ကြီးနှင့် ထွက်ပြေးတိမ်းရှောင် တရားခံဝေကြီး (စိစစ်ဆဲ) အား ဥပဒေနှင့်အညီ ထိရောက်သောပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံဝေကြီးအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

PDF များက အခြေခံပညာအလယ်တန်းကျောင်းကို Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူများအပါအဝင် (၅)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိမှု မြိုင်မြို့၌ ဖြစ်ပွား

RELATED POSTS
RECENT POSTS
မန္တလေးတွင် အကြော်ဆရာက ဓားဖြင့်ခုတ်သောကြောင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ဇနီးနှင့် စားပွဲထိုးသေဆုံးပြီး (၂)ဦးပြင်းထန်ဒဏ်ရာရ
25 Oct 2024
PDF များက အခြေခံပညာအလယ်တန်းကျောင်းကို Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူများအပါအဝင် (၅)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိမှု မြိုင်မြို့၌ ဖြစ်ပွား
25 Oct 2024
လှိုင်မြို့နယ်တွင် ရွှေထည်ပစ္စည်းအစုံ(၅)ပိဿာကျော် နှင့် ငွေကျပ်သိန်း(၅၀)ခန့်အား သေနတ်ပြခြိမ်းခြောက် လုယက်ခဲ့သူများမှာ PDF သင်တန်းဆင်းများ ဖြစ်နေ
25 Oct 2024
မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေသည့် အိန္ဒိယနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ(၅)ခုကို နှစ်နိုင်ငံလက်မှတ်ရေးထိုး
25 Oct 2024
ကလေးဘဝကူးစက်တတ်သောရောဂါများ (ကျန်းမာရေးဆောင်းပါး)
25 Oct 2024
ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ၏ သားမက်ဟောင်း ဒေါက်တာနေစိုးမောင်ကို နစက ဖမ်းဆီးအမှုဖွင့်
25 Oct 2024
အမေရိကန် မင်းသား တွမ်ဟော်လန်က Spider-Man 4 ကို ၂ဝ၂၅ ခုနှစ်မှာ စတင်ရိုက်ကူးမယ်လို့ အတည်ပြု
25 Oct 2024
အမေရိကန် ရက်ပ်အဆိုတော် မီဂန်၊ တောင်ကိုရီးယား K Pop အဖွဲ့ Twice၊ BTS အဖွဲ့ဝင် RM တို့နဲ့ collaborate သီချင်းထွက်မည်
25 Oct 2024
လှည်းကူးမြို့နယ်တွင် ဟင်းပေါင်းစားရာမှ ကိုရင်(၁၆)ပါးနှင့် ဘုန်းကြီးကျောင်းသား(၁)ဦးတို့ အစာအဆိပ်သင့်မှုဖြစ်ပွား
24 Oct 2024
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved