မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၄၁ ဦး မိခင်နိုင်ငံသို့ ယနေ့ ပြန်ရောက်မည်ဟု ထိုင်းဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၆
ထိုင်းဝန်ကြီးချုပ်ဆာရက်သာတာဗီဆင်က မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံများအနက်မှ အနည်းဆုံး ၄၁ ဦးကို လာမည့်ရက်ပိုင်းအတွင်း စတင် ခေါ်ယူနိုင်ဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းဝန်ကြီးချုပ်က "ရက်အနည်းငယ်စောင့်ဆိုင်းပြီးချိန်မှာ ထိုင်းနိုင်ငံသားတွေဟာ မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိ နေတော့မှာပါ။ ထိုင်းနိုင်ငံသား အနည်းဆုံး ၄၁ ဦးဟာ နိုဝင်ဘာ ၁၆ ရက် ဒါမှမဟုတ် ၁၇ ရက်တွေမှာ ထိုင်းနိုင်ငံကို ပြန်လာဖွယ်ရှိနေပါတယ်။ ကျွန်တော်ကို ထိုင်းလုံခြုံရေးအေဂျင်စီတွေက ထိုင်းနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူ မယ့်အကြောင်းကို သတင်းပေးပို့ခဲ့ပါတယ်" ဟု ပြောသည်။
ဆာရက်သာတာဗီဆင်သည် အမေရိကန်နိုင်ငံတွင် ကျင်းပနေသော အေပက်ထိပ်သီးအစည်းအဝေးကို တက်ရောက်နေကြောင်း သိရသည်။ ထိုင်းနိုင်ငံသားများသည် မြန်မာနိုင်ငံတွင် ဌာနချုပ်ရှိနေသည့် အွန်လိုင်း အသုံးပြုကာ လိမ်လည်မှုကျူးလွန်နေသည့် ရာဇဝတ်ဂိုဏ်းများ၏ မြင့်မားသော လစာအပြင် အလုပ်အကိုင် အခွင့်အလမ်းကောင်းများရရှိမည်ဟု မက်လုံးပေး ဖြားယောင်းခြင်းခံရပြီးနောက် ရာဇဝတ်ဂိုဏ်းများ လက်ထဲတွင် ပိတ်မိနေခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံၤရဲတပ်ဖွဲ့သည် အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများ၏ နေရာများကို စီးနင်းခဲ့ပြီးနောက် ထိုင်းနိုင်ငံသားများကို ပြန်လည်ကယ်တင်နိုင်ခဲ့သလို အခြားနိုင်ငံသားတွေကိုလည်း ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် မြန်မာတပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ပြန်လည်ကယ်တင်ထားသည့် ထိုင်းနိုင်ငံသားများကို မိခင်နိုင်ငံသို့ ချက်ချင်း ပို့ဆောင်နိုင်ခြင်းမရှိဘဲ နှောင့်နှေးမှုတွေ ရှိခဲ့ရကြောင်း သိရသည်။ ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲတစ်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သောသီတင်းပတ်တွင် မြန်မာနိုင်ငံသို့လာရောက်ကာ မြန်မာအာဏာပိုင်များ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ထိုင်းနိုင်ငံသားများ အပါအဝင် မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မောင်တော၊ ဘူးသီးတောင် နှင့် ပလက်ဝမြို့နယ်တို့ရှိ နိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏ (၂)ဆကို ဆက်လက်ခံစားခွင့်ပေးမည်
RELATED POSTS
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ