မောင်တော၊ ဘူးသီးတောင် နှင့် ပလက်ဝမြို့နယ်တို့ရှိ နိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏ (၂)ဆကို ဆက်လက်ခံစားခွင့်ပေးမည်
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်ရှိ မောင်တောမြို့နယ် နှင့် ဘူးသီးတောင်မြို့နယ်၊ ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့ရှိ နိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏ (၂)ဆကို ဆက်လက်ခံစားခွင့်ပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
အဆိုပါဒေသတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား အဆိုပါဒေသ၏ လက်ရှိ အခြေအနေအရ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများအတွက် မူရင်းလစာ၏ (၂)ဆကို အထူးကိစ္စရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မောင်တောမြို့နယ် နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နေ့စားအလုပ်သမားများအား တစ်ရပ်လုပ်အားခ ၆၅၀၀ ကျပ်နှုန်းကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ရေကြောင်း၊ ကုန်းကြောင်းလမ်းပိုင်းများ ရပ်တန့်ပိတ်ဆို့လျက်ရှိရာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုလည်း ပြည်သူ့လူထု အနေဖြင့် ခံစားရလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သော (နိုဝင်ဘာလ ၁၄ ရက်)ကလည်း ချင်းပြည်နယ် ပလက်ဝမြို့မြောက်ဘက်တွင် တပ်မတော်နှင့် AAတို့ ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်စစ်သင်္ဘောဆီသို့ ဦးတည်လာသော ယီမင်နိုင်ငံမှ ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြော
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း