အမေရိကန်စစ်သင်္ဘောဆီသို့ ဦးတည်လာသော ယီမင်နိုင်ငံမှ ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြော
Pika (NSS) - နိုဝင်ဘာ ၁၆
အမေရိကန်စစ်တပ်သည် နိုဝင်ဘာလ(၁၅)ရက်တွင် ၎င်းတို့၏ စစ်သင်္ဘောအနီးသို့ ချဉ်းကပ်လာသော ယီမင်နိုင်ငံမှ ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
USS Thomas Hudner (DDG 116) သည် ယီမင်နိုင်ငံမှ လွှတ်တင်လိုက်ကာ ၎င်း၏ စစ်သင်္ဘောဆီသို့ ဦးတည်လာသော ဒရုန်းကို ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်အရာရှိတစ်ဦးက ပြောကြားခဲ့ သည်။ ၎င်းက "အမေရိကန်စစ်သင်္ဘောဆီကို ဦးတည်လာတဲ့ဒရုန်းကို ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ လူအသေ အပျောက်လည်း မရှိခဲ့ပါဘူး" ဟု ပြောခဲ့သည်။
သို့သော်လည်း ပင်တဂွန်အရာရှိသည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ ယီမင်နိုင်ငံက ပစ်လွှတ်လိုက်သော ဒုံးကျည်များ နှင့် ဒရုန်း များကို ပစ်ချခဲ့မှုအတွက် အမေရိကန်က လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ခြင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်လတွင် အမေရိကန်စစ်တပ်သည် ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့က အစ္စရေးနိုင်ငံသို့ ဦးတည် ပစ်လွှတ်လိုက်သော ဒုံးကျည် နှင့် ဒရုန်းအများအပြားကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါဖျက်သင်္ဘော USS Carney သည် ဒရုန်းဖြင့်တိုက်ခိုက်မှုကို ခံရသည့်အချိန်တွင် northern Red Sea တွင် ရှိနေကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။
ထို့အပြင် အရှေ့အလယ်ပိုင်းဒေသတွင်ရှိသော အမေရိကန်တပ်ဖွဲ့ဝင်များသည် အီရတ် နှင့် ဆီးရီးယားရှိ အီရန် ကျောထောက်နောက်ခံပြုစစ်သွေးကြွအဖွဲ့များ၏ တိုက်ခိုက်မှုများကို ခံနေရကြောင်းလည်း သိရသည်။
အီရတ် နှင့် ဆီးရီးယားနှစ်နိုင်ငံလုံးရှိ အမေရိကန်တပ်ဖွဲ့များသည် အောက်တိုဘာလ(၁၇)ရက်ကတည်းက အနည်းဆုံး (၅၅)ကြိမ်ခန့် တိုက်ခိုက်ခံခဲ့ရကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း အမေရိကန်တပ်ဖွဲ့ဝင်(၅၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တာဝန်ပြန်လည်ထမ်းဆောင်နေပြီဖြစ်ကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ်အချိန်အတွင်း စစ်ဘက်ဆိုင်ရာဆက်ဆံရေးများ ပြန်လည်စတင်ရန် သဘောတူညီချက်ရရှိခဲ့ကြောင်း အမေရိကန်သမ္မတ ထုတ်ဖော်ပြော
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း