တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ်အချိန်အတွင်း စစ်ဘက်ဆိုင်ရာဆက်ဆံရေးများ ပြန်လည်စတင်ရန် သဘောတူညီချက်ရရှိခဲ့ကြောင်း အမေရိကန်သမ္မတ ထုတ်ဖော်ပြော
Pika (NSS) - နိုဝင်ဘာ ၁၆
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် နိုဝင်ဘာလ(၁၅)ရက်တွင် နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာဆက်ဆံရေးမျာား ပြန်လည်စတင်ရန်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမူဝါဒများတွင် ပူးပေါင်းဆောင်ရွက်ကြရန်အတွက် သဘောတူညီခဲ့ကြကြောင်း သိရသည်။
ဂျိုးဘိုင်ဒန် နှင့် ရှီကျင့်ဖျင်တို့သည် တစ်နှစ်အတွင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် အဆိုပါသဘောတူညီချက်များ ရရှိခဲ့ခြင်းဖြစ်သည်။ ဂျိုးဘိုင်ဒန် နှင့် ရှီကျင့်ဖျင်တို့သည် ဆန်ဖရန်စ္စကိုမြို့တွင် လေးနာရီကြာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြားတင်းမာမှုများကို လျှော့ချရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးလုံးသည် ၂ဝ၂၂ ခုနှစ် ဩဂုတ်လတွင် ထိုင်ဝမ်နိုင်ငံသို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ သွားရောက်လည်ပတ်ခဲ့ပြီးနောက် တရုတ်နိုင်ငံက ဖြတ်တောက်ခဲ့သော စစ်ဘက်ဆိုင်ရာဆက်ဆံရေးများကို ပြန်လည်စတင်ရန် ကြိုးပမ်းခဲ့ကြောင်းလည်း သိရသည်။
ဂျိုးဘိုင်ဒန်က "ကျွန်တော်တို့ဟာ အခြေခံအားဖြင့် တိုက်ရိုက်ဆက်သွယ်မှုတွေ ရရှိအောင် လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်နဲ့ ရှီကျင့်ဖျင်တို့ဟာ တစ်ဦးနဲ့တစ်ဦး ဖုန်းတိုက်ရိုက်ခေါ်ဆိုတာမျိုးလုပ်ဖို့လည်း သဘောတူညီခဲ့ပါတယ်" ဟု ပြောခဲ့သည်။
သို့သော်လည်း ရှီကျင့်ဖျင်သည် အာဏာရှင်တစ်ယောက်ဖြစ်သည်ဆိုသည့် ၎င်း၏ အမြင်မှာ မပြောင်းလဲကြောင်း နောက်ပိုင်းတွင် ဂျိုးဘိုင်ဒန်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ဂျိုးဘိုင်ဒန် က "သူဟာ ကွန်မြူနစ်နိုင်ငံ ကိုအုပ်ချုပ်နေတဲ့ အာဏာရှင်တစ်ယောက်ပါပဲ" ဟု ပြောခဲ့သည်။
အဆိုပါတွေ့ဆုံမှုအတွင်း တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံထားရသော အမေရိကန်နိုင်ငံသားများ၊ လူ့အခွင့်အရေးများ နှင့် တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ရန်လိုသောလုပ်ရပ်များ အပါအဝင် အမေရိကန်၏ စိုးရိမ်ပူပန်မှုများ အားလုံးကို ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောခဲ့ကြောင်း သိရသည်။ ဂျိုးဘိုင်ဒန် က "တစ်ယောက်နဲ့တစ်ယောက် ပြတ်ပြတ်သားသား စကားပြောဆိုခဲ့ကြတာမို့ နားလည်မှုလွဲတာမျိုးတွေ မရှိခဲ့ပါဘူး" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မသန်စွမ်းသူများ ဆန္ဒမဲပေးရာတွင် လွယ်ကူစေရန် အသုံးပြုမည့် ပစ္စည်းကိရိယာများနှင့် ဆန္ဒမဲပေးပုံပေးနည်းများကို သိရှိစေရေးအတွက် ဆောင်ရွက်ရန်လိုဟုဆို
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း