ဂါဇာဒေသကို ရယူ သိမ်းပိုက်အုပ်ချုပ်ဖို့ ကြိုးပမ်းမှာမဟုတ်ဘူးလို့ အစ္စရေးအစိုးရ ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁ဝ
အစ္စရေးအစိုးရအနေနဲ့ ပါလက်စတိုင်းလူမျိုးတွေရဲ့ဂါဇာဒေသကို သိမ်းပိုက်အုပ်ချုပ်မှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးနိုင်ငံဟာ ဂါဇာဒေသကို စစ်ဆင်ရေးစတင်ခဲ့ပြီးနောက် အပြီးသတ်သိမ်းပိုက်လိုက်မှာကို စိုးရိမ်မှုတွေ ရှိနေချိန်မှာပဲ အစ္စရေးဝန်ကြီးချုပ်က အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက "ကျွန်တော်တို့ဟာ ဂါဇာဒေသကို သိမ်းပိုက်ထိန်းချုပ်ထားဖို့ ကြိုးပမ်းမှာ မဟုတ်ဘူး။ ဂါဇာဒေသကို အုပ်ချုပ်မှာလည်း မဟုတ်ဘူး။ ဒါပေမယ့် အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မျိုး ဂါဇာဒေသမှာ ထပ်မံမဖြစ်လာအောင်တော့ လုပ်ဆောင်ရမယ်။ လိုအပ်မယ်ဆိုရင် ဂါဇာ ဒေသမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေကို ဖြန့်ကြတ်ချထားရမယ်။ ဂါဇာဒေသကို ဝင်ရောက်ပြီး အကြမ်းဖက်အုပ်စု တွေကို သုတ်သင်ရမယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ပြန်လည်စုဖွဲ့ခြင်းမျိုးမဖြစ်အောင် လုပ်ဆောင်ရမယ်" လို့ ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်က စစ်ပွဲပြီးဆုံးချိန်မှာ ဂါဇာဒေသအတွင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့မရှိတော့အောင် လုပ်ဆောင်မှာဖြစ်သလို စစ်ရှိန်လျော့ပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်းတာတွေနဲ့ ပြန်လည်တည်ဆောက်ခြင်း များ လုပ်ဆောင်သွားရဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေးဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဂါဇာဒေသ စစ်ပွဲပြီးဆုံးချိန်မှာ ဂါဇာဒေသရဲ့လုံခြုံရေးကဏ္ဍအားလုံးကို ထိန်းချုပ်သွားမယ်လို့ပြောဆိုခဲ့ဖူးရာ သဘောထားအမြင်ကွဲလွဲမှုတွေ ဖြစ်ခဲ့ရပါတယ်။ အမေရိကန်အစိုးရက ဂါဇာ ဒေသကို သိမ်းပိုက်မယ်ဆိုရင် အစ္စရေးရဲ့အစီအစဉ်တွေကို အားပေးထောက်ခံမှာမဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပါ တယ်။
အစ္စရေးဟာ လက်ရှိအချိန်မှာ အပစ်ခတ်ရပ်စဲရေးတောင်းချက်တွေကို ငြင်းဆန်ပယ်ချထားပြီး ထိုးစစ်ဆင် တိုက်ခိုက်နေရာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး တစ်သောင်းကျော် သေဆုံးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုးကုတ်မြို့နယ်၌ ဒေသခံအမျိုးသား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
RELATED POSTS
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ