မိုးကုတ်မြို့နယ်၌ ဒေသခံအမျိုးသား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
NSS - နိုဝင်ဘာ ၁ဝ
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် ဒေသခံအမျိုးသား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော (နိုဝင်ဘာ ၇ ရက်)၊ နံနက် ၁၁ နာရီတွင် မိုးကုတ်မြို့နယ်၊ ကသဲကျေးရွာ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် နေထိုင်သည့် ဦးစိုးမြင့်(၅၃)နှစ်နှင့် ဦးမျိုးဝင်း(၄၂)နှစ်တို့သည် ၎င်းတို့နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အဖွဲ့ဝင် အင်အား (၈)ဦးက ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဦးစိုးမြင့်တွင် ယာမျက်ခုံးမှ ဦးခေါင်းနောက်စေ့ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်၊ ရင်ဘတ်ကျည်ဖောက်ဝင် ဒဏ်ရာ (၄)ချက်နှင့် ဦးမျိုးဝင်း၌ ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ(၄)ချက်တို့ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား(၂)ဦး၏ ရုပ်အလောင်းအား ကျပ်ပြင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လူဦးရေ (၅ဝဝဝဝ) နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း