Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ

Htay Oung (NSS) - စက်တင်ဘာ ၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ စည်းလုံးညီညွတ်စွာ လက်တွဲရပ်တည်သွားမယ်လို့ ကတိပြုထားသည်နှင့်အညီ လူထုအုံကြွမှုကာလအတွင်း ဒဏ်ရာရသူများကို ကုသပြုစုရန်အတွက် တရုတ်ဆေးအဖွဲ့တစ်ဖွဲ့ဟာ ဒါကာမြို့တော်ကို ရောက်ရှိလာခဲ့တယ်လို့ “ဒါကာထရိုင်ဗြွန်း” သတင်းအေဂျင်စီက စက်တင်ဘာလ ၂၂ ရက်မှာ ရေးသားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဖိတ်ကြားချက်အရ တရုတ်အမျိုးသားအရေးပေါ် ဆေးအဖွဲ့ဟာ ဒါကာမြို “ဟက်ဇ်ရက် ရှာဂျလယ်” အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တနင်္ဂနွေနေ့မှာ ရောက်ရှိခဲ့လာခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင် ရာ တရုတ်သံအမတ်ကြီး ယိုဝမ်နဲ့ ဒါကာ ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ကြိုဆိုခဲ့ကြတယ်လို့ သံရုံးက သတင်းထုတ်ပြန်ပါတယ်။

စည်းလုံးညီညွတ်စွာ ရပ်တည်နေတဲ့ တရုတ်အမျိုးသား အရေးပေါ် ဆေးအဖွဲ့ဟာ တောင်တန်းတွေကိုကျော်၊ မြစ်တွေကို ဖြတ်ပြီး ဒါကာမြို့ကို ရောက်ရှိလာပြီဖြစ်ကြောင်း၊ မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှုအတွင်း အရပ်သားအများအပြား ထိခိုက်နစ်နာခဲ့ရကြောင်း၊ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်တစ်ဦးအနေဖြင့် တရုတ်အစိုးရဟာ သေဆုံးသူများနဲ့ ထိခိုက်ဒဏ်ရာရရှိသူများရဲ့ မိ သားစုများနဲ့ထပ်တူ ကြေကွဲဝမ်းနည်းမိပါကြောင်း၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာ အေးအတူ ပူအမျှ အပြန်အလှန် ပံ့ပိုးကူညီခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တရုတ်ပြည်သူများက လေးနက်စွာ စာနာပါကြောင်း၊ ယာယီအစိုးရနဲ့ အစိုးရ အကြံပေးအရာရှိချုပ် ဒေါက်တာ မိုဟာမက်ယူနွတ်ရဲ့ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အမျိုး သား အရေးပေါ်ဆေးအဖွဲ့ကို စေလွှတ်ရန် တရုတ်အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း၊ ကြားဖြတ်အစိုးရ ထူထောင်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပထမဆုံး ရောက်လာတဲ့ အရေးပေါ် ဆေး အဖွဲ့ဟာ ကောင်းမွန်တဲ့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နှစ်နိုင်ငံ ပြည်သူတို့အကြား အပြန်အလှန် ပံ့ပိုးကူညီမှုတွေရဲ့ နက်ရှိုင်းတဲ့ သံယောဇဉ်ကို မီးမောင်းထိုးပြလိုက်သည့်အလား အခုလို ရောက်ရှိလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒဏ်ရာများကို အကဲဖြတ်ကာ ဘင်္ဂလားဒေ့ရှ်ရဲ့ လိုအပ်ချက်များအပေါ် အခြေခံပြီး အရေးပေါ် လူသားချင်းစာနာ မှု ဆေးဝါးအကူအညီများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ လူနာများအား ကုသပြုစုရန် အရေးပေါ် ဆေးအဖွဲ့များ ကို စေလွှတ်ပြီး လိုအပ်တဲ့ ဆေးဝါးပစ္စည်းများကိုလည်း ပံ့ပိုးပေးမယ်လို့ တရုတ်သံအမတ်ကြီးက ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တရုတ်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုး တိုး တက်ရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (CIDCA) တို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့ရဲ့ ပံ့ပိုး ကူညီမှုဖြင့် ဆေးအဖွဲ့ဟာ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် ဒါကာမြို့သို့ လာရောက်ခဲ့တယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် (NHC) ရဲ့ ဆေးဘက်ဆိုင်ရာ အရေးပေါ် တုံ့ပြန် ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပြောပါတယ်။

အဆိုပါအဖွဲ့ဟာ အထွေထွေခွဲစိတ်ကုသမှု၊ ဒဏ်ရာရ လူနာပြုစုစောင့်ရှောက်မှု၊ အရိုးအထူးကု၊ ပြန်လည်သန် စွမ်းကျန်းမာရေး၊ အရေးပေါ်ကုသရေး၊ မျက်စိရောဂါနဲ့ အခြားဆေးဘက်ဆိုင်ရာနယ်ပယ်များမှာ အထူးပြုထား တဲ့ တရုတ်ထိပ်တန်းဆေးရုံများအနက် တစ်ခုဖြစ်တဲ့ “ဝက်စ်ချိုင်းနားဆေးရုံ” မှ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်း ထားကြောင်း သိရှိရပါတယ်။

အရေးပေါ် ဆေးကုသရေးအဖွဲ့ စေလွှတ်ပေးမှုအတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပြည်သူများကိုယ်စား တရုတ် အစိုးရကို အထူးကျေးဇူးတင်ရှိတယ်လို့ ဒါကာ ကျန်းမာရေး ဝန်ဆောင်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ 

ကြားဖြတ်အစိုးရဖွဲ့စည်းပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို ပထမဆုံးရောက်ရှိလာတဲ့ နိုင်ငံရပ်ခြား ဆေးအဖွဲ့ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုများမှာသာမက ရေကြီးရေလျှံမှုများအပါအဝင် ဘယ်လိုအခက်အခဲနဲ့ ရင်ဆိုင်နေရသည်ဖြစ်စေ၊ တရုတ်မိတ်ဆွေတွေက ဘင်္ဂလားဒေ့ရှ် ပြည်သူတို့ထပ်တူနဲ့ အမြဲထာဝရ နီးကပ်စွာ လက်တွဲ ရပ်တည်နေကြောင်း။ 

ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဒဏ်ရာရသူတွေ အမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့ တရုတ်အမျိုးသား အရေး ပေါ်ဆေးအဖွဲ့နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်တဲ့ အကူအညီများကို ပေးအပ်သွားမယ်လို့ ဒါကာ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved