Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ

ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၄

ပြင်သစ်ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခံထားရသော မိုက်ကယ်ဘာနီယာက ရာထူးမှနုတ် ထွက်သွားဖွယ်ရှိနေကြောင်း ပြင်သစ်လက်ယာစွန်း ပါတီတစ်ခုဖြစ်သော Les Republicains ပါတီအဖွဲ့ ဝင်တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။ ပြင်သစ်နိုင်ငံရေးပါတီများကြားဖြစ်ပွားနေသည့် အငြင်းပွားမှု များကိုဖြေရှင်းကာ ညွန့်ပေါင်းအစိုးရအဖွဲ့အသစ်မဖွဲ့ စည်းနိုင်လျှင် ရာထူးမှနုတ်ထွက်သွားမည်ဖြစ်ကြောင်း  Les Republicains ပါတီကပြောသည်။ 

ဘာနီယာသည် ပြင်သစ်သမ္မတ မက်ခရွန်က ရွေးချယ်ခန့်အပ်ခဲ့သော ဝန်ကြီးချုပ်အသစ်ဖြစ်သော် လည်း အစိုးရအသစ်ဖွဲ့စည်းနိုင်ခြင်းမရှိကြောင်း သိရသည်။ ပြင်သစ်နိုင်ငံတွင် ရွေးကောက်ပွဲပြီးနောက် အနိုင်ရပါတီ ဦးဆောင်ညွန့်ပေါင်းအဖွဲ့များက ရွေးချယ်ခန့်အပ်သော ဝန်ကြီးချုပ်ကို သမ္မတမက်ခရွန်က ငြင်းဆန်ပယ်ချခဲ့ရာ အငြင်းပွားမှုများဖြစ်ပွားနေကြောင်း သိရ သည်။

ပြင်သစ်လွှတ်တော်နှင့် နိုင်ငံရေးပါတီများကြား အစိုးရအသစ် ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး အငြင်း ပွားနေကြောင်း သိရသည်။  Les Republicains ပါတီက "ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ်ဟာ နောက်ဆုံးအခွင့်ရေးရှိတယ်။ ဒါ့ပြင် တခြားတစ်ဖက်မှာလည်း ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ရမယ့် အခြေအနေမျိုးတွေရှိနေတယ်။ ဘာနီ ယာဟာ အစိုးရအဖွဲ့ကို ဦးဆောင်မဖွဲ့စည်းနိုင်ဘူးဆိုရင် ရာထူးကနုတ်ထွက်ရမယ်။ လူတွေဟာ ဘာနီယာကို အစိုးရအဖွဲ့ဦးဆောင်ဖွဲ့စည်းနိုင်ခြင်းကနေ တားဆီးတာတွေလည်းရှိနေတယ်။ ပြင်သစ်အစိုးရအဖွဲ့ ဖွဲ့စည်းရေးလုပ်ငန်းစဉ်တွေမှာ သမ္မတမက်ခရွန် ပါဝင်ပတ်သက်နေတယ်။ သမ္မတမက်ခရွန်ဟာ မီးနဲ့ကစားသလိုမျိုးဖြစ်နေတယ်။ ဘာနီယာသာ ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်ခဲ့မယ်ဆိုရင် မက်ခရွန်တစ်ဦးတည်း ကျန်ရှိတော့မယ်"ဟုပြောသည်။

ပြင်သစ်နိုင်ငံ၌ ဇွန်လနှင့် ဇူလိုင်တို့တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့သော်လည်း နှစ်လကျော်ကြာချိန်အထိ အစိုးရအသစ်ဖွဲ့စည်းနိုင်ခြင်းမရှိဘဲ ပြင်သစ်သမ္မတနှင့် ရွေးကောက်ပွဲအနိုင်ရပါတီများကြား အငြင်း ပွားမှုများရှိနေကြောင်း သိရသည်။ ရွေးကောက်ပွဲတွင် လက်ယာစွန်းပါတီဖြစ်သော New Popular Front (NPF)ပါတီက အနိုင်ရခဲ့ သော်လည်း အစိုးရအဖွဲ့ကို သီးသန့်ဖွဲ့စည်းနိုင်သော မဲရလဒ်မျိုးမဟုတ်ဘဲ အခြားပါတီများနှင့်ပူးပေါင်းပြီး အစိုးရအဖွဲ့ ဖွဲ့စည်းရဖွယ်ရှိနေရာ ပြင်သစ်သမ္မတမက် ခရွန်က တားဆီးကန့်ကွက်ခြင်းများရှိနေသည်။ အဆိုပါ ပါတီသည် လွှတ် တော်အတွင်းမဲအများဆုံးရရှိသည့်ပါတီအဖြစ်ရပ်တည်နေပြီး လူစီကက်တက်စ်ကို ဝန်ကြီးချုပ် အသစ်အဖြစ်ရွေးချယ်ခန့်အပ်ခဲ့ကာ မက် ခရွန်က ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။ ပြင်သစ်သမ္မတမက်ခရွန်က ဝန်ကြီးချုပ်အသစ်အဖြစ်ရွေး ချယ်ထားသော ဘာနီယာ၏ပါတီဖြစ်သည့် Les Republicains ပါတီသည် ရွေးကောက်ပွဲ၌ မဲဆန္ဒနယ်အနည်းငယ်တွင် အနိုင်ရခဲ့ကြောင်းသိရသည်။

ပြင်သစ်နိုင်ငံတွင် လက်ဝဲစွန်းပါတီ၊ သမ္မတ မက်ခရွန်၏အလယ် အလတ်လမ်းစဉ်ပါတီနှင့် လက်ယာစွန်းပါတီများကြား အငြင်းပွားမှုများဖြစ်ပွားနေခြင်းကြောင့် အစိုးရအသစ်ဖွဲ့စည်းနိုင်ရန် နှောင့်နှေးနေကြောင်းသိရသည်။      


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved