ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လူဦးရေ (၅ဝဝဝဝ) နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရ
စော (NSS) - နိုဝင်ဘာ ၁ဝ
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် လူဦးရေ (၅ဝဝဝဝ)နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း UNOCHA က ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ယနေ့(နိုဝင်ဘာ ၁ဝ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ဦးဆောင်သော မဟာမိတ် (၃)ဖွဲ့၏ (၁ဝ၂၇) စစ်ဆင်ရေးအမည်ဖြင့် တပ်မတော်စခန်းချရာနေရာများနှင့် ရဲစခန်းများကို ဆက်တိုက် တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
၎င်းတိုက်ပွဲများကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လူဦးရေ (၅ဝဝဝဝ) နီးပါး နှင့် မြန်မာနိုင်ငံအနောက် မြောက်ပိုင်းတွင် လူဦးရေ (၄ဝဝဝဝ) နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းမြောက်တိုက်ပွဲများကြောင့် မြန်မာ-တရုတ်နယ်စပ်တွင် ဖွင့်လှစ်ထားသော BP (၁၂၅)မိုင် စစ်ရှောင်စခန်း၌ နိုဝင်ဘာလ(၈)ရက် ညပိုင်းအထိ နေရပ်စွန့်ခွာသူဦးရေ (၁၇၇၆၅)ဦး ရှိလာပြီးဖြစ်ကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထို့ပြင် လားရှိုးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင်လည်း နေရပ်စွန့်ခွာသူဦးရေ လူ(၄ဝဝဝ)ကျော် ထက်မနည်း ခိုလှုံနေကြကြောင်း သိရသည်။
လက်ရှိတွင် နေရပ်စွန့်ခွာထွက်ပြေးသူများအတွက် စားနပ်ရိက္ခာများ၊ နေရာထိုင်ခင်းများ၊ ကျန်းမာရေးနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုးကန့်ဒေသ၌ တရားမဝင် နိုင်ငံခြားသားများကို စစ်ဆေးဖော်ထုတ်မည်ဖြစ်ပြီး စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက အင်အားသုံးမည်ဟု သတိပေး
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ