ကိုးကန့်ဒေသ၌ တရားမဝင် နိုင်ငံခြားသားများကို စစ်ဆေးဖော်ထုတ်မည်ဖြစ်ပြီး စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက အင်အားသုံးမည်ဟု သတိပေး
မျိုးကြီး (NSS) - နိုဝင်ဘာ ၁ဝ
ကိုးကန့်ဒေသ၌ တရားမဝင်နိုင်ငံခြားသားများကို စစ်ဆေးဖော်ထုတ်မည်ဖြစ်ပြီး စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက အင်အားသုံးနှိမ်နင်းမည်ဟု စီမံအုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် နှင့် အုပ်ချုပ်ရေးမှူးများသည် နိုဝင်ဘာ ၉ ရက်တွင် ပြည်ပနိုင်ငံသားများ စုံစမ်းစစ်ဆေးဖော်ထုတ်ရေးကိစ္စနှင့် ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သောကာလများ၌ ကိုးကန့်ဒေသအတွင်း တရားမဝင်နိုင်ငံခြားသားများ ဝင်ရောက်မှုနှင့်ပတ်သက်၍ စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်စဉ် ကုမ္ပဏီအချို့နှင့် ဖျော်ဖြေရေးကုမ္ပဏီများက ပူးပေါင်းဆောင်ရွက်ခြင်းမရှိခဲ့ ကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
လက်ရှိတွင် တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသားများကို တင်းကြပ်စွာစုံစမ်းဖော်ထုတ်ရန် အရေးတကြီး လိုအပ်လျက်ရှိပြီး စုံစမ်းစစ်ဆေးရေးအစီအစဉ်သစ်တစ်ရပ်ကိုလည်း ချမှတ်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့က အသိပေးထားသည်။
ထို့ကြောင့် စုံစမ်းစစ်ဆေးဖော်ထုတ်မှုများကို စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှု အားလုံးဝပပျောက်ရန် ဆောင်ရွက်သွားမည်ဟု စီမံအုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
ထိုသို့ စုံစမ်းစစ်ဆေးမှုများကို ထပ်မံပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက စစ်ဆေးရေးအဖွဲ့က အင်အားသုံးနှိမ်နင်းသွား ရန်လည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုထားသည်။
ကိုးကန့်ဒေသ၌ အခြေပြုကာ အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် မတရားဝင်လုပ်ငန်းများကို မသမာသူများက ကျူးလွန်ဆောင်ရွက်နေလျက်ရှိပြီး အဆိုပါအွန်လိုင်းလိမ်လည်မှုများကို နစကအစိုးရအနေဖြင့် အရေးကြီးကိစ္စရပ် အဖြစ် ဖြေရှင်းနေရလျက်ရှိသည်။
ကိုးကန့်ဒေသို့ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား (၆၄၉၂)ဦး၊ ထိုင်းနိုင်ငံသား (၁၆၂) ဦး၊ ဗီယက်နမ်နိုင်ငံသား (၁၆၆)ဦးနှင့် မလေးရှားနိုင်ငံသား (၂၈)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် ၎င်းတို့အား သက်ဆိုင်ရာမိခင်နိုင်ငံများဆီသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဂတိလိုက်စားသူများအား ထုတ်ဖော်သတင်းပေးသူများကို အကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ