အဂတိလိုက်စားသူများအား ထုတ်ဖော်သတင်းပေးသူများကို အကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိ
ကျော် (NSS) - နိုဝင်ဘာ ၁ဝ
မြန်မာနိုင်ငံတွင် အဂတိလိုက်စားသူများအား ထုတ်ဖော်သတင်းပေးသူများကို အကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်း နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်း က ပြောသည်။
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကယ်ဒမီအဖွဲ့ဝင်နိုင်ငံများ၏ (၁၂)ကြိမ်မြောက်ညီလာခံအား နိုဝင်ဘာ ၉ ရက်က ကျင်းပခဲ့သည်။
ယင်းညီလာခံသို့ သံအမတ်ကြီးဦးမင်းသိန်းတက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာအစီအစဉ်(၂ဝ၂၂-၂ဝ၂၅)အောက်တွင် ၂ဝ၂၃ ခုနှစ် လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်လျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အထက်တန်း နှင့် တက္ကသိုလ်အဆင့်များတွင် အဂတိလိုက်စားမှုကင်းဝေးရေး၊ဂုဏ်သိက္ခာ၊လူ့ကျင့်ဝတ်ဆိုင်ရာသင်ရိုးများ ထည့်သွင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
ထို့အတူ ကျောင်းများတွင် အသိပညာပေးအစီအစဉ်၊ ဆရာ/ဆရာမများ၏ မွမ်းမံသင်တန်းများတွင် အသိပညာပေး ဆွေးနွေးမှုများပြုလုပ်လျက်ရှိကာ အဂတိလိုက်စားမှုကာကွယ်ရေးအဖွဲ့များကိုလည်း ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့ အစည်းများ အားလုံးတွင် ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ပြော သည်။
ထို့ပြင် နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေးရာတွင်လည်း ငွေကြေးဆိုင်ရာထောက်လှမ်း ရေးအဖွဲ့များ၊ မှုခင်းရဲတပ်ဖွဲ့များနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အများပြည်သူအကျိုးငှာ ထုတ်ဖော် သတင်းပေးသူများအား အကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားခဲ့ သည်။
မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပြည်သူများအတွက် ပညာသင်ဆုများ၊ ပညာရေး၊ လေ့ ကျင့်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များဆောင်ရွက်ပေးရန်လည်း သံအမတ်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ကမ်းခြေစောင့်ကင်းလှည့်သင်္ဘော(၅)စင်းကို ဖြန့်ကျက်ချထားနိုင်ရန် လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင်အစိုးရပြော
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ