ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ကမ်းခြေစောင့်ကင်းလှည့်သင်္ဘော(၅)စင်းကို ဖြန့်ကျက်ချထားနိုင်ရန် လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင်အစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၁ဝ
ဖိလစ်ပိုင်အစိုးရသည် အငြင်းပွားမှုများဖြစ်ပွားနေသော တောင်တရုတ်ပင်လယ်တွင် ၎င်း၏ ကင်းလှည့်နိုင်စွမ်းကို ပိုမိုမြှင့်တင်ရန်အတွက် ဂျပန်အစိုးရ၏ ချေးငွေအကူအညီဖြင့် အမေရိကန်ဒေါ်လာသန်း(၅ဝဝ) တန်ဖိုးရှိ ကမ်းခြေ စောင့်သင်္ဘော(၅)စင်းကို ဖြန့်ကျက်ချထားနိုင်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အကြီးတန်းအရာရှိတစ်ဦး က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၏ လုံခြုံရေးစွမ်းရည်ကို မြှင့်တင်ရာတွင် ဂျပန်နိုင်ငံက ဆက်လက်ပါဝင်ကူညီပေးသွားမည်ဖြစ် ကြောင်း ကတိပြုခဲ့သော ဂျပန်ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါ ၏ ခရီးစဉ်အပြီးတွင် အဆိုပါကြေညာချက် ထွက်ပေါ်လာ ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံသည် အငြင်းပွားနေသော နယ်မြေများ အပါအဝင် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုသောလုပ်ရပ်များကို လက်တုံ့ပြန်နိုင်ရန်အတွက် ၎င်း၏ ရေကြောင်းလုံခြုံရေးကို ပိုမိုအဆင့်မြှင့်တင်ကာ မိတ်ဖက်နိုင်ငံများ နှင့် ဆက်ဆံရေးများကို ပိုမိုမြှင့်တင်လျက်ရှိကြောင်း သိရသည်။
ဂျပန်နိုင်ငံထံမှ ချေးငွေ အမေရိကန်ဒေါ်လာ(၅၂၅) သန်းရှိ ရန်ပုံငွေဖြင့် ၂ဝ၂၇ ခုနှစ်မှ ၂ဝ၂၈ ခုနှစ်အတွင်း (၉၇)မီတာ အရှည်ရှိ သင်္ဘော(၅)စင်းကို ဖြန့်ကျက်ချထားသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စီးပွားရေးစီမံခန့်ခွဲရေးအတွင်းရေးမှူး Arsenio Balisacan က ပြောကြားခဲ့သည်။
၎င်းက "အဲဒီအစီအစဉ်ဟာ အနောက်ဖိလစ်ပိုင်ပင်လယ်မှာ အရေးကြီးတဲ့ပင်လယ်ရေကြောင်း ဆက်သွယ်ရေး လမ်းကြောင်းတွေကို ကာကွယ်နိုင်ဖို့ ကမ်းခြေစောင့်တပ်ဖွဲ့ကို အကူအညီဖြစ်စေမှာပါ။ ဒါဟာ တရားမဝင် လုပ်ဆောင်မှုတွေကို တိုက်ဖျက်ရာမှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ကို အကူအညီပေးနိုင်မှာဖြစ်ပြီး ဖိလစ်ပိုင်ရေ ပိုင်နက်အတွင်းမှာ ရေကြောင်းဥပဒေတွေ ပြဌာန်းနိုင်ဖို့ကိုလည်း အကူအညီဖြစ်စေမှာပါ" ဟု ပြောခဲ့သည်။
ဂျပန်၏ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအကူအညီသည် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့၏ စွမ်းရည်ကို မြှင့်တင်ရာ တွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။ ဂျပန်ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါသည် ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့သို့ သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ဖိလစ်ပိုင်နိုင်ငံကို ကမ်းရိုးတန်းရေဒါ စောင့်ကြည့်ရေး စနစ်ကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နီပေါနိုင်ငံရှိ သံရုံးကို ပိတ်သိမ်းလိုက်ကြောင်း မြောက်ကိုရီးယားအစိုး ရထုတ်ပြန်ကြေညာ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ