နီပေါနိုင်ငံရှိ သံရုံးကို ပိတ်သိမ်းလိုက်ကြောင်း မြောက်ကိုရီးယားအစိုး ရထုတ်ပြန်ကြေညာ
Pika (NSS) - နိုဝင်ဘာ ၁ဝ
မြောက်ကိုရီးယားအစိုးရသည် နီပေါနိုင်ငံရှိ မြောက်ကိုရီးယားသံရုံးကို ပိတ်ပစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
နီပေါရှိ မြောက်ကိုရီးယားသံရုံးပိတ်သိမ်းမှုမှာ မြောက်ကိုရီးယားအစိုးရ၏ သံတမန်ရေးရာမစ်ရှင်ပိတ်သိမ်းမှု နောက်ဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။ သံရုံးပိတ်သိမ်းရခြင်းအကြောင်းအရင်းမှာ လက်ရှိဖြစ်ပေါ်နေ သော စီးပွားရေးကျဆင်းမှုများနှင့် ပထဝီဝင်နိုင်ငံရေးအခြေအနေများ ပြောင်းလဲခြင်းတို့ကြောင့်ဖြစ်ကြောင်း နီပေါ နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီးJo Yong-man က နီပေါဝန်ကြီးချုပ်ကို ပြောကြားခဲ့သည်။
နီပေါနိုင်ငံရှိ မြောက်ကိုရီးယားသံရုံးကို ပိတ်သိမ်းလိုက်ပြီးနောက် အိန္ဒိယနိုင်ငံရှိ မြောက်ကိုရီးယားသံရုံးသည် နီပေါနိုင်ငံနှင့်ဆက်ဆံရေးကို ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း Jo Yong-man က ပြောခဲ့သည်။
မြောက်ကိုရီးယားအစိုးရသည် သံတမန်မစ်ရှင်များကို ထိန်းသိမ်းရာတွင် အခက်အခဲများရှိနေခြင်းကြောင့် ယခုကဲ့သို့ ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ပြောဆိုခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယားအပေါ် နိုင်ငံတကာမှ ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားဝင်ငွေရရှိမှု ဆုတ်ယုတ်မှုများကြောင့် ပိတ်သိမ်းခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း တောင်ကိုရီးယား၏ ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့၏ ပေါ်တာဆွဲမည်ကိုကြောက်ရွံ့၍ မိုင်းရှူးမြို့နယ်ဘက်မှ ဒေသခံ ၄ဝဝ ကျော် နမ့်စန်သို့ တိမ်းရှောင်လာ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ