တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့၏ ပေါ်တာဆွဲမည်ကိုကြောက်ရွံ့၍ မိုင်းရှူးမြို့နယ်ဘက်မှ ဒေသခံ ၄ဝဝ ကျော် နမ့်စန်သို့ တိမ်းရှောင်လာ
ကျော် (NSS) - နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်မှ ဒေသခံ ၄ဝဝ ဦးကျော်သည် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့၏ ပေါ်တာဆွဲနေမှုများကိုကြောက်ရွံ့၍ နမ့်စန်မြို့ဘက်သို့ တိမ်းရှောင်လာခဲ့ကြကြောင်း ခိုလမ်မြို့ခံတစ်ဦးက NP News သို့ ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် TNLA၊ AA၊ KIA အဖွဲ့များသည် မိုင်းရှူးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းဝင်ရောက်ကာ ရွာသူ၊ရွာသားများအား ပေါ်တာဆွဲခြင်း၊ ဆက်ကြကောက်ခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
"နိုဝင်ဘာ ၉ ရက်(ယမန်နေ့)မွန်းလွဲ ၂ နာရီခွဲလောက်ကစပြီး ၁၂ ဘီးကား ၄ စီးလောက်နဲ့ အယောက် ၄ဝဝ ကျော်ပါတယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအများကြီးပဲ ဒေသခံတွေကော ရွှေ့ပြောင်းအလုပ်သမားတွေ ကောခိုလမ်မှာ ခဏဝင်နားလို့ မေးကြည့်တော့ လက်နက်ကိုင်အဖွဲ့တွေက ပေါ်တာဆွဲ ဆက်ကြေးကောက်တာတွေ ကိုကြောက်လို့ တိမ်းရှောင်လာတာလို့ သိရတယ်။ ဒီရက်ထဲမှာ ပေါ်တာဆွဲခံလိုက်ရတဲ့လူ အယောက် ၄ဝ လောက်ရှိ ပြီလို့လဲ သိရတယ်" ဟု ခိုလမ်မြို့ခံတစ်ဦးက NP News ကို ပြောသည်။
တိမ်းရှောင်လာသူများတွင် ပလောင်၊ ရှမ်း၊ ဗမာ နှင့် တရုတ်လူမျိုးများ ပါဝင်ပြီး ခိုလမ်မြို့တွင် ဆွေမျိုးမိတ်ဆွေရှိ သူများမှာ ခိုလမ်မြို့၌ပင် နေထိုင်ခဲ့ကြပြီး ကျန်ရှိသူများမှာ နန့်စမ်မြို့ရှိ ယာယီစစ်ဘေးရှောင်စခန်းများသို့ ဆက်လက်သွားရောက်ခဲ့ကြကြောင်း သိရသည်။
"နမ့်စန်က ပရိယတ္တိစာသင်တိုက်နဲ့ ပြည်သူ့စစ်ဌာနချုပ်စခန်းတွေမှာ တိမ်းရှောင်လာတဲ့လူတွေကို စောင့်ရှောက်ထားတယ် သူတို့စားဖို့သောက်ဖို့အတွက် လိုအပ်တာတွေကို မြို့ခံပရဟိတအသင်းတွေက မြို့မိမြို့ဖတွေနဲ့ပေါင်းပြီး စီစဥ်ပေးထားတယ် နယ်မြေခံတပ်မတော်ကလည်း နေရာထိုင်ခင်းနဲ့ သူတို့ရဲ့ကျန်းမာရေးအတွက် စောင့်ရှောက်တာ တွေ လုပ်ပေးတယ်" ဟု ခိုလမ်မြို့ခံတစ်ဦးကပြောသည်။
နမ့်စန်မြို့တွင် တိမ်းရှောင်နေသူများအနက် အချို့သည် ယနေ့ နိုဝင်ဘာ ၁ဝ ရက်တွင် တောင်ကြီးမြို့၊ လွိုင်လင်မြို့၊ မိုးနည်းမြို့များသို့ ထပ်မံသွား ရောက်သူများရှိကာ နမ့်စန်မြို့တွင် ဆက်လက်နေ ထိုင်သူများလည်းရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှုံးနိမ့်ခဲ့သော ယူရိုပါလိဂ်ပွဲစဉ်ရလဒ်က အသင်းနှင့်ထိုက်တန်ကြောင်း လီဗာပူးလ်နည်းပြပြော
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ