Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကွမ်းလုံမြို့ ထိန်းချုပ်သိမ်းပိုက်ခံရခြင်း မရှိ၊ ကွမ်းလုံဗျူဟာကုန်းနှင့် လုံခြုံရေးအဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် ခုခံ ကာကွယ်နေဟု နစကပြော

မြူနစ် (NSS) - နိုဝင်ဘာ ၁ဝ

ရှမ်းပြည်နယ်ရှိ ကွမ်းလုံမြို့သည် ထိန်းချုပ်သိမ်းပိုက်ခံရခြင်း မရှိသေးကြောင်း နှင့် ကွမ်းလုံဗျူဟာကုန်းနှင့် လုံခြုံရေးအဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေကြောင်း နစကဘက်က ဆိုသည်။


နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့(နိုဝင်ဘာ ၁ဝ ရက်)တွင် ကွမ်းလုံမြို့အခြေအနေနှင့်ပတ်သက်၍ NP News သတင်းဌာန၏ မေးမြန်းမှုအပေါ် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ကွမ်းလုံမြို့နှင့်အနီး တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင်သော လက်နက်ကိုင်အဖွဲ့များသည် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေသည်မှာ (၅)ရက်ခန့်ရှိပြီဖြစ် ကြောင်း သိရသည်။

“ကွမ်းလုံမြို့မှာ တိုက်ပွဲဖြစ်ပွားတာတော့ (၅)ရက်လောက်နီးပါးရှိနေပြီ။ အဲဒီမှာ ကွမ်လုံမှာ ယခင်ကတည်းကရှိခဲ့တဲ့ ကွမ်းလုံဗျုဟာနဲ့ အဖွဲ့တွေကတော့ ပြင်းပြင်းထန်ထန် ခုခံဆောင်ရွက်နေတယ်။ နောက်ထပ်အထောက်အကူပြုမယ့် အဖွဲ့များလည်း စေလွှတ်ပြီး ဖြစ်ပါတယ်။ ဒီနေရာက အရေးကြီးတဲ့နေရာလည်းဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ခုခံ ကာကွယ်နေတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

MNDAA ဦးဆောင်သော လက်နက်ကိုင်အဖွဲ့များသည် အင်အားအလုံးအရင်းဖြင့် နေ့စဉ်နီးပါး ကွမ်းလုံမြို့ကို တိုက်ခိုက်နေခြင်းဖြစ်ပြီး Drop ဗုံးများကို အများဆုံးအသုံးပြုကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောသည်။


ထို့ပြင် PDF အဖွဲ့ဝင်များအနေဖြင့် MNDAA ၏ စစ်ဝတ်စုံများကို ဝတ်ဆင်ကာ ကွမ်းလုံမြို့ရှိ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်နေရမှုများလည်းရှိကြောင်း သိရသည်။

ကွမ်းလုံမြို့အား အပြီးသတ်သိမ်းပိုက်ပြီးဖြစ်ကြောင်း MNDAA က အတည်ပြုထားသည်ဟုဆိုကာ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနဆိုသောအဖွဲ့အစည်းက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ပြောချင်တာက ကောလဟာလကို နည်းမျိုးစုံနဲ့ ဖြန့်ပါလိမ့်မယ်။ ဝါဒဖြန့်ပါ လိမ့်မယ်။ ဒါတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ ယုံကြည်မှုမရှိကြဖို့ ပြောချင်ပါတယ်” ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

MNDAA၊ TNLA၊ AA မဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ (၁ဝ၂၇ စစ်ဆင်ရေး) အမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့နှင့်အတူ KIA အဖွဲ့၊ PDF အဖွဲ့များကလည်း ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။

“သိန္နီဘက်ခြမ်းအခြေအနေမှာ သိန္နီမြို့ထဲက တစ်ချို့နေရာတွေမှာတော့ သောင်းကျန်းသူများအနေနဲ့ ဝင်ရောက်နေ တာရှိတယ်။ လမ်းတွေကို ချိုးဖျက်ထားတာရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးလည်း တပ်မတော်အနေနဲ့ ပြင်ဆင်ရေး လုပ်ငန်းတွေ၊ ပြန်လည်ပြီးတော့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်” ဟု နစကပြောခွင့်ရက ဆိုသည်။

မနက်ဖြန် (နိုဝင်ဘာ ၁၁ ရက်)တွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့သော ကွမ်းလုံတံတားသစ် ဖွင့်လှစ်ရန် မြန်မာ-တရုတ်နှစ်နိုင်ငံအစိုးရကြား စီစဉ်ထားသော်လည်း တိုက်ပွဲများကြောင့် ၎င်းအစီအစဉ်ကို ယာယီ ရပ်ဆိုင်းထားရကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂါဇာဒေသကို ရယူ သိမ်းပိုက်အုပ်ချုပ်ဖို့ ကြိုးပမ်းမှာမဟုတ်ဘူးလို့ အစ္စရေးအစိုးရ ပြော

RECENT POSTS
ရန်ကုန်တိုင်းဒေသကြီးအတွင်း ငွေကျပ် (၄) ဘီလျံနီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း(၄၀) နီးပါး ဖမ်းမိ
25 Oct 2024
မန္တလေးတွင် အကြော်ဆရာက ဓားဖြင့်ခုတ်သောကြောင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ဇနီးနှင့် စားပွဲထိုးသေဆုံးပြီး (၂)ဦးပြင်းထန်ဒဏ်ရာရ
25 Oct 2024
PDF များက အခြေခံပညာအလယ်တန်းကျောင်းကို Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူများအပါအဝင် (၅)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိမှု မြိုင်မြို့၌ ဖြစ်ပွား
25 Oct 2024
လှိုင်မြို့နယ်တွင် ရွှေထည်ပစ္စည်းအစုံ(၅)ပိဿာကျော် နှင့် ငွေကျပ်သိန်း(၅၀)ခန့်အား သေနတ်ပြခြိမ်းခြောက် လုယက်ခဲ့သူများမှာ PDF သင်တန်းဆင်းများ ဖြစ်နေ
25 Oct 2024
မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေသည့် အိန္ဒိယနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ(၅)ခုကို နှစ်နိုင်ငံလက်မှတ်ရေးထိုး
25 Oct 2024
ကလေးဘဝကူးစက်တတ်သောရောဂါများ (ကျန်းမာရေးဆောင်းပါး)
25 Oct 2024
ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ၏ သားမက်ဟောင်း ဒေါက်တာနေစိုးမောင်ကို နစက ဖမ်းဆီးအမှုဖွင့်
25 Oct 2024
အမေရိကန် မင်းသား တွမ်ဟော်လန်က Spider-Man 4 ကို ၂ဝ၂၅ ခုနှစ်မှာ စတင်ရိုက်ကူးမယ်လို့ အတည်ပြု
25 Oct 2024
အမေရိကန် ရက်ပ်အဆိုတော် မီဂန်၊ တောင်ကိုရီးယား K Pop အဖွဲ့ Twice၊ BTS အဖွဲ့ဝင် RM တို့နဲ့ collaborate သီချင်းထွက်မည်
25 Oct 2024
လှည်းကူးမြို့နယ်တွင် ဟင်းပေါင်းစားရာမှ ကိုရင်(၁၆)ပါးနှင့် ဘုန်းကြီးကျောင်းသား(၁)ဦးတို့ အစာအဆိပ်သင့်မှုဖြစ်ပွား
24 Oct 2024
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved