Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အရပ်သားများ ထွက်ခွာနိုင်ဖို့ နေ့စဉ် ၄ နာရီကြာ တိုက်ခိုက်မှုရပ်စဲထားရေး အစ္စရေး သဘောတူ

Htay Oung (NSS) - နိုဝင်ဘာ ၁ဝ 

စစ်သွေးကြွအုပ်စုက ဖမ်းဆီးထားတဲ့ ဓားစာခံများ လွှတ်မြောက်ရန် ကြိုးပမ်းနေစဉ် ဟားမတ်စ်တို့ကို ချေမှုန်း‌နေတဲ့ အစ္စရေးက လူသားချင်းစာနာတဲ့အနေနဲ့ သူတို့ရဲ့ တိုက်ခိုက်မှုကို နေ့စဉ် လေးနာရီကြာ ရပ်နားထားဖို့ သဘောတူ တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ သမ္မတဂျိုးဘိုင်ဒင်ကတော့ တိုက်ပွဲတွေ ရက်ပေါင်းများစွာ ရပ်တန့်ဖို့ အစ္စရေးကို ဖိအားပေးနေတယ်လို့ အေပီသတင်းအေဂျင်စီက ယနေ့ ရေးသားပါတယ်။


တနင်္လာနေ့ ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ဖုန်းခေါ်ဆိုမှုအတွင်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို နေ့စဉ်ရပ်ဆိုင်း ဖို့နဲ့ ဟားမတ်စ်တို့ဖမ်းဆီးထားတဲ့ ဓါးစာခံများလွတ်မြောက်ရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ဖို့ အနည်းဆုံး သုံးရက် ကြာတိုက်ခိုက်မှု ရပ်ဆိုင်းပေးထားဖို့ တောင်းဆိုခဲ့ကြောင်း၊ တရားဝင် အပစ်အခတ်ရပ်စဲရေးကတော့ ဖြစ်နိုင်ချေ မရှိကြောင်း၊ အခုလိုလူသားချင်းစာနာတဲ့အနေနဲ့ တိုက်ခိုက်မှု ခေတ္တရပ်ဆိုင်းပေးဖို့ကိစ္စတောင် မျှော်လင့်ထားသည် ထက် အနည်းငယ် အချိန်ယူခဲ့ရတယ်လို့ သမ္မတဘိုင်ဒင်က ပြောပါတယ်။  

ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး သမ္မတဘိုင်ဒင်ရဲ့ကိုင်တွယ်ဆောင်ရွက်ပုံတွေကို သူ့ရဲ့ဒီမိုကရက်တစ်အမတ် ထက်ဝက် နီးပါးတို့က သဘောမတူကြောင်း အေပီသတင်းအေဂျင်စီနဲ့ ချီကာဂိုတက္ကသိုလ်တို့ ပူးတွဲကောက်ယူတဲ့ စစ်တမ်းအရ သိရှိရပါတယ်။


အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ နေ့စဉ်လူသားချင်းစာနာမှုဆိုင်ရာ ခေတ္တ ရပ်ဆိုင်းပေးမှုကို ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာမယ်လို့ ပြောပါတယ်။ အစ္စရေးအနေနဲ့ လေးနာရီကြာ အချိန်သတ်မှတ်ချက်တစ်ခုစီကို နေ့စဉ် အနည်းဆုံး ၃ နာရီကြိုတင်ကြေညာပေးဖို့ ကတိပြုကြောင်း၊ ဟားမတ်စ် တို့အပေါ် လောလောဆယ် စစ်ဆင်ရေးပြုလုပ်နေတဲ့ အစ္စရေးက အဲဒီနယ်မြေမှ အရပ်သားများ ဘေးလွတ်ရာ ထွက်ခွာနိုင်ဖို့ ဒုတိယမြောက် စင်္ကြံလမ်းကို ဖွင့်လှစ်ပေးမှာဖြစ်ကြောင်း၊ နယ်မြေအတွင်း အဓိက တောင်မြောက် လမ်းမကြီးနဲ့ ကမ်းရိုးတန်းလမ်းတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒုတိယမြောက် လအတွင်း ရောက်ရှိလာတဲ့ ဟားမတ်စ်-အစ္စရေးစစ်ပွဲမှာ ဂါဇာနေ လူပေါင်း ၁ဝဝဝဝ ကျော်သေဆုံး ခဲ့ရပြီးဖြစ်ပါတယ်။ ကမ်းမြှောင်အတွင်း ပိတ်မိနေသူတို့ဟာ လျှပ်စစ်မီး နှင့် သောက်ရေ မရရှိဘဲ အသက်ရှင်ဖို့          အတွက်သာ အတတ်နိုင်ဆုံး ကြိုးစားနေကြပါတယ်။ ယာယီ ခိုလှုံရာနေရာများ စိတ်ပျက် အားငယ်ခြင်းများနဲ့ ပြည့်နှက်နေပါတယ်။ အခမဲ့ အစားအစာရရှိဖို့အတွက် တန်းစီနေကြသူများအတွင်း ခိုက်ရန်ဖြစ်ပွားနေကြခြင်းများနဲ့ စစ်ပွဲကြောင့် ပါလက်စတိုင်း လူ့အစည်းဟာ ဝါးအစည်းပြေဖို့ ခြိမ်းခြောက်နေပါတယ်။

ဟားမတ်စ်စစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် မြေထဲပင်လယ်ဘက်မှ ဂါဇာမြို့အတွင်း အစ္စရေးရဲ့ ကမ်းရိုတန်း တစ်လျှောက် တိုးဝင်မှုဟာ ယခုသီတင်းပတ် စောစောပိုင်းကတည်းကဖြစ်ကြောင်း အေပီသတင်းဌာနက ရရှိတဲ့ ဂြိုလ်တုဓါတ်ပုံများက ဖော်ပြနေကြပါတယ်။ ကမ်းမြှောင်ဒေသမှာ အကြီးဆုံး လူနေမြို့ပြဖြစ်တဲ့ ဂါဇာမြို့ မြောက်ဘက်မှာ ဒုံးကျည်ထိမှန်မှုများနဲ့ မီးခိုးလုံးများ လှိမ့်တက်နေခဲ့တာ နိုဝင်ဘာ ၆ ရက်ကတည်းက ဖြစ်ပါတယ်။ ဂါဇာဒေသကို ဖြတ်တောက်မယ့် အစ္စရေးရဲ့စစ်ကြောင်း ၃ ခုအနက် တင့်ကားများနဲ့ စစ်သည်တင်သံချပ်ကာ ကားများကို ယခင်နေရာမှာပဲ တွေ့မြင်ရပါတယ်။

ဂါဇာမြို့အလယ်ဗဟိုရှိ ရှာတီဒုက္ခသည်စခန်းမှ မြောက်ဘက် မိုင်ဝက်ခန့်အကွာမှာ အစ္စရေးစစ်သားများ ရောက်ရှိ နေကြောင်း၊ အဲဒီဒုက္ခသည်စခန်းဟာ ၁၉၄၈-ခုနှစ် ပထမအကြိမ် အာရပ်အစ္စရေးစစ်ပွဲအတွင်း ဂျူးလူနေရပ်ကွက် များအတွင်းမှ ရွှေ့ပြောင်း (သို့မဟုတ်) နှင်ထုတ်ခံရတဲ့ ပါလက်စတိုင်းမိသားစုများ ခိုလှုံနေထိုင်လျက်ရှိ‌ကြောင်း၊ လွန်ခဲ့တဲ့ ၄ ရက် အစ္စရေးတပ်များရှိနေတဲ့ နေရာမှ ၂ မိုင်ခန့်အကွာ ရှီဖာဆေးရုံအနီးမှာ ဂျူးစစ်သား‌တွေကို ခုခံ တိုက်ခိုက်နေတဲ့ ဟားမတ်စ်တို့ကို တွေ့မြင်ခဲ့ရတယ်လို့ မျက်မြင်သက်သေများက ပြောကြပါတယ်။

အရပ်သားထောင်ပေါင်းများစွာ တောင်ဘက်သို့ ထွက်ပြေးနေစဉ် ပြီးခဲ့တဲ့ရက်များမှာ အလားတူ ရေတို ခေတ္တရပ်နား မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ အရပ်သားများအပေါ် အကာအကွယ်ပေးရန် ဖိအားပေးခံနေရတဲ့အတွက် အစ္စရေးတို့ရဲ့ တိုက်ခိုက်မှု ရပ်နားခြင်း တိုးချဲ့ပေးမယ့်အကြောင်း ယမန်နေ့ သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာပုံရပါတယ်။ 

အစ္စရေးအာဏာပိုင်များရဲ့အဆိုအရ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုမှာ လူပေါင်း ၁၄ဝဝ ခန့် အသတ်ခံခဲ့ရပြီး ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများ အပါအဝင် ဓားစာခံ ၂၃၉ ဦးခန့်တို့ကို ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရှိရပါတယ်။ ဖမ်းဆီးခံထားရသူများထဲမှာ အမေရိကန် ၁ဝ ဦးထက်နည်းလိမ့်မယ်လို့ ယုံကြည်‌ကြောင်း၊ တိုက်ခိုက်မှုကို ယာယီရပ်ဆိုင်းပေးခြင်းဟာ ဓါးစာခံများ လွှဲပြောင်းရေးမှာ အသုံး၀င်လိမ့်မယ်လို့ အိမ်ဖြူ‌တော် အရာရှိများက ပြောပါတယ်။

ပြီးခဲ့တဲ့လ ဟားမတ်စ်အဖွဲ့က ဓားစာခံ လေးဦးကို လွှတ်ပေးရေး သွယ်ဝိုက်တဲ့ဆွေးနွေးပွဲများမှာ ကာတာနိုင်ငက ပါ၀င်ခဲ့ကြောင်း၊ ဓားစာခံအများအပြား လွှတ်ပေးဖို့အတွက် ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်နေကြောင်း၊ ဂါဇာရှိ ဓားစာခံများ လွတ်မြောက်ရေးအတွက် ကာတာ၀န်ကြီးချုပ်အပြင် အစ္စရေး မော့ဆက် ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲတို့နဲ့ ဆွေးနွေးဖို့အတွက် CIA ညွှန်ကြားရေးမှူး ဝီလျံ_ဘန်းဟာ ယမန်နေ့ ဒိုဟာမြို့မှာ  ရောက်ရှိနေ တယ်လို့ အမေရိကန် အရာရှိတစ်ဦးက အတည်ပြုပါတယ်။

ကာတာဟာ ဟားမတ်စ်နဲ့ နိုင်ငံတကာဆက်ဆံရာမှာ မကြာခဏ ကြားဝင်ဆောင်ရွက်ပေးနေတဲ့နိုင်ငံဖြစ်ပြီး ထိပ်တန်း ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင်အချို့ဟာ ကာတာနိုင်ငံအတွင်း နေထိုင်သူများဖြစ်ကြပါတယ်။ ဒါပေမယ့် CIA အကြီးအကဲဟာ စေ့စပ်ညှိနှိုင်းရေးမှာ ဦးဆောင်သူအဖြစ် ပါဝင်ခြင်းတော့ မဟုတ်ဖူးလို့ အမေရိကန် အရာရှိက အလေးအနက်ပြောဆိုပါတယ်။

ဟားမတ်စ်-အစ္စရေးစစ်ပွဲကို ရှုတ်ချခဲ့သူ ကွန်ဂရက် အမျိုးသမီးအမတ် ရာရှီဒါ_တာလစ်ကိုတော့ ပြင်းထန်စွာ သတိပေးကြောင်း အောက်လွှတ်တော်က ၂၃၄ မဲ ၁၈၈ မဲနဲ့ ဆုံးဖြတ်လိုက်ပါတယ်။ အနောက်ဘက်ကမ်းမှ ပြောင်းရွှေ့လာသူ မိဘနှစ်ပါးမှ ဆင်းသက်လာတဲ့ ပါလက်စတိုင်းနွယ်ဖွား အသက် ၄၇ နှစ်အရွယ် ရာရှီဒါ တာလစ်ဟာ မီချီဂန်ခရိုင် မဲဆန္ဒနယ်မှ ဒီမိုကရက်တစ်အမတ်တစ်ဦးဖြစ်ပြီး အမေရိကန်အစိုးရရဲ့နိုင်ငံခြားရေး ပေါ်လစီများမှာ အစ္စရေးအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူဖြစ်ပါတယ်။

ဂျော်ဒန်မြစ်နဲ့ မြေထဲပင်လယ်အကြား ပါလက်စတိုင်းနဲ့ ဂျူတို့ပါ၀င်တဲ့ #တစ်နိုင်ငံတည်း_အယူအဆကို ထောက်ခံပြီး အမေရိကန်အစိုးရအနေနဲ့ အစ္စရေးအပေါ် အကူအညီပေးနေခြင်းများကို အဆုံးသတ်ရန်၊ ပြစ်တင်ရှုတ်ချခြင်း၊ သပိတ်မှောက်ခြင်းနဲ့ ဒဏ်ခတ်ပိတ်ဆို့ခြင်းများပြုလုပ်ဖို့ တောင်းဆိုခဲ့သူ ပါလက်စတိုင်း နွယ်ဖွား ကွန်ဂရက်လွှတ်တော်အမတ်ဟာ လွှတ်တော်မှ အပြီးတိုင် ထုတ်ပယ်ခြင်းထက် ခြေတစ်လှမ်းသာ လိုတော့ တဲ့ ပြင်းထန်စွာ သတ်ိပေးခြင်းနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

#ဟားမတ်စ်_အစ္စရေးစစ်ပွဲ #လူသားချင်းစာနာသည့်အနေဖြင့်_တိုက်ခိုက်မှုခေတ္တရပ်ဆိုင်းခြင်း #ရာရှိဒါ_တာလစ် 

(AP., 10 November 2023,” Israel agrees to 4-hour daily pauses in Gaza fighting to allow civilians to flee, White House says ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကွမ်းလုံမြို့ ထိန်းချုပ်သိမ်းပိုက်ခံရခြင်း မရှိ၊ ကွမ်းလုံဗျူဟာကုန်းနှင့် လုံခြုံရေးအဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် ခုခံ ကာကွယ်နေဟု နစကပြော

RECENT POSTS
ရန်ကုန်တိုင်းဒေသကြီးအတွင်း ငွေကျပ် (၄) ဘီလျံနီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း(၄၀) နီးပါး ဖမ်းမိ
25 Oct 2024
မန္တလေးတွင် အကြော်ဆရာက ဓားဖြင့်ခုတ်သောကြောင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ဇနီးနှင့် စားပွဲထိုးသေဆုံးပြီး (၂)ဦးပြင်းထန်ဒဏ်ရာရ
25 Oct 2024
PDF များက အခြေခံပညာအလယ်တန်းကျောင်းကို Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူများအပါအဝင် (၅)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိမှု မြိုင်မြို့၌ ဖြစ်ပွား
25 Oct 2024
လှိုင်မြို့နယ်တွင် ရွှေထည်ပစ္စည်းအစုံ(၅)ပိဿာကျော် နှင့် ငွေကျပ်သိန်း(၅၀)ခန့်အား သေနတ်ပြခြိမ်းခြောက် လုယက်ခဲ့သူများမှာ PDF သင်တန်းဆင်းများ ဖြစ်နေ
25 Oct 2024
မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေသည့် အိန္ဒိယနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ(၅)ခုကို နှစ်နိုင်ငံလက်မှတ်ရေးထိုး
25 Oct 2024
ကလေးဘဝကူးစက်တတ်သောရောဂါများ (ကျန်းမာရေးဆောင်းပါး)
25 Oct 2024
ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ၏ သားမက်ဟောင်း ဒေါက်တာနေစိုးမောင်ကို နစက ဖမ်းဆီးအမှုဖွင့်
25 Oct 2024
အမေရိကန် မင်းသား တွမ်ဟော်လန်က Spider-Man 4 ကို ၂ဝ၂၅ ခုနှစ်မှာ စတင်ရိုက်ကူးမယ်လို့ အတည်ပြု
25 Oct 2024
အမေရိကန် ရက်ပ်အဆိုတော် မီဂန်၊ တောင်ကိုရီးယား K Pop အဖွဲ့ Twice၊ BTS အဖွဲ့ဝင် RM တို့နဲ့ collaborate သီချင်းထွက်မည်
25 Oct 2024
လှည်းကူးမြို့နယ်တွင် ဟင်းပေါင်းစားရာမှ ကိုရင်(၁၆)ပါးနှင့် ဘုန်းကြီးကျောင်းသား(၁)ဦးတို့ အစာအဆိပ်သင့်မှုဖြစ်ပွား
24 Oct 2024
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved