ဟားမက်စ်အဖွဲ့ရဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းပေါင်း အနည်းဆုံး ၁၃ဝ ကျော်ကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၉
အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နေချိန်အတွင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ပိုင်ဆိုင်ထားတဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတွေထဲမှ လိုဏ်ခေါင်းပေါင်း ၁၃ဝ ကျော် ရဲ့ ဝင်ပေါက်တွေကို ဖျက်ဆီးနိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကိုလက်တုံ့ပြန်မှုအဖြစ် အောက်တိုဘာ ၇ ရက်ကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၂၇ ရက်မှာ မြေပြင်ထိုးစစ်ဆင်နွှဲမှုတွေ စတင်ခဲ့ကြောင်း သိရပါတယ်။
အစ္စရေးဟာ မြေပြင်ထိုးစစ်ဆင်နွှဲချိန်အတွင်း ဟားမက်စ်အဖွဲ့ရဲ့မိုင်ပေါင်းရာချီအရှည်ရှိတဲ့ ဥမင်လိုဏ်ခေါင်းတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ ဟားမက်စ်အဖွဲ့ဟာမြေအောက်ဥမင်လိုဏ်ခေါင်းအရေအတွက် အများအပြား ပိုင်ဆိုင်ထားပြီး ဥမင်လိုဏ်ခေါင်းအရှည်ပေါင်းမိုင်ပေါင်း ၃ဝဝ ကျော် ရှိနေကြောင်း သိရပါတယ်။
အစ္စရေးတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုတွေဟာ အချိုးအစားမညီတဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက တိုက်ခိုက်မှုတွေကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရပါတယ်။
အစ္စရေးဟာ ဂါဇာဒေသကိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် မြေပြင်ထိုးစစ်ဆင်နွှဲမှုတွေလုပ်ဆောင်ရာ အစ္စရေးရဲ့လုပ်ရပ်တွေက စစ်ရာဇဝတ်မှုကျူးလွန်နေသလိုမျိုးဖြစ်နေကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းဒေသမှာ အရပ်သားသေဆုံးမှုတွေလည်း မြင့်တက်နေတယ်လို့ ဝေဖန်နေပါတယ်။
အစ္စရေးဟာ အမေရိကန် အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ယာယီအပစ်ခတ်ရပ်စဲရေးတောင်းဆိုချက်တွေကို ငြင်းဆန်ပယ်ချထားကြောင်း သိရပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့ဖြစ်ပွားတဲ့စစ်ပွဲကာလ တစ်လအတွင်း အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းလူမျိုးအနည်းဆုံး တစ်သောင်းကျော် သေဆုံးထားကြောင်း သိရပါတယ်.။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံက ၎င်းတို့ရောင်းချထားတဲ့စစ်လက်နက်ပစ္စည်းများကို ပြန်လည်ဝယ်ယူဖို့ ကြိုးပမ်းနေ
RELATED POSTS
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ