ရုရှားနိုင်ငံက ၎င်းတို့ရောင်းချထားတဲ့စစ်လက်နက်ပစ္စည်းများကို ပြန်လည်ဝယ်ယူဖို့ ကြိုးပမ်းနေ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၉
ရုရှားအစိုးရဟာ ပါကစ္စတန်၊အီဂျစ်၊ ဘီလာရုစ့်၊ ဘရာဇီးနိုင်ငံတွေကဲ့သို့သော နိုင်ငံအချို့ထံ ၎င်းတို့ရောင်းချထားတဲ့ စစ်လက်နက်ပစ္စည်းများ ပြန်လည်ဝယ်ယူဖို့ကြိုးပမ်းနေကြောင်း အမေရိကန်အခြေစိုက် Wall Street Journal က ဖော်ပြလိုက်ပါတယ်။
ရုရှားအစိုးရတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဧပြီလက အီဂျစ်နိုင်ငံကို သွားရောက်ခဲ့ပြီး ရောင်းချထားတဲ့ ရဟတ်ယာဉ် အင်ဂျင်များ ရာချီပြန်လည်ဝယ်ယူဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ အီဂျစ်သမ္မတ အယ်စီစီဟာ ရုရှားနိုင်ငံထံ ကနေ ဝယ်ယူထားတဲ့ ရဟတ်ယာဉ်အင်ဂျင်များအနက်က အင်ဂျင်အလုံးပေါင်း ၁၅ဝ ကျော် ပြန်လည် ရောင်းချပေးဖို့ သဘောတူညီခဲ့ပြီး လာမယ့်လမှာ စတင်လွှဲပြောင်းပေးဖွယ်ရှိနေကြောင်း သိရပါတယ်။
အမေရိကန်သတင်းစာက "ရုရှားဟာ နှစ်အတန်ကြာဆက်ဆံခဲ့တဲ့ ဖောက်သည်တွေထံကနေ စစ်လက်နက်ပစ္စည်းတွေ ပြန်လည်ဝယ်ယူဖို့ ကြိုးပမ်းနေတယ်" လို့ ဖော်ပြထားပါတယ်။
ရုရှားနိုင်ငံဟာ ယူကရိန်းနဲ့ စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း စစ်လက်နက်ပစ္စည်းလိုအပ်ချက်များ ရှိလာခဲ့ရာ ၎င်းတို့ ရောင်းချထားတဲ့ စစ်လက်နက်ပစ္စည်းများကို ပြန်လည်ဝယ်ယူဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်း နိုင်ငံကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းပိုင်နက်လေးခုကို သိမ်းပိုက်ထား ကြောင်း သိရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးက ရုရှားတပ်ဖွဲ့တွေအနေနဲ့ ယူကရိန်းနဲ့ စစ်ပွဲမှာအသုံးပြုဖို့အတွက် ကျည်ဆံ မက်ထရစ်တန်ချိန် ၁ဝဝဝဝ နဲ့ ၁၅ဝဝဝ ကြား ထပ်မံရရှိမှာဖြစ်ကြောင်း သိရပါတယ်။ ယူကရိန်းဟာလည်း ရုရှား နဲ့ ဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် စစ်လက်နက်ပစ္စည်းများ လိုအပ်ချက်များရှိနေရာ အနောက်အုပ်စုနိုင်ငံများက ကူညီပေးခဲ့ပြီး လက်ရှိအချိန်မှာ အနောက်အုပ်စုနိုင်ငံများကိုယ်တိုင် စစ်လက်နက်ပစ္စည်း ကုန်ခမ်းသလောက်ဖြစ်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်သံရုံးက “ငဘ” ရုပ်ရှင်သရုပ်ဆောင်၏ မိသားစုဝင်အား ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းထားသည့်ရုပ်ရှင် soft copy ပေးအပ်
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ