Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ

Pika (NSS) - စက်တင်ဘာ ၂၂ 

စက်တင်ဘာလ(၂၀)ရက်က မြောက်ကိုရီးယားဘက်က ပေးပို့ခဲ့တဲ့ အမှိုက်တွေနဲ့ဖြည့်ထားတဲ့မိုးပျံပူဖောင်းတွေ ဟာ တောင်ကိုရီးယားအစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာခဲ့တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။ 

အဲဒီမိုးပျံပူဖောင်းကို တောင်ကိုရီးယားအစိုးရအဆောက်အဦးရဲ့ပင်မဝင်ပေါက်အနီးမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် တောင်ကိုရီးယားအာဏာပိုင်တွေဟာ အရေးပေါ်တုံ့ပြန်မှုတွေကို လုပ်ဆောင်ခဲ့ရပြီး အဲဒီဧရိယာကို မီးသတ်သမားတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ ဝန်းရံထားခဲ့ရတယ်လို့လည်း သိရပါတယ်။


အဲဒီမိုးပျံပူဖောင်းတွေမှာ တောင်ကိုရီးယားစစ်တပ်က စစ်ဆေးခဲ့ပြီး အန္တရာယ်ဖြစ်စေမယ့်ပစ္စည်းတွေကို အခင်းဖြစ်ပွားရာနေရာကနေ ဖယ်ရှားပစ်ခဲ့တယ်လို့လည်း သိရပါတယ်။ မိုးပျံပူဖောင်းမှာ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့က လိပ်စာတစ်ခုပါရှိတဲ့ အစိမ်းရောင်ပလတ်စတစ်အပိုင်းအစတွေ အပါအဝင် အိမ်သုံးအမှိုက်မျိုးစုံကို တွေ့ရှိခဲ့ရတယ်လို့ တောင်ကိုရီးယားသတင်းအေဂျင်စီ Yonhap က ရေးသားဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရက နှစ်နိုင်ငံနယ်စပ်အနီးမှာ အသံချဲ့စက်တွေအသုံးပြုပြီး မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်ထုတ်လွှင့်မှုတွေ လုပ်ဆောင်နေတာကို လက်တုံ့ပြန်တဲ့အနေဲ့ မြောက်ကိုရီးယားအစိုးရဟာ လူ့အညစ် အကြေးတွေနဲ့ အမှိုက်တွေဖြည့်ထားတဲ့ မိုးပျံပူဖောင်းတွေကို အကြိမ်ကြိမ်ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားနိုင်ငံက ပေးပို့ခဲ့တဲ့ မိုးပျံပူဖောင်းတွေမှာ လူ့အညစ်အကြေးကနေ စတင်တယ်လို့ ယူဆရတဲ့ ကပ်ပါးကောင်တွေကိုလည်း တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်

RELATED POSTS
RECENT POSTS
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
APTERR အစီအစဥ်ဖြင့် အရန်ဆန် တန်(၁ဝဝဝ)ကျော်ကို ရေဘေးသင့်ဒေသများသို့ ထောက်ပံ့မည်
23 Sep 2024
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ
23 Sep 2024
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ
23 Sep 2024
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်
23 Sep 2024
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ
22 Sep 2024
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved