အစ္စရေးနဲ့ ဟားမက်စ်အုပ်စုကြားစစ်ပွဲအရှိန်မြင့်တက်နေချိန်မှာ အမေရိကန်ထုတ် ဒရုန်းတစ်စီးကို ပစ်ချခဲ့ကြောင်း ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၉
ယီမင်လက်နက်ကိုင်အဖွဲ့ ဟူသီအုပ်စုက ၎င်းတို့ဟာ အာရေဗျကျွန်းဆွယ်ကမ်းရိုးတန်းမှာ အမေရိကန်ဒရုန်းတစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ဆိုပါတယ်။
အဆိုပါဒရုန်းဟာ အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးဖို့ ရည်ရွယ်ချက်နဲ့ ပျံသန်းနေတာမျိုးဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ဆိုပါတယ်။ ဟူသီလက်နက်ကိုင်အဖွဲ့က "ကျွန်တော်တို့ဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ အမေရိကန်ထုတ် MQ-9 အမျိုးအစား ဒရုန်းကို ပစ်ချနိုင်ခဲ့တယ်။ အဲဒီဒရုန်းဟာ ယီမင်ရေပိုင်နက်အတွင်း လှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းဖိုနဲ့ ရန်လိုတဲ့လုပ်ဆောင်ချက်တွေကို လုပ်ဆောင်လာခဲ့တယ်။ ဒါဟာ အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးဖို့အစိတ်အပိုင်းအဖြစ် လုပ်ဆောင်တာမျိုးဖြစ်တယ်" လို့ ပြောပါတယ်။
အမေရိကန်အစိုးရကလည်း ၎င်းတိုရဲ့ MQ-9 ဒရုန်း ပစ်ချခံရကြောင်း အတည်ပြုထားသည်။
ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အီရန်နိုင်ငံထံက အကူအညီများစွာရရှိထားပြီး အစ္စရေးနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဟူသီလက်နက်ကိုင်အဖွဲ့ဟာအစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံဘက်ခြမ်းကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အကြိမ်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးကြောင်း သိရပါတယ်။
ဟူသီအဖွဲ့က "အမေရိကန်ရဲ့ရန်လိုတဲ့လှုပ်ရှားမှုတွေဟာ အစ္စရေးနိုင်ငံအပေါ် ပြုလုပ်နေတဲ့ စစ်ရေးဆောင်ရွက်ချက်တွေကို ရပ်တန့်အောင်တွန်းအားပေးနိုင်မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲ စတင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာ၊ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့၊ ဆီးရီးယားလက်နက်ကိုင်အဖွဲ့ နဲ့ အီရတ်လက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးနိုင်ငံပိုင်နက်တွေနဲ့ အမေရိကန်နိုင်ငံစစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်နေခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရှိ ကျောက်မီးသွေးသိုက်များအတွင်းမှ သဘာဝဓာတ်ငွေ့များကို တိုက်ရိုက်ထုတ်ယူရန် နည်းပညာ နှင့် ရင်းနှီးမြှုပ်နှံမှုများ ကူညီပံ့ပိုးရေး ရုရှားနှင့်ဆွေးနွေး
RELATED POSTS
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ