မြန်မာနိုင်ငံရှိ ကျောက်မီးသွေးသိုက်များအတွင်းမှ သဘာဝဓာတ်ငွေ့များကို တိုက်ရိုက်ထုတ်ယူရန် နည်းပညာ နှင့် ရင်းနှီးမြှုပ်နှံမှုများ ကူညီပံ့ပိုးရေး ရုရှားနှင့်ဆွေးနွေး
Pearl (NSS) - နိုဝင်ဘာ ၉
မြန်မာနိုင်ငံရှိ ကျောက်မီးသွေးသိုက်များအတွင်းမှ သဘာဝဓာတ်ငွေ့များကို တိုက်ရိုက်ထုတ်ယူရန် နည်းပညာ နှင့် ရင်းနှီးမြှုပ်နှံမှုများ ကူညီပံ့ပိုးရေး ရုရှားနှင့်ဆွေးနွေးခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။
ယမန်နေ့ (နိုဝင်ဘာလ ၈)ရက်တွင် နေပြည်တော်၌ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ Mr. SHATIROV Alexander Sergeevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ကျောက်မီးသွေးသိုက်များအတွင်း ခိုအောင်းနေသည့် သဘာဝဓာတ်ငွေ့များအား တိုက်ရိုက်ထုတ်ယူနိုင်ရန် ရုရှားနည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများကူညီပံ့ပိုးပေးနိုင်ရေး၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြန်မာ-ရုရှား နှစ်နိုင်ငံကြား စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်းတွင်းနှင့် ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းများတွင် နည်းပညာဆိုင်ရာ အထောက်အပံ့ရရှိရေး ၊ Digital Monitoring Software အသုံးပြုနိုင်ရေး နှင့် အထွက်နှုန်းကျဆင်းနေသည့် ကုန်းတွင်းရေနံမြေများ နှင့် အလားအလာကောင်းများရှိသော ရေနံမြေများတွင် ရုရှားကုမ္ပဏီများနှင့်ပူးပေါင်း၍ အထွက်နှုန်းတိုးမြှင့်နိုင်ရေး တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့အတူ နိုဝင်ဘာလ (၇)ရက်ကလည်း နေပြည်တော်၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း နှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ Mr. SHATIROV Alexander Sergeevich ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ရုရှားမှ ကူညီပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ လျှပ်စစ်ကဏ္ဍဆိုင်ရာ ထုတ်လုပ်မှုများမှ နေရောင်ခြည်စွမ်းအင် နှင့် အပူစွမ်းအင်စီမံကိန်းများတွင် ရုရှားကုမ္ပဏီများမှ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အခြေအနေများ နှင့် စီမံကိန်းများတွင် မြန်မာနိုင်ငံမှ ပြည်တွင်း ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းသို့ ကျောင်းသား (၃၀၀)ကျော် တက်ရောက်ခွင့်ရရှိ
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း