သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းသို့ ကျောင်းသား (၃၀၀)ကျော် တက်ရောက်ခွင့်ရရှိ
စော (NSS) - နိုဝင်ဘာ ၉
သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၏ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းသို့ ကျောင်းသား/ကျောင်းသူ (၃၀၀)ကျော် တက်ရောက်ခွင့်ရရှိခဲ့ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား/ကျောင်းသူများ စာရင်းကို ယနေ့(နိုဝင်ဘာလ ၉ ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါသင်တန်းသို့ တက်ရောက်ခွင့်ရရှိသူ ကျောင်းသား/ကျောင်းသူ (၃၁၃)ဦးရှိခဲ့ကြောင်း ဝန်ကြီးဌာ န၏ website ဖြစ်သည့် https://mcrd.gov.mm နှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၏ website ဖြစ်သည့် https://ucmt.edu.mm တို့တွင် ကြေညာထားသည်။
ထို့ပြင် ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းအတွက် ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာလ (၁၆)ရက်မှစတင်၍ နေစဉ် ပိတ်ရက်မရှိ နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျောင်းများကို နိုဝင်ဘာလ ၂၃ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဘွဲ့သင်တန်းများ၏ ဒုတိယနှစ်ဝက် သင်တန်းများကိုလည်း နိုဝင်ဘာလ ၂၃ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းမြောက်ပြဿနာသည် မူးယစ်ဆေးဝါးပြဿနာပင်ဖြစ်ပြီး ၎င်းမှရရှိသောငွေများဖြင့် အာဏာရရှိရေးကို လက်နက်ကိုင်ကာ အသက်ဆက်ခဲ့ခြင်းဖြစ်ဟု တပ်ချုပ်ပြော
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း