Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov- 8 / 1:00 PM)

ဂျန်ဇက် (NSS) - နိုဝင်ဘာ ၈

ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်ဆင်နွှဲတဲ့ အစ္စရေးတပ်ဖွဲ့တွေဟာ ဟားမက်စ်အဖွဲ့ရဲ့မြေအောက်ဥမင်လိုဏ်ခေါင်းကွန်ရက်များကို နိုဝင်ဘာ ၈ ရက်မှစတင်ပြီး ရှာဖွေဖျက်ဆီးသွားမယ်လို့ ဆိုပါတယ်။ 


အစ္စရေးဟာ ဟားမက်စ်အဖွဲ့ရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးနောက် အောက်တိုဘာ ၇ ရက်ကတည်းက ဂါဇာဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကာ လက်ရှိအချိန်မှာတော့ မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရပါတယ်။

လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုတွေဟာ နိုင်ငံတောင်ပိုင်းကနေ အစ္စရေးထိန်းချုပ်ထားတဲ့ ဂိုလန် ကုန်းမြင့်ဒေသနဲ့ ဂျာလစ်ဒေသတွေကို ရော့ကတ်ဒုံးကျည်အစင်းပေါင်း ၂ဝ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ဟစ်ဘိုလာအဖွဲ့တာဝန်ရှိသူတစ်ဦးက အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လက်ဘနွန်တောင်ပိုင်းမှာ အဘွားအိုတစ်ဦးနဲ့ ကလေးငယ်သုံးဦး သေဆုံးရမှုကို လက်တုံ့ပြန်တိုက်ခိုက်မှုအဖြစ် အစ္စရေးကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။


စင်ကာပူအစိုးရဟာ ခွင့်ပြုချက်မရှိဘဲ ဟားမက်စ်-အစ္စရေးစစ်ပွဲနဲ့ ဆက်နွယ်ပြီးလူမြင်ကွင်းမှာ ကန့်ကွက်တဲ့ အမှတ်အသားလုပ်ဆောင်ခြင်းများ မလုပ်ဆောင်ဖို့ သတိပေးလိုက်ပါတယ်။ ခွင့်ပြုချက်မရှိဘဲ ဟားမက်စ် နဲ့ အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်တဲ့တံဆိပ်အမှတ်သားတွေ လုပ်ဆောင်မယ်ဆိုရင် ထောင်ဒဏ် ၆ လ ဒါမှမဟုတ် ငွေဒဏ်အဖြစ် ဒေါ်လာ ၅ဝဝ ဒဏ်ရိုက်ခံရမှာဖြစ်ကြောင်း ပြောပါတယ်။ 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာ ၇ ရက်က အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ ဖုန်းဆက် ဆွေးနွေးချိန် အတွင်း ဂါဇာဒေသကို တိုက်ခိုက်နေခြင်းများ ရပ်တန့်ထားဖို့တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဂါဇာဒေသရှိ ပါလက်စတိုင်းပြည်သူတွေကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးနိုင်ဖို့ တိုက်ခိုက်မှုတွေကို ဖြစ်နိုင်မယ် ဆိုရင် ရက်ပိုင်းလောက်ရပ်တန့်ထားဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားစစ်ပွဲစတင်တဲ့ တစ်လပြည့်ရက်ဖြစ်တဲ့ နိုဝင်ဘာ ၇ ရက်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဆန္ဒပြအုပ်စုတွေဟာ ကုလသမဂ္ဂရုံးရှေ့မှာ ထိုင်လျက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီး ပြန်ပေးဆွဲခံထားရသူတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ဟားမက်စ်အဖွဲ့ဟာ မတူညီတဲ့နိုင်ငံပေါင်း ၄ဝ ကျော်ကနေ လူပေါင်း ၂၄ဝ ကျော်ကို ပြန်ပေးဆွဲခံထားရကြောင်း သိရပါတယ်။ ဆန္ဒပြသူတွေထဲမှာ အသက် ၄ နှစ်အရွယ်ရှိ ကလေးငယ်လည်း ပါဝင်ခဲ့ပြီး လူပေါင်း ၁၃ဝ ကျော်ဟာ အနက်ရောက်အဝတ်စားတွေ ဝတ်ဆင်ကာ မျက်လုံးကို အနက်ရောက်အဝတ်စည်းပြီး ပြန်ပေးဆွဲခံထားရသူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တာဖြစ်ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း(၃)ခုအတွက် လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်ကို မြန်မာနှင့် တရုတ်ကြားချုပ်ဆို

RECENT POSTS
ရန်ကုန်တိုင်းဒေသကြီးအတွင်း ငွေကျပ် (၄) ဘီလျံနီးပါးတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း(၄၀) နီးပါး ဖမ်းမိ
25 Oct 2024
မန္တလေးတွင် အကြော်ဆရာက ဓားဖြင့်ခုတ်သောကြောင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ဇနီးနှင့် စားပွဲထိုးသေဆုံးပြီး (၂)ဦးပြင်းထန်ဒဏ်ရာရ
25 Oct 2024
PDF များက အခြေခံပညာအလယ်တန်းကျောင်းကို Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူများအပါအဝင် (၅)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိမှု မြိုင်မြို့၌ ဖြစ်ပွား
25 Oct 2024
လှိုင်မြို့နယ်တွင် ရွှေထည်ပစ္စည်းအစုံ(၅)ပိဿာကျော် နှင့် ငွေကျပ်သိန်း(၅၀)ခန့်အား သေနတ်ပြခြိမ်းခြောက် လုယက်ခဲ့သူများမှာ PDF သင်တန်းဆင်းများ ဖြစ်နေ
25 Oct 2024
မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေသည့် အိန္ဒိယနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ(၅)ခုကို နှစ်နိုင်ငံလက်မှတ်ရေးထိုး
25 Oct 2024
ကလေးဘဝကူးစက်တတ်သောရောဂါများ (ကျန်းမာရေးဆောင်းပါး)
25 Oct 2024
ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ၏ သားမက်ဟောင်း ဒေါက်တာနေစိုးမောင်ကို နစက ဖမ်းဆီးအမှုဖွင့်
25 Oct 2024
အမေရိကန် မင်းသား တွမ်ဟော်လန်က Spider-Man 4 ကို ၂ဝ၂၅ ခုနှစ်မှာ စတင်ရိုက်ကူးမယ်လို့ အတည်ပြု
25 Oct 2024
အမေရိကန် ရက်ပ်အဆိုတော် မီဂန်၊ တောင်ကိုရီးယား K Pop အဖွဲ့ Twice၊ BTS အဖွဲ့ဝင် RM တို့နဲ့ collaborate သီချင်းထွက်မည်
25 Oct 2024
လှည်းကူးမြို့နယ်တွင် ဟင်းပေါင်းစားရာမှ ကိုရင်(၁၆)ပါးနှင့် ဘုန်းကြီးကျောင်းသား(၁)ဦးတို့ အစာအဆိပ်သင့်မှုဖြစ်ပွား
24 Oct 2024
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved