Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင်လည်း မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံ အဖွဲ့၏ ရပ်တည်ချက်ပြောင်းလဲမည် မဟုတ်ဟုဆို

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၉

အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုများပြန်လည်ရရှိစေရန်အတွက် လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင်လည်း SAC နှင့် စေ့စပ်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင်လည်း မြန်မာနိုင်ငံနှင့်ပတ်သက် ပြီး အာဆီယံအဖွဲ့၏ ရပ်တည်ချက်အပြောင်းအလဲဖြစ်သွားမည်မဟုတ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် Kao Kim Hourn က ဂျပန်နိုင်ငံအခြေစိုက် Nikkei Asia  သတင်းဌာန နှင့် အောက်တိုဘာ ၂၇ ရက်က အင်တာဗျူးတွင် ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ယူချိန်တွင် မြန်မာအရေးနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရာတွင် အလျော့ပေးဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေခဲ့သည်။ လာအိုနိုင်ငံသည် လာမည့် ၂ဝ၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်ရာ မြန်မာနိုင်ငံငြိမ်းချမ်းမှုများ ပြန်လည်ရရှိစေရန် နှင့် အာဆီယံသဘောတူညီချက်ငါးချက်ကို သိသာတိုးတက်အောင် အကောင်အထည်ဖော်ရေး အတွက် ကြိုးပမ်းရဖွယ်ရှိနေကြောင်း သိရသည်။ အာဆီယံအတွင်းရေးမှူးချုပ်က လာမည့်နှစ်တွင် အာဆီယံအဖွဲ့ သည်  မြန်မာနိုင်ငံအရေးအတွက် အင်ဒိုနီးရှားနိုင်ငံ လုပ်ခဲ့သောအတိုင်း ဆက်လုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံရေး အငြင်းပွားမှုများနှင့်ပတ်သက်ပြီး လာအိုနိုင်ငံ၏ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို လျှော့မတွက်သင့်ကြောင်း ထပ်မံ ပြောခဲ့သည်။ 


အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား မြန်မာနိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းရန် ကြိးပမ်းရာတွင် စိတ်ဝမ်းကွဲပြားမှုရှိ နေသည်ဆိုသောသတင်းများကို အာဆီယံအတွင်းရေးမှူးချုပ်က ငြင်းဆန်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအရေးကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံအဖွဲ့၏ လက်ရှိဥက္ကဋ္ဌ၊ ယခင် ဥက္ကဋ္ဌဟောင်းနှင့် လာမည့် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ ကိုင်တွယ်ဖြေရှင်းမည့်ပုံစံမျိုး လုပ်ဆောင်ရန် အာဆီယံက ပြီးခဲ့သော စက်တင်ဘာလ တွင် ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများကြား သဘောတူညီခဲ့ကြောင်း သိရသည်။ 

အဆိုပါ အစီအစဉ်နှင့်ပတ်သက်ပြီး အာဆီယံအတွင်းရေးမှူးချုပ်က မြန်မာအရေးအတွက် သုံးနိုင်ငံ ပူးပေါင်းကိုင်တွယ်မည့်အစီအစဉ်အသစ်က ကောင်းမွန်ကြောင်း ပြောသည်။ မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်က ဖေဖော်ဝါရီလက အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံရေးအငြင်းပွားမှုများ ကို ဖြေရှင်းနိုင်ရန် ကြားဝင်ကြိုးပမ်းခဲ့ပြီး အာဆီယံသဘာတူညီချက်ငါးချက်ကို SAC အဖွဲ့အကြီးအကဲ နှင့် သဘောတူညီမှုရယူနိုင်ခဲ့ကြောင်း သိရသည်။ 

အဆိုပါအာဆီယံသဘောတူညီချက်ငါးချက်သည် အကောင်အထည်ဖော်ရေးကြိုးပမ်းရာတွင် လက်ရှိအချိန်အထိ သိသာတိုးတက်ခြင်းမရှိသေးကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လာမည့် သုံးလအတွင်း အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားခြင်းများ ဖြစ်ပေါ်လာနိုင်ဟု မိုးဇလထုတ်ပြန်

RECENT POSTS
လှည်းကူးမြို့နယ်တွင် ဟင်းပေါင်းစားရာမှ ကိုရင်(၁၆)ပါးနှင့် ဘုန်းကြီးကျောင်းသား(၁)ဦးတို့ အစာအဆိပ်သင့်မှုဖြစ်ပွား
24 Oct 2024
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved