လာမည့် သုံးလအတွင်း အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားခြင်းများ ဖြစ်ပေါ်လာနိုင်ဟု မိုးဇလထုတ်ပြန်
စော (NSS) - အောက်တိုဘာ ၂၉
လာမည့်သုံးလအတွင်း အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးဇလက အသိပေးထုတ်ပြန်ထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့(အောက်တိုဘာ ၂၈ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန် နှင့် လေထုများသည် အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေတွင် ရှိနေကြောင်း မိုးဇလက ဆိုသည်။
ထို့ပြင် နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ လာမည့် နိုဝင်ဘာလမှ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အားကောင်းသော အယ်နီညိုအခြေအနေသို့ရောက်ရှိနိုင်ပြီး ဖေဖော်ဝါရီလမှ စတင်၍ အယ်လ်နီညိုမှာ တဖြည်ဖြည်း ပြန်လည်လျော့ကျနိုင်ကြောင်း သိရသည်။
အဆိုပါ အယ်လ်နီညိုသည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်နေသည့် အယ်လ်နီညိုဖြစ်သော်လည်း အကျိုးသက်ရောက်မှုများ ကြုံတွေနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
၎င်း၏ အကျိုးသက်ရောက်မှုအနေဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
အဆိုပါအယ်လ်နီညိုဖြစ်စဉ်နှင့် ပတ်သက်သည့်အခြေနေများကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်သွား မည်ဖြစ်ပြီး မိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြရန် မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်အဖွဲ့အပေါ်ပြုလုပ်နေတဲ့ စစ်ဆင်ရေးရဲ့နောက်ထပ်အဆင့်တစ်ခုကို စတင်လိုက်ကြောင်း အစ္စရေးဝန်ကြီးချုပ် ကြေညာ
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း