ဟားမက်စ်အဖွဲ့အပေါ်ပြုလုပ်နေတဲ့ စစ်ဆင်ရေးရဲ့နောက်ထပ်အဆင့်တစ်ခုကို စတင်လိုက်ကြောင်း အစ္စရေးဝန်ကြီးချုပ် ကြေညာ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၉
အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာဒေသအပေါ် မြေပြင်ထိုးစစ်ဆင်နွဲမှုနဲ့အတူ ဟားမက်စ်အဖွဲ့ကို တိုက်ခိုက်နေတဲ့ စစ်ဆင်ရေး ဒုတိယအဆင့် စတင်လိုက်ပြီဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဟားမက်စ်ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကို ကြိုတင် သတိပေးချက်မရှိဘဲ တိုက်ခိုက်ခဲ့ရာ ဟားမက်စ် နဲ့ အစ္စရေးကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးဟာ ဟားမက်စ်အဖွဲ့ကို လက်တုံ့ပြန်တိုက်ခိုက်ဖို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး နောက် လက်ရှိအချိန်မှာတော့ မြေပြင်ထိုးစစ်ဆင် စတင်ကြောင်း တရားဝင်ကြေညာလိုက်တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်နေတန်ရာဟုက "စစ်ပွဲရဲ့ဒုတိယအဆင့်ကို စတင်လိုက်ပါတယ်။ ဟားမက်စ်အဖွဲ့ရဲ့စစ်ရေးနဲ့ အုပ်ချုပ်မှု တွေ နဲ့ စွမ်းဆောင်ရည်တွေကို ဖျက်ဆီးဖို့၊ ပြန်ပေးဆွဲခံရသူတွေကို အိမ်ပြန်ခေါ်ယူဖို့ မြေပြင်ထိုးစစ်ဆင်နွှဲလိုက်တာပါ" လို့ပြောပါတယ်။
မြေပြင်ထိုးစစ်ဆင်နွှဲမှုကို စတင်ဖို့ ဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့နဲ့ လုံခြုံရေးကောင်စီနှစ်ခုစလုံးက လက်ခံခဲ့ကြောင်း နေတန်ရာဟု က ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်က "ကျွန်တော်တို့ဟာ ပြန်ပေးဆွဲခံရသူတွေ ပြန်လွှတ်ပေးဖို့ ဆွေးနွေးနေတယ်။ ဆွေးနွေးမှုအခြေအနေများကို လူသိရှင်ကြား ပြောမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
လူသေဆုံးမှုများ ပိုမိုမြင့်တက်လာမှာကို စိုးရိမ်နေတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ က အစ္စရေးကို မြေပြင်ထိုးစစ်ဆင်မှုများမလုပ်ဖို့ အစောပိုင်းတည်းက တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ်က ဟားမက်စ်အပေါ် ပြုလုပ်မယ့်မြေပြင်ထိုးစစ်ဆင်မှုတွေဟာ ခက်ခဲပြီး အချိန်ကြာနိုင်ဖွယ်ရှိနေ ကြောင်း သုံးသပ်ပြောဆိုထားပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီးကလည်း အစ္စရေးတပ်ဖွဲ့တွေဟာ ဟားမက်စ်အဖွဲ့အပေါ်ပြုလုပ်နေတဲ့စစ်ပွဲ ဒုတိယ အဆင့်ကို စတင်လုပ်ဆောင်ခဲ့ကြောင်း၊ နောက်ထပ်အမိန့်တစ်ခု မရမရချင်း မြေပြင်ထိုးစစ်ဆင်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော သတင်းထူးများ
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ