ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးမှုမလုပ်ဆောင်ဖို့ အမိန့်ချမှတ်ထားတာမျိုးမရှိဘူးလို့ တောင်ကိုရီးယားသမ္မတပြော
Pika (NSS) - နိုဝင်ဘာ ၇
ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးမှုမလုပ်ဆောင်ဖို့ အမိန့်ချမှတ်ထားတာမျိုးမရှိဘူးလို့ တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်က နိုဝင်ဘာလ(၇)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးဖို့အတွက် ၎င်းရဲ့စစ်သားတွေကို ရုရှားကိုပေးပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ ထွက်ပေါ်လာပြီးနောက်ပိုင်း ယွန်ဆက်ယိုလ်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားရဲ့ ပါဝင်ပတ်သက်မှုဟာ တောင်ကိုရီးယားအတွက် ခြိမ်းခြောက်မှုတစ်ခုလိုမျိုး ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားစစ်သားတွေဟာ ရုရှား-ယူကရိန်းစစ်ပွဲမှာ ပါဝင်ပတ်သက်မှုနဲ့အတူ တိုက်ခိုက်ရေးအတွေ့ အကြုံတွေရယူနိုင်မယ့်အပြင် ရုရှားက မြောက်ကိုရီးယားကို အဆင့်မြင့်စစ်ရေးနည်းပညာတွေ လွှဲပြောင်းပေးနိုင်တာကြောင့် တောင်ကိုရီးယားဘက်က အဲဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေမြင့်တက်နေတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ရုရှားကို မြောက်ကိုရီးယားစစ်သားတွေ ပေးပို့ခဲ့တယ်ဆိုတဲ့ အနောက်အုပ်စုရဲ့စွပ်စွဲပြောဆိုချက်တွေကို မြောက်ကိုရီးယားအစိုးရက ငြင်းဆိုတာမျိုး ဒါမှမဟုတ် အ တည်ပြုခဲ့တာမျိုးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ ရုရှားမှာ မြောက်ကိုရီးယားစစ်သားတွေ ရောက်ရှိနေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေနဲ့အတူ စောင့်ကြည့်မှုတွေလုပ်ဆောင်ဖို့အတွက် အဖွဲ့တစ်ဖွဲ့ကို ယူကရိန်းကို စေလွှတ်ဖို့ တောင်ကိုရီးယားအစိုးရက လိုလားနေတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့သီတင်းပတ်မှာ မြောက်ကိုရီးယားအစိုးရဟာ လောင်စာဆီအခဲသုံးတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် Hwasong-19 ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
မြောက်ကိုရီးယားရဲ့တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယား၊ အမေရိကန် နဲ့ ဂျပန်တို့ဟာ ကြီးမားတဲ့ဗုံးကြဲလေယာဉ်တစ်စင်း ပါဝင်တဲ့ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုတွေကို ပြီးခဲ့တဲ့နိုဝင်ဘာလ(၃)ရက်မှာ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပခုက္ကူမြို့ရှိ တည်းခိုခန်းတစ်ခုတွင် PDF အဖွဲ့ဝင်(၃)ဦးထံမှ လက်ပစ်ဗုံးနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ