နန်းတော်တွေအပြင် ခရီးသွားဆွဲဆောင်မှုနေရာပေါင်းများစွာရှိတဲ့ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် အကြောင်း
Pika (NSS) - နိုဝင်ဘာ ၈
ဒိန်းမတ်နိုင်ငံ၏ မြို့တော်ဖြစ်သော ကိုပင်ဟေဂင်မြို့သည် နိုင်ငံတွင်းတွင် လူဦးရေ အများဆုံး မြို့တစ်မြို့ဖြစ်ပြီး မြို့ပြဧရိယာတွင် နေထိုင်သူမှာ (၁ ဒသမ ၄) သန်းခန့်ရှိကာ ခရီးသွား ဆွဲဆောင်မှု နေရာအများအပြားနှင့်အတူ နာမည် ကျော်ကြားသည့်မြို့တစ်မြို့ဖြစ်သည်။ ကိုပင်ဟေဂင်မြို့သည် Øresund ရေလက်ကြားတွင် ဆွီဒင်နိုင်ငံ Malmö မြို့မှ ခွဲထွက်ထားသော Zealand နှင့် Amager ကျွန်းများပေါ်တွင် တည်ရှိသည့်မြို့တစ်မြို့လည်းဖြစ်သည်။ (၁၀)ရာစုတွင် ဗိုက်ကင်း တံငါရွာအဖြစ် တည်ထောင်ခဲ့သော ကိုပင်ဟေဂင်မြို့သည် (၁၅)ရာစုအစောပိုင်းတွင် ဒိန်းမတ်နိုင်ငံ၏ မြို့တော်ဖြစ် လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (၁၆) ရာစုအတွင်း ကိုပင်ဟေဂင်မြို့သည် ဆွီဒင်၊ နော် ဝေးနိုင်ငံတို့နှင့် အတူ ဒိန်းမတ်အဖွဲ့ချုပ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခေတ်သစ်နော်ဒစ်ဒေသကို အုပ်ချုပ်ခဲ့သော ကယ်လ် မာပြည်ထောင်စု၏ မြို့တော် နှင့် ပြည်ထောင်စု၏ ဘုရင်စနစ်ပလ္လင်နေရာအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကိုပင်ဟေဂင်မြို့သည် Renaissance ခေတ် အတွင်း Scandinavia ဒေသ၏ ယဉ်ကျေးမှုနှင့် စီးပွားရေး အချက်အချာ နေရာတစ်ခုဖြစ်ခဲ့ပြီး (၁၇) ရာစုတွင် ဒိန်းမတ်အစိုးရ နှင့်စစ်တပ်၏ အချက်အချာ နေရာအဖြစ် ဆောင် ရွက်ခဲ့ကာ ဒေသဆိုင်ရာ အာဏာ၏ ဗဟိုချက်နေရာ ဖြစ်လာခဲ့ကြောင်းသိရသည်။ (၁၈)ရာစုအတွင်း ကိုပင်ဟေဂင်မြို့သည် ဆိုးရွားသောပုလိပ်ရောဂါဖြစ်ပွားမှုနှင့် မြို့ပြပြိုကွဲမှု ဘေးဒဏ် ကိုခံခဲ့ရပြီး Frederiksstaden ခရိုင်ကို တည်ဆောက်ခြင်း၊တော်ဝင်ပြဇာတ်ရုံနှင့်တော်ဝင် အကယ်ဒမီတို့ ကဲ့ သို့သော ယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံများကို တည်ထောင်ခြင်းအပါအဝင် ကြီးမားသည့် ပြန် လည်ပြင်ဆင်ရေးကြိုးပမ်းမှုများစွာကို လုပ်ဆောင်ခဲ့ရကြောင်းသိရသည်။ အဆိုပါကာလအတွင်း ကိုပင် ဟေဂင်မြို့သည် ဒိန်းမတ်ကျွန်ကုန်သွယ်မှု၏ အချက် အချာနေရာတစ်ခုဖြစ် လာခဲ့ကြောင်း လည်းသိရ သည်။ (၁၈၀၇)ခုနှစ်တွင် နပိုလီယံစစ်ပွဲများအတွင်း ကိုပင်ဟေဂင်မြို့သည် ဗြိတိသျှရေတပ်၏ ဗုံးကြဲ တိုက်ခိုက်မှုများကို ခံခဲ့ရကြောင်းလည်းသိရသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် Finger Plan မြို့ပြ အစီအစဉ်သည် ကိုပင်ဟေဂင်မြို့လယ်ကောင်မှ ထွက်လာသော မြို့တွင်းမီးရထားလမ်း ကြောင်း(၅)ခု တစ်လျှောက်တွင် အိမ်ရာနှင့်စီးပွားရေးလုပ်ငန်းများ ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။ သို့သော်လည်း (၂၁)ရာစုမှစတင်ပြီး ကိုပင်ဟေဂင်မြို့သည် ၎င်း၏အဖွဲ့အစည်းများနှင့် အခြေခံအဆောက်အအုံများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် အတူ ခိုင်မာသောမြို့ပြနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုး တက်မှုများကို တွေ့မြင်ခဲ့ရသည်။ ထို့နောက် ကိုပင် ဟေဂင်မြို့သည် ဒိန်းမတ်နိုင်ငံ၏ ယဉ်ကျေးမှု၊ စီးပွားရေးနှင့် အစိုးရဆိုင်ရာ အချက်အချာ နေရာ တစ်ခုဖြစ်လာခဲ့သလို ကိုပင်ဟေဂင်စတော့ အိတ် ချိန်းနှင့်အတူ ဥရောပမြောက်ပိုင်း၏ အဓိကဘဏ္ဍာ ရေးအချက်အချာနေရာများထဲမှ တစ်ခုဖြစ်လာခဲ့ သည်။
ကိုပင်ဟေဂင်မြို့၏ စီးပွားရေးသည် အထူးသဖြင့် နည်းပညာ၊ ဆေးဝါးများနှင့် သန့်ရှင်း သော နည်းပညာများတွင် အစပျိုးလုပ်ဆောင်မှုများမှ တစ်ဆင့် ဝန်ဆောင်မှုကဏ္ဍတွင် လျင်မြန်စွာဖွံ့ဖြိုးတိုး တက်လာခဲ့ကြောင်းသိရသည်။ Øresund တံတား တည်ဆောက်ပြီးစီးချိန်မှစတင်ပြီး ကိုပင်ဟေဂင်မြို့ သည် ဆွီဒင်ပြည်နယ် Scania နှင့် ၎င်း၏အကြီးဆုံး မြို့ Malmö တို့နှင့် ပေါင်းစပ်ခဲ့ပြီး Øresund ဒေသ ကိုဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ခရိုင်အသီးသီး ကိုဆက်သွယ်ထားသော တံတားများစွာနှင့်အတူ ကိုပင်ဟေဂင် မြို့ရှုခင်းကို ပန်းခြံများ၊ ပင်လယ်ကမ်းခြေ စင်္ကြံများ၊ ကမ်းနားစပ်တို့ဖြင့် ပုံဖော်ထား ကြောင်းလည်းသိရသည်။ Tivoli ဥယျာဉ်၊ Little Mermaid ရုပ်တု၊ Amalienborg နှင့် Christiansborg နန်းတော်များ၊ Rosenborg ရဲတိုက်၊ Frederi ခရစ် ယာန်ဘုရားကျောင်း၊ Børsen သမိုင်းဝင်အဆောက် အအုံနှင့်ပြတိုက်များ၊ စားသောက်ဆိုင်များနှင့်နိုက်ကလပ်များသည် ကိုပင်ဟေဂင်မြို့ရှိ သိသာထင်ရှား သောခရီးသွားဆွဲဆောင်မှုနေရာများဖြစ်သည်။ ထို့ပြင် ကိုပင်ဟေဂင်မြို့သည် ကိုပင်ဟေဂင်တက္ကသိုလ်၊ ဒိန်းမတ်နည်းပညာတက္ကသိုလ်၊ ကိုပင်ဟေဂင်စီးပွား ရေးကျောင်းနှင့်ကိုပင်ဟေဂင်အိုင်တီတက္ကသိုလ်တို့ ၏ နေအိမ်လည်းဖြစ်သည်။ (၁၄၇၉)ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ကိုပင်ဟေဂင်တက္ကသိုလ် သည် ဒိန်းမတ်နိုင်ငံတွင် ရှေးအကျဆုံးတက္ကသိုလ် တစ်ခုလည်းဖြစ်သည်။ ကိုပင်ဟေဂင်မြို့သည် F.C. Copenhagen နှင့် Brøndby IF ဘောလုံးအသင်း များ၏ နေအိမ်လည်းဖြစ်ပြီး နှစ်စဉ်ကိုပင်ဟေဂင်မာ ရသွန်ပြိုင်ပွဲကို (၁၉၈၀) ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ ကြောင်းလည်းသိရသည်။
အဆိုပါမြို့သည် ကမ္ဘာပေါ်တွင် စက်ဘီးစီး ရန်အသင့်တော်ဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ကြောင်း လည်း သိရသည်။ (၂၀ဝ၂)ခုနှစ်တွင် စတင်ခဲ့သော ကိုပင်ဟေဂင်မြေအောက်မီးရထားစနစ်သည် မြို့ လယ်ရှိနေရာအများအပြားကို ဝန်ဆောင်မှုပေးလျက် ရှိပြီး ကိုပင်ဟေဂင် S-ရထား၊ Lokaltog (ပုဂ္ဂလိက မီးရထား) နှင့် Coast Line ကွန်ရက်တို့သည် မြို့၏အစွန်အဖျားဒေသများသို့ ဝန်ဆောင်မှုများပေးလျက် ရှိကြောင်းသိရသည်။ တစ်လလျှင် ခရီးသွား (၂ ဒသမ ၅) သန်းကို ဝန်ဆောင်မှုပေးနေသော ကိုပင်ဟေဂင် လေဆိပ် Kastrup သည် နော်ဒစ်နိုင်ငံများထဲတွင် အလုပ်အများဆုံးလေဆိပ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။
စီးပွားရေး
ကိုပင်ဟေဂင်မြို့သည် ဒိန်းမတ်နိုင်ငံ၏ အဓိကဘဏ္ဍာရေးနှင့်စီးပွားရေးဗဟိုချက်နေရာ တစ်ခု ဖြစ်သည်။ ကိုပင်ဟေဂင်မြို့၏စီးပွားရေးသည် ဝန်ဆောင်မှုများနှင့်ကူးသန်းရောင်းဝယ်ရေးအပေါ် အဓိက အခြေခံထားပြီး (၂၀၁၀)ပြည့်နှစ်တွင် ထုတ်ပြန် ခဲ့သောကိန်းဂဏန်းများအရ ကိုပင်ဟေဂင်မြို့ရှိ အလုပ် သမား(၃၅၀ဝဝဝ)၏ အများစုသည် ဝန်ဆောင် မှုကဏ္ဍ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက် သွယ်ရေး၊ ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် အလုပ်ခန့်ထားပြီး အလုပ်သမား(၁)သောင်းဝန်းကျင် သည် ကုန်ထုတ်လုပ်ငန်းများတွင် အလုပ်လုပ်ကိုင် နေကြကြောင်းသိရသည်။ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုအပါအဝင် ပြည်သူ့ကဏ္ဍ လုပ်သား အင်အားမှာ (၁၁၀ဝဝဝ)ဝန်းကျင်ရှိကြောင်းလည်း သိရသည်။ (၂၀ဝ၆) ခုနှစ်မှ(၂၀၁၁)ခုနှစ်အထိ ကိုပင်ဟေဂင်မြို့၏စီးပွားရေးသည် (၂ ဒသမ ၅) ရာခိုင်နှုန်း ကြီးထွားလာခဲ့သော်လည်း ဒိန်းမတ်နိုင်ငံ၏စီးပွားရေးမှာ (၄)ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ကြောင်း သိရ သည်။ (၂၀၁၇)ခုနှစ်တွင် ကိုပင်ဟေဂင်မြို့၏ ဂျီဒီပီသည် ယူရို(၁၂၀)ဘီလျံထိရှိခဲ့ပြီး ဥရောပ သမဂ္ဂတွင် တစ်ဦးချင်းဂျီဒီပီအရ (၁၅)ခုမြောက် အကြီးဆုံးဖြစ်ခဲ့ကြောင်းသိရသည်။ London School of Economics and Political Science rS jyKvkyfaom Copenhagen Green Economy Leader အစီရင်ခံစာ အရ ကိုပင်ဟေဂင်သည် ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်စီးပွားရေးတွင် ဦး ဆောင်သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု ခံထားရကြောင်းသိရသည်။ ကိုပင်ဟေဂင်ဒေသသည် ဒိန်းမတ် တစ် နိုင်ငံလုံး စုစုပေါင်းထုတ်လုပ်မှု၏(၄၀) ရာခိုင်နှုန်းနီးပါးရှိပြီး ရေရှည်တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုများ ရှိခဲ့သည်။ ထို့ပြင် နိုင်ငံအဆင့်နှင့်နှိုင်း ယှဉ်မည်ဆိုပါက ဒိန်းမတ်နိုင်ငံ၏ တစ်ဦးချင်း ဂျီဒီပီသည် ကမ္ဘာ့ ထိပ်တန်း(၁၀)နိုင်ငံစာရင်းတွင် ပါဝင်ခဲ့ကြောင်းလည်းသိရသည်။
Alm အာမခံအေဂျင်စီ၊ Danske ဘဏ်၊ Nykredit ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ၊ Nordea ဘဏ်အပါအဝင် ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ဘဏ်အများအပြားသည် ကိုပင်ဟေဂင်မြို့တွင် ရုံးချုပ် များရှိကြသည်။ ထို့ပြင် ကိုပင်ဟေဂင်မြို့သည် A.P. Møller-Mærsk, Novo Nordisk, Carls berg နှင့် Novozymes ကုမ္ပဏီတို့အပါအဝင် နိုင်ငံတကာကုမ္ပဏီအများအပြား၏ နေအိမ်လည်း ဖြစ်သည်။ ကိုပင်ဟေဂင်မြို့အာဏာပိုင်များသည် သတင်းအချက်အလက်နည်းပညာ၊ ဇီဝနည်းပညာ၊ ဆေးဝါးများ၊ သန့်ရှင်းသောနည်းပညာနှင့် စမတ်မြို့တော်ဖြေရှင်းနည်းများအပါအဝင် ဆန်းသစ်တီထွင်သည့်ကဏ္ဍ များစွာတွင်စီးပွားရေးအစုအဖွဲ့များဖွံ့ဖြိုးတိုးတက်ရေးကိုအားပေးတိုက်တွန်းထားကြောင်း လည်း သိရ သည်။ သက်ရှိသိပ္ပံပညာသည်ကျယ်ပြန့်သော သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ် ဆောင်ချက် များပါရှိသော အဓိကကဏ္ဍတစ်ခုဖြစ်ပြီး Medicon Valley သည် Øresund ဒေသကို လွှမ်းခြုံထားသော ဥရောပရှိ ထိပ်တန်းနိုင်ငံတကာ အသက်သိပ္ပံပညာအစုအဝေးနေရာတစ်ခုလည်း ဖြစ်သည်။ ကိုပင်ဟေ ဂင် သည် ဇီဝနည်းပညာနယ် ပယ်အတွင်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို အာရုံစိုက်သည့် ကုမ္ပဏီ များနှင့် အဖွဲ့အစည်း အများ အပြားရှိသည့်နေရာတစ်ခုဖြစ်ပြီး Medicon Valley သည် အဆိုပါရပ်တည် ချက်ကို ပိုမိုအားကောင်းလာ စေရန်အပြင် ကုမ္ပဏီများနှင့် ပညာရှင်များအကြား ပူးပေါင်း ဆောင်ရွက်မှု ကို မြှင့်တင်ရန် ရည်ရွယ်ထား ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးဆေးဝါးနှင့် ဇီဝနည်းပညာ ကုမ္ပဏီ(၅၀)တွင် ပါဝင်သော Novo Nordisk နှင့် Lundbeck တို့ ကဲ့သို့သော အဓိက ဒိန်းမတ်ကုမ္ပဏီ များသည် ကိုပင်ဟေဂင်မြို့စီးပွား ရေးအစုအဖွဲ့အတွင်း တည်ရှိကြောင်းလည်းသိရသည်။
ခရီးသွား
ခရီးသွားလုပ်ငန်းသည် ကိုပင်ဟေဂင် မြို့၏စီးပွားရေးအတွက် အဓိကပံ့ပိုးကူညီမှုများလုပ် ဆောင်ပေးသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး ၎င်း၏ဆိပ်ကမ်းများ၊ ယဉ်ကျေးမှုဆွဲဆောင်မှုနေရာများနှင့် ဆုရစားသောက်ဆိုင်များနှင့်အတူ ခရီးသွားအများ အပြားကို ဆွဲဆောင်လျက်ရှိကြောင်း သိရသည်။ (၂၀ဝ၉)ခုနှစ်မှစတင်ပြီး ကိုပင်ဟေဂင်မြို့သည် ဥရောပတွင်အလျင်မြန်ဆုံးကြီးထွားလာသော မြို့ပြ နေရာများထဲမှတစ်ခုဖြစ်ခဲ့ပြီး မြို့တွင်းတွင် ဟိုတယ်များလည်း သိသိသာသာတိုးလာနေကြောင်း သိရသည်။ (၂၀ဝ၉)ခုနှစ်မှ(၂၀၁၃)ခုနှစ်အထိ ကိုပင်ဟေဂင်မြို့သည် ညအိပ်ကမ္ဘာလှည့်ခရီးသွား များ စုစုပေါင်းအရေအတွက်တွင် (၄၂)ရာခိုင်နှုန်းတိုး လာခဲ့ပြီး တရုတ်ခရီးသွားများလာရောက်လည်ပတ်မှုမှာ (၇၀)ရာခိုင်နှုန်းနီးပါး တိုးလာခဲ့ကြောင်း သိရ သည်။ (၂၀၁၃)ခုနှစ်တွင် ကိုပင်ဟေဂင်ဒေသမှာ ကမ္ဘာ့လှည့် ခရီးသွားများ ညအိပ်မှုစုစုပေါင်းသည် (၉)သန်းကျော်အထိရှိခဲ့ကြောင်းလည်းသိရသည်။ (၂၀၁၀)ပြည့်နှစ် သည် ကိုပင်ဟေဂင်မြို့၏ ခရီးသွား လုပ်ငန်းအတွက် ထူးခြားသောနှစ်တစ်နှစ်ဖြစ်ခဲ့ပြီး တစ်နှစ်အတွင်း ခရီးသွားလာရောက်လည်ပတ်မှုမှာ (၂၉)ရာခိုင်နှုန်းတိုးလာခဲ့သည်။ (၂၀၁၉)ခုနှစ်တွင် ကိုပင်ဟေဂင်မြို့ သည် Lonely Planet ကုမ္ပဏီက ထုတ်ပြန်ထားသော လာရောက်လည်ပတ်ရန် အသင့်တော်ဆုံး ထိပ်တန်းမြို့(၁၀)မြို့တွင် ပထမနေရာ ၌ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။(၂၀၂၁)ခုနှစ် အောက်တိုဘာ လတွင် ကိုပင်ဟေဂင်မြို့သည် ဥရောပကော်မရှင်၏ 2022 European Capital of Smart Tourism ဆု အတွက် ဆန်ခါတင်စာရင်း ဝင်ခဲ့ကြောင်း လည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နာမည်ကျော် WBC ၏ Title match ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စီစဉ်နေ
RELATED POSTS
06 Nov 2024 | ဆောင်းပါး,ပြည်တွင်း
06 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ