Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ငွေလမ်းခင်းသော အမေရိကန်ရွေးကောက်ပွဲ အခင်းအကျင်းနှင့် နောက်ဆက်တွဲရလဒ်အပေါ် တိုးပွားလာသော စိုးရိမ်မှုများ

တင်ဇာ  (NSS) - နိုဝင်ဘာလ ၆ 

လာမည့် အမေရိကန် ရွေးကောက်ပွဲသည် ငွေလမ်းခင်းသော နိုင်ငံရေးအခင်းအကျင်းတစ်ခု ဖြစ်နေသည်။ အမေရိကန်ရွေးကောက်ပွဲများတွင် ငွေကြေး အသုံးစရိတ်က အခြားနိုင်ငံများထက် ပိုမိုများပြားနေသည်။ အမေရိကန်တွင် မဲဆွယ်စည်းရုံးရေးအသုံး စရိတ်အတွက် တရားဝင်ကန့်သတ်ချက်မရှိပါ။ ငွေကြေးများများသုံးစွဲနိုင်သော ကိုယ်စားလှယ်လောင်း များက များသောအားဖြင့် အနိုင်ရတတ်ကြသည်။ ထို့ ကြောင့် အီးမေးလ်များ၊ စာတိုများနှင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့် ရွေးကောက်ပွဲ ရန်ပုံငွေရရေးအပြိုင်အဆိုင်ကြိုးပမ်းလျက်ရှိကြသည်။

မဲဆွယ်ပွဲများသည် အမေရိကန်တွင် ပို၍ စရိတ် စကများလာသည်။ (၂ဝ၂ဝ) သမ္မတနှင့် ကွန်ဂရက် လွှတ်တော် ရွေးကောက်ပွဲများအတွက် အသုံးစရိတ် စုစုပေါင်းမှာ ဒေါ်လာ (၁၄ ဒသမ ၄)ဘီလျံရှိပြီး ယင်း ပမာဏသည် လွန်ခဲ့သည့် လေးနှစ်က ရွေးကောက်ပွဲ အတွက်သုံးစွဲခဲ့သည့် စံချိန်တင်ပမာဏထက် နှစ်ဆပို များနေသည်။ (၂၀၂၄) ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားသည့် ရွေးကောက်ပွဲအတွက် တို့ကိုထောက်ခံသည့် ကိုယ်စားလှယ်လောင်းများ နှင့် အဖွဲ့များက ဩဂုတ် (၃၁) ရက်အထိ ဒေါ်လာ (၁၄ ဒသမ ၈)ဘီလျံကျော် စုဆောင်းထားပြီး အကြီးမားဆုံး ရန်ပုံငွေကောက်ခံနိုင်မှုအဖြစ် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှတ်တမ်းများက ဖော်ပြထားသည်။

ရွေးကောက်ပွဲတွင် အကျော်အမော်များလည်း ပါဝင်လာကြ 

ကမ်မလာဟားရစ်သည် ၎င်း၏ပြိုင်ဘက် ဒေါ် နယ်ထရမ့်ကိုကျော်လွန်ကာ တစ်လအတွင်း ဒေါ်လာ သန်း ၅၀ဝ (ယူရို ၄၆၀ သန်း) စုဆောင်းနိုင်ခဲ့သည်။ ရီပတ်ဘလီကန်သမ္မတလောင်း၏မဲဆွယ်စည်းရုံးရေးသို့ ဒေါ်လာ ၇၅ သန်းကျော် လှူဒါန်းထားပြီးဖြစ်သည့် စွန့်ဦးတီထွင်သူ အီလွန်မတ်စ်သည် ဆန်းသစ်သောနည်းလမ်းများဖြင့်မဲဆွယ်ရာတွင်လည်း အကူအညီပေးလျက်ရှိနေသည်။ ယင်းမှာ အမေရိကန်ပြည်ထောင်စု၏ အဓိကကျသော' swing states' များရှိ မဲဆန္ဒရှင် တစ်ဦးသည် ရီပတ်ဘလစ်ကန်သမ္မလောင်း၏ အဓိက ကတိကဝတ်နှစ်ခုဖြစ်သည့် လွတ်လပ်စွာပြောဆိုခွင့်နှင့် လက်နက်ကိုင်ဆောင်ခွင့်တို့ကိုထောက်ခံရန် အွန်လိုင်းတောင်းဆိုချက်တစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဆိုပါက နေ့စဉ်ဒေါ်လာ(၁) သန်းပေးမည့် ကံစမ်းမဲအစီအစဉ်တစ်ခုကိုလည်း တီထွင်ခဲ့သည်။ အချို့သော ဥပဒေရေးရာကျွမ်းကျင်သူများနှင့် ဒီမိုကရက်တစ်များက ထိုကဲ့သို့ ငွေနှင့်မက်လုံးပေး၍မဲဆွယ်စည်းရုံးခြင်းသည် တရားဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ဝေဖန်သုံးသပ်နေကြသည်။ မတ်စ်၏ငွေကြေးမက်လုံးများကို စုံစမ်းစစ်ဆေးပေးရန် ရီပတ်ဘလီကန်အရာရှိဟောင်းများထံမှ တောင်းဆို ချက်ကို အမေရိကန်တရားရေးဌာနက လက်ခံရရှိပြီး ဖြစ်ကြောင်းလည်း အတည်ပြုခဲ့သည်။

ကမ်မလာဟားရစ်သည်လည်း နာမည်ကြီး အကျော်အမော်များ၏ အားပေးကူညီမှုကို ရယူခဲ့သည်။ ယခုနှစ် စက်တင်ဘာလတွင် ပင်ဆယ်ဗေးနီးယားပြည် နယ် ဖီလာဒဲလ်ဖီးယားမြို့၌ ဟားရစ်နှင့် ထရမ့်တို့ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု စကားစစ်ထိုးပွဲ အပြီးတွင် ဆိုရှယ်မီဒီယာပေါ်၌ ပရိသတ် သန်းရာနှင့်ချီ ရှိသော အမေရိကန်ဖျော်ဖြေရေး ထိပ်တန်းစူပါစတား တေလာဆွဖ်က ယခုနှစ် သမ္မတရွေးကောက်ပွဲတွင် ၎င်းသည် ဟားရစ်ကို မဲပေးမည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ ထို့ပြင် ဂျော့ကလူနီ၊ အန်းဟသာဝေးနှင့် ဂျနီဖာလောရင့် စသည့် ဟောလိဝုဒ်စူပါစတားများစွာတို့ကလည်း ဟားရစ်ကို ထောက်ခံကြောင်းပြသခဲ့ သည်။

                         Swing State  တွေမှာ ဘယ်သူက အသာစီးရနေသလဲ

ယခု ရွေးကောက်ပွဲတွင် စစ်မြေပြင်ဟု ယူဆရ သည့် ဘက်ပြောင်းနိုင်သော ပြည်နယ်ခုနစ်ခု (swing states) တွင် မဲရုံများကို တင်းကြပ်ထားပြီး စစ်တမ်းများအရ ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံး မည်သူမျှ အသာ စီးရမနေကြောင်း တွေ့ရသည်။ အရီဇိုးနား၊ ဂျော်ဂျီ ယာ၊ နီဗားဒါးနှင့် မြောက်ကာရိုလိုင်းနားတို့တွင် ဩ ဂုတ်လအစကတည်းက အနည်းငယ်သာ အပြောင်း အလဲရှိခဲ့ပြီး ထရမ့်သည် ၎င်းပြည်နယ်များတွင် အ နည်းငယ် အသာစီးရနေသည်။ အခြားပြည်နယ်သုံးခု ဖြစ်သည့် မီချီဂန်နှင့် ဝစ်ကွန်ဆင်တို့တွင် ဟားရစ် သည် ဩဂုတ်လအစကတည်းက တစ်ခါတစ်ရံ (၂) မှတ်၊ (၃)မှတ်ဖြင့် ဦးဆောင်ခဲ့သော်လည်း မကြာ သေးမီရက်များအတွင်း မဲရုံများသိသိသာသာ တင်း ကြပ်လာကာ ယခုအခါထရမ့်သည် ပင်ဆယ်ဗေးနီး ယားတွင် အနည်းငယ်သာဦးဆောင်နေသည်။ ထို ပြည်နယ်သုံးခုစလုံးသည် ဒီမိုကရက်တစ် အမာခံနယ် မြေများဖြစ်ခဲ့သော်လည်း ထရမ့်သည် (၂၀၁၆) ခုနှစ် တွင် အနီရောင်အဖြစ်ပြောင်းလဲခဲ့ပြီး အနိုင်ရယူခဲ့ သည်။ (၂၀၂၀) ပြည့်နှစ်တွင် ဘိုင်ဒန်သည် ၎င်းတို့ကို ပြန်လည်ရယူခဲ့ပြီး ဟားရစ်သာ ထိုနည်းအတိုင်းလုပ် ဆောင်နိုင်ပါက ရွေးကောက်ပွဲတွင် အနိုင်ရရန် လမ်း စရှိလာမည်ဖြစ်သည်။ ဘိုင်ဒန်နုတ်ထွက်ချိန်၌ ပင် ဆယ်ဗေးနီးယားတွင် ဒီမိုကရက်ကို ထောက်ခံသည့် ရာခိုင်နှုန်း (၄ ဒသမ ၅)နီးပါးအထိ နည်းပါးနေခဲ့ သည်။ ၎င်းသည် မဲဆွယ်စည်းရုံးမှုနှစ်ခုစလုံးအတွက် အဓိကကျသော ပြည်နယ်တစ်ခုဖြစ်ပြီး ၎င်းသည် ရွေးကောက်ပွဲ မဲအရေအတွက်ကို  လွှမ်းမိုးနိုင်သော ခုနစ်ပြည်နယ်အနက် အမြင့်ဆုံးဖြစ်နေသောကြောင့် အနိုင်ရပါက လိုအပ်သော မဲ(၂၇၀)သို့ ရောက်ရှိရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။

လောလောဆယ်တွင် ကမ်မလာဟားရစ်နှင့် ဒေါ်နယ်ထရမ့်တို့သည် Swing State ပြည်နယ်အား လုံးတွင် တစ်ဦးနှင့်တစ်ဦးရာခိုင်နှုန်းအနည်းငယ်သာ ကွာဟမှုရှိနေကြောင်း စစ်တမ်းများက ဖော်ပြနေ သည်။ ထို့ကြောင့် ရွေးကောက်ပွဲနီးကပ်လာသော်လည်း အနိုင်ရနိုင်မည့်သူကို ခန့်မှန်းရခက်နေဆဲဖြစ်သည်။ 

                               ရွေးကောက်ပွဲရလဒ်အပေါ် စိုးရိမ်မှုများရှိလာ

၎င်းတို့၏မဲဆွယ်စည်းရုံးမှုအသီးသီးသည် မဲဆန္ဒရှင် များကို တွန်းအားပေးရန်ကြိုးပမ်းနေသောကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လာသည်။ ထို့ကြောင့် နိုဝင်ဘာ (၅)ရက် ရွေးကောက်ပွဲကသာလျှင် အဆုံးအဖြတ်ပေး နိုင်မည်ဟု မျှော်လင့်လျက်ရှိကြသည်။ သို့သော် ရွေး ကောက်ပွဲတွင် အနိုင်/အရှုံးကျဉ်းမြောင်း‌သောရလဒ် သည် နိုင်ငံရေးတွင် အန္တရာယ်ကို မြင့်မားစေမည်ဖြစ်သည်။

အမေရိကန်အများစုသည် ယုံကြည်စိတ်ချရ သော ရွေးကောက်ပွဲရလဒ်မျိုး ထွက်ပေါ်လာနိုင်ခြင်း မရှိဟု သံသယဝင်နေပြီး အမေရိကန်၏ ဒီမိုကရေစီအပေါ် ယုံကြည်မှုနည်းပါးနေသည်။ ရီပတ်ဘလီကန်မဲဆန္ဒ ရှင် သုံးပုံနှစ်ပုံသည် (၂၀၂၀) ရွေးကောက်ပွဲရလဒ်ကို ယနေ့တိုင် မှားယွင်းနေသည်ဟု ထင်မြင်နေကြပြီး ဒေါ်နယ်ထရမ့်ထံမှ မဲခိုးယူကြသည်ဟု ဆက်လက်ယုံ ကြည်‌နေကြကာ အများစုမှာမူ ဘိုင်ဒန်သမ္မတဖြစ်လာ ခြင်းသည် အမေရိကန်ဒီမိုကရေစီအတွက် အင်အားမဟုတ်ဘဲ အားနည်းမှုကို ပြသ‌နေသည်ဟု ယူဆနေ ကြသည်။

ဤသို့သော အခြေအနေအရပ်ရပ်သည် လာ မည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အများသူငါကို စိုးရိမ်မှုများစွာဖြစ်ပေါ်စေပြီး ရလဒ်ထုတ်ပြန်ချက် နှောင့်နှေးမှုများလည်း ရှိလာနိုင်သည့်အတွက် အား လုံးက ကြိုတင်ပြင်ဆင်ထားသင့်သည်။ ရွေးကောက်ပွဲ မတိုင်ခင်ကာလများကတည်းက အမေရိကန်နိုင်ငံရေး တွင် လုပ်ကြံမှုများနှင့် နက်ရှိုင်းသောသဘောထား ကွဲလွဲမှုများကြောင့် ရလဒ်ကွာဟချက် ကျဉ်းမြောင်း သော အောင်ပွဲသည် ဥပဒေဆိုင်ရာ စိန်ခေါ်မှုများနှင့် နိုင်ငံရေးအကြမ်းဖက်မှုများကိုပင် ဖြစ်ပေါ်စေနိုင် ကြောင်း သုံးသပ်ရသည်။ ဇန်နဝါရီ (၆) ရက် အမေရိ ကန်လွှတ်တော်ကို ဝင်ရောက်စီးနင်းမှုဖြစ်စဉ်သည် အမေရိကန်၏ လျော့ရဲလာသော အမျိုးသားလုံခြုံ ရေးအခြေအနေကိုဖော်ပြနေသလို အမေရိကန်ကဲ့ သို့နိုင်ငံကြီးတွင်ပင် ဒီမိုကရေစီစံနှုန်းများ ယုတ်လျော့ လာကြောင်း မီးမောင်းထိုးပြနေခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် မှတ်ပုံတင်ထားသည့် မဲဆန္ဒရှင် (၁၀)ဦး လျှင် (၄)ဦးခန့်က ၎င်းတို့သည် နိုဝင်ဘာရွေးကောက် ပွဲပြီးနောက် ရလဒ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ် နေကြသည်ဟု ဆိုကြသည်။ အလားတူပင် ပါတီ နှစ်ရပ်လုံးမှ အဖွဲ့ဝင်များသည်လည်း နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်အပေါ်မူတည်၍ အမေရိကန် ဒီမိုကရေစီမည်ကဲ့သို့ ပြောင်းလဲလာမည်ကို စိုးရိမ်မှု အများအပြားရှိနေသည်။ ယေဘုယျအားဖြင့် မဲဆန္ဒ ရှင် ထက်ဝက်ခန့်ကTrump အနိုင်ရပါက အမေရိ ကန်တွင် ဒီမိုကရေစီ အားနည်းသွားလိမ့်မည်ဟု ယုံ ကြည်ကြသည်။ ထို့အတူ မဲဆန္ဒရှင် (၁၀)ဦးလျှင် (၄)ဦးက ဟားရစ်အနိုင်ရလျှင် ထိုနည်းတူစွာပင်  ဒီမိုက ရေစီအားနည်းသွားမည်ဟု ဆိုသည်။ မည်သို့ပင်ဆို စေကာမူ (၂၀၂၄) အမေရိကန်ရွေးကောက်ပွဲမှာ မကြာမီအချိန်အတွင်း ကျင်းပတော့မည်ဖြစ်သည်။ သို့သော် ပြိုင်ဘက်နှစ်ဦးစလုံးမှာ အမေရိကန် ပြည် သူများ ယုံကြည်ကိုးစားရလောက်သည်အထိ ဒေါင် ဒေါင်မြည် နိုင်ငံရေးသမားများမဟုတ်သကဲ့သို့ အခြား သော ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း အမေရိကန်ရွေး ကောက်ပွဲအပေါ် အများကြီး မျှော်လင့်ထားခြင်းမရှိ ကြောင်း တွေ့ရသည်။ ယခုနှစ် သမ္မတရွေး ကောက်ပွဲ သည် ဂယက်များ၊ နိုင်ငံရေးအဖျက်အမှောင့်များအ ပြင် နိုင်ငံတွင်းအကြမ်းဖက်လုပ်ရပ်များကလည်း တစ် နေ့တခြား ပိုမိုတိုးပွားလာသည်ကို တွေ့ရှိရသည်။ ထို နည်းတူစွာပင် ကမ္ဘာကြီးသည်လည်း လှုပ်လှုပ်ခတ် ခတ်နှင့် မတည်မငြိမ်ပဋိပက္ခများ နေ့စဉ်နှင့်အမျှ တိုး ပွားလာလျက်ရှိသည်။ ထို့ကြောင့် ရွေး ကောက်ပွဲရလဒ် များအရ ဖြစ်ပေါ်လာမည့် အမေရိကန် သမ္မတသစ်အ နေဖြင့် ပြည်တွင်းရေးအခြေအနေများကို ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်သကဲ့သို့ ကမ္ဘာ့ အရေးကိစ္စများစွာကို လည်း အာရုံစိုက်ရဦးမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ ဒေါင်ဒေါင်မြည် အရည်အချင်းပြည့်မီခြင်းမရှိသော ခေါင်း ဆောင်သစ်များအနေဖြင့် စိန်ခေါ်မှုများစွာရှိနိုင်သကဲ့ သို့ ၎င်းတို့၏ မူဝါဒအလွဲအမှားများသည်လည်း ပြည်တွင်းနိုင်ငံရေးကိုသာမက နိုင်ငံတကာပဋိပက္ခများအပေါ်ပါ လွှမ်းမိုးလာလိမ့်မည်ဖြစ်ပါကြောင်း သတိပြုမိ စေရန် ရေးသားလိုက်ရပါသည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ကာကွယ်ရေးဝန်ကြီးကို ရာထူးကနေထုတ်ပယ်

RECENT POSTS
သမိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော
06 Nov 2024
‘‘တောင်ခမ်း (သို့မဟုတ်) သူပုန်သင်္ချိုင်း ”
06 Nov 2024
ယွမ်ထိုက်ယွမ် (သို့မဟုတ်) မြန်မာ့မြေ၌ တရုတ်ကို ထောက်လှမ်းသည့် ထိုင်ဝမ်ထောက်လှမ်းရေး ဒုတိယဗိုလ်မှူးကြီး
06 Nov 2024
အမေရိကန်အစိုးရအသစ်နဲ့ ပြီးပြည့်စုံတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်သွားမယ်လို့ တောင်ကိုရီးယားအစိုးရပြော
06 Nov 2024
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ကာကွယ်ရေးဝန်ကြီးကို ရာထူးကနေထုတ်ပယ်
06 Nov 2024
ငွေလမ်းခင်းသော အမေရိကန်ရွေးကောက်ပွဲ အခင်းအကျင်းနှင့် နောက်ဆက်တွဲရလဒ်အပေါ် တိုးပွားလာသော စိုးရိမ်မှုများ
06 Nov 2024
ဖားကန့် တာမခန်၊ ဆယ်ဇင်း မီးလောင်ပြင်၌ အိမ်ပြန်ဆောက်ခွင့်မပြုဘဲ ကျောက်တူးရန် KIA စီစဉ်နေ
06 Nov 2024
Iron Man ဇာတ်ကောင်ကို AI နည်းပညာဖြင့် ပုံစံတူပြန်လည်ဖန်တီးခွင့်မပြုဟု သရုပ် ဆောင် ရောဘတ်ဒေါင်နီ ဂျူနီယာပြော
06 Nov 2024
နေပြည်တော်ကို တိုက်ခိုက်ရန် ဦးတည်လာသည့် Fixed Wing (၃)စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့
06 Nov 2024
လွိုင်လင်မြို့နယ်တွင် TOYOTA CROWN ကားပေါ်မှ ငွေကျပ်သိန်း(၈၄၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
01 Nov 2024
စက်သုံးဆီထည့်ပြီး ငွေမပေးဘဲ မောင်းနှင်မည့်ကားကို တားဆီးသည့်ဝန်ထမ်း လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ
01 Nov 2024
မင်္ဂလာမရှိသော်လည်း လင်းတငှက်များကို သဘာဝပတ်ဝန်းကျင်အတွက် ရှင်သန်ခွင့်ပေးသင့်ကြောင်း အကြံပြု
01 Nov 2024
နိုင်ငံတည်ဆောက်ရေး နှင့် နိုင်ငံရေးပါတီများ
01 Nov 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) ပွဲကြိုသုံးသပ်ချက်များ
01 Nov 2024
အရှည်ပေ (၂၅ဝ) ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဂျင်းဘောင်းဘီကို တရုတ်ကုမ္ပဏီတစ်ခု ထုတ်လုပ်
01 Nov 2024
ဆေးရုံတင်ထားစဉ် လူနာစောင့်အမျိုးသမီးကို တစ်ပတ်ရိုက်ပြီး ခိုးယူသွားသော (၉)ရက် သားအရွယ် ကလေးငယ်ကို ပြန်လည်တွေ့ရှိ
31 Oct 2024
ထိုင်ဝမ်မှာအင်အားပြင်းမုန်တိုင်းကြောင့် ကျွန်းအရှေ့ပိုင်းရှိ မြို့နဲ့ကောင်တီတွေရှိ လုပ်ငန်းတွေကို ပိတ်ထား
31 Oct 2024
အစ္စရေးက ဟစ္စဘိုလာအဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အနည်းဆုံး (၁၉)ဦး ထပ်မံသေဆုံး
31 Oct 2024
“မိန်းမလှကျွန်း တိုးချဲ့တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော”အဖြစ် ဧက တစ်သောင်းနီးပါး တိုးချဲ့ရန် ကနဦးစီစဉ်နေ
31 Oct 2024
ခွေး(၃၈)‌ကောင်နှင့်အတူ တစ်ပြိုင်နက်လမ်းလျှောက်ခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ ကနေဒါအမျိုးသား
31 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved