Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
‘‘တောင်ခမ်း (သို့မဟုတ်) သူပုန်သင်္ချိုင်း ”

သုတကျော် (NSS) - နိုဝင်ဘာ ၆

တောင်ခမ်းတိုက်ပွဲသည် လက်ရှိတွင် ရက်(၉၀) ထက်မနည်း ရှိလာပြီဖြစ်ကာ တပ်မတော်ကလည်း အစီအမံကောင်းကောင်းဖြင့် ခံစစ်ဆင်ခဲ့သောကြောင့် တိုက်ခိုက်လာသူ TNLA များနှင့် ၎င်းတို့တပည့် PDF များ အတုံးအရုံးသေဆုံးရာ နေရာတစ်ခုလည်း ဖြစ်နေသည်။ အဆိုပါတိုက်ပွဲ စတင်ဖြစ်ပွားစဉ်က အခြေအနေများ၊ လက်ရှိအချိန်အထိ အခြေအနေများနှင့်ပတ်သက်၍ တောင်ခမ်းတိုက်ပွဲ (၁၃)ရက် မြောက်နေ့တွင် တိုက်ပွဲနယ်မြေဒေ သသို့ သွားရောက်ခဲ့သူ ကိုခိုင်ဇော်ထံ NSS က မေးမြန်းထားသည်များကို ထုတ်နုတ်ဖော်ပြအပ်ပါသည်။

မေး - ပထမဆုံး မေးချင်တာကတော့ တောင်ခမ်း တိုက်ပွဲစတင်တုန်းက အခြေအနေဖြစ်ပါတယ်။ စတိုက်တဲ့ အခြေအနေမှာ ပလောင်တွေက ဘယ်လို အင်အားတွေသုံးပြီး စတိုက်ခဲ့တာလဲ။ သိသလောက် ပြောပြပေးပါ ခင်ဗျာ။

ဖြေ - ဒီလိုဗျ၊ ဩဂုတ်လ (၁၀)ရက်မှာ သူတို့ နစခ (၉၀၂) ကို စဝင်ပြီးတော့ တိုက်တာပဲ။ အဲဒီ မတိုင်ခင်တုန်းကတော့ နောင်ချိုကို တိုက်တယ်။ အဲဒီမှာ (၁၁၄ ၊ ၁၁၅၊ ၆၀၆) ဒုံးတပ်တွေကိုတိုက်တော့ ဖြည်းဖြည်းချင်း ကျွန်တော်တို့ တပ်တွေကျသွားတယ်ပေါ့။ (၆၀၆) ကျတဲ့အချိန်မှာ (၆၀၆) က ပြည်သူ့စစ်တွေနဲ့ စစ်သည်တွေက တောင်ခမ်း (၉၀၂) ကို ဆုတ်ရတယ်။ (၆၀၆) နဲ့ (၉၀၂)ဆိုရင် အဖြောင့်တိုင်း (၁၃)မိုင် လောက်ရှိတယ်။ နောက်ပြီးတော့ (၉၀၂)နဲ့ နောင်ချို နဲ့ဆိုရင် (၁၇) မိုင်လောက်ရှိတယ်။ ဒါက ဘာလို့လဲဆိုရင် မျက်လုံးထဲ မြင်အောင် ပြောပြတာ။ တဖြည်းဖြည်းဆုတ်၊ ဆုတ်ပြီးတော့ တောင်ခမ်းကို ရောက်သွားတယ်။ တောင်ခမ်းကလည်း ဗိုလ်မှူးကြီး နိုင်ဝင်းကလည်း ဗျူဟာမှူး။ သူက လည်း ဒီအခြေအနေတွေကို ဟိုဘက်စဖြစ်တည်းက သူ့ခံစစ်ကို စနစ်တကျ သေချာပြင်ဆင်ထားတာ။ ခံစစ်နဲ့ အင်အား စုဖွဲ့မှုကို စနစ်တကျ ပြင်ဆင်ထားတယ်။ ဟိုဟာပြီးရင် သူ့ကို လာတိုက်မယ်ဆိုတာကို သေချာပေါက် သိနေတယ်။ ဟိုဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန် ဗိုလ်မှူးကြီး နိုင်ဝင်းက တပ်မမှူးက သေချာကိုခံစစ်ကို စနစ်တ ကျ ပြင်ပြီး စောင့်နေတာ။ ခုနက ဒုံးတပ်က ကျသွားလို့ ဆုတ်လာတဲ့ အဖွဲ့တွေရယ်၊ (၆၀၆)ထဲကို ရောက်နေတဲ့ စစ်ကူအဖွဲ့တွေ အကုန်လုံးက ဗိုလ်မှူးကြီး နိုင်ဝင်းဆီ အကုန်ရောက်တာ။ ရောက်တာနဲ့ နဂိုရှိပြီး သား အနေအထားနဲ့ ဟိုကဆုတ်လာတဲ့ အနေအထား နဲ့ သူသေချာပေါင်းပြီး ထုနဲ့ ပြန်ခံတာပေါ့။ အဲဒါက (၈) လပိုင်း (၁၀) ရက်နေ့။

မေး - ဒီဘက်က ထု နဲ့ ခံစစ်ဆင်တဲ့ အနေအထားမှာ သူပုန်ဘက်က ဘယ်လိုပုံစံမျိုးနဲ့ ထိုးစစ်ဆင်ပါသလဲ ခင်ဗျာ။

ဖြေ - ဒီကောင်တွေကတော့ အရင်တုန်းကလိုပေါ့ဗျာ။ အင်အားသုံးပြီး တိုက်မယ်၊ ဝိုင်းပတ်ပိတ်ဆို့ပြီး တိုက်မယ်။ တိုက်ရင် ကျွန်တော်တို့တပ်က စိတ်ဓာတ်ကျပြီးတော့ ဆုတ်သွားမယ်လို့ ပေါ့ပေါ့တွက်ခဲ့တာဗျ။ သူတို့ တစ်ခုမှားသွား တာက ဘာလဲဆိုတော့ ဒီဗိုလ်မှူးကြီး နိုင်ဝင်းက လွန်ခဲ့တဲ့ (၂၀၁၂)တုန်းက အဲဒီမှာ (၂၀၆)တပ်မှာ တပ်ရင်းမှူးအဖြစ် နေခဲ့ သေးတယ်။ နေခဲ့တော့ ဒီနယ်မြေကို ကျွမ်းတယ်။ ပြီးတော့ နယ်မြေဒေသခံ ပြည်သူတွေနဲ့လည်း အရင်တည်းက ဆက်ဆံ ရေး ကောင်းခဲ့တယ်ဗျ။ ပြီးတော့ သူက တေဇ - ၂၀ ဆိုတော့ စီနီယာတန်းလည်း ဝင်နေပြီ။ သေချာ ကို ခံစစ်ဆင်တယ်။ ရန်သူက သူ့ကိုလာတိုက်တယ်။ အဲဒီမှာ ရန်သူမထင်မှတ်တဲ့ဟာတွေပေါ့ဗျာ။ ခံစစ်စုဖွဲ့မှု ကောင်းကောင်းနဲ့ခံ နိုင်တဲ့ အပြင် ကို သူ့ရဲ့ နောက်ကျောမှာ (၂၀၆)ရှိတယ်။ သူတပ်ရင်းမှူး လုပ်ခဲ့တဲ့တပ်။ သူ့တပ်နဲ့က အဖြောင့်တိုင်း (၁) မိုင် နီးနီးလေ။ အမေနဲ့သားလို ဖြစ်နေတာပေါ့နော်။ တပ်မနဲ့ တပ်ရင်းနဲ့က။ အဲဒီတော့ ကိုနိုင်ဝင်းကို လာတိုက်တဲ့ သူမှန်သမျှ ကို ဟို ဘက်က သော်ဇင်မျိုးက တပ်ရင်းမှူး။ (၂၀၆) တပ်ရင်းမှူး လက်ရှိ တပ်ရင်းမှူးက။ သူက နောက်ပိုးကနေ ထွက်ထွက် သိပ်တာ။ ကိုနိုင်ဝင်းကို တိုက်ပြီဆိုရင် သော်ဇင်မျိုးက ဝင်ကြိတ်လိုက်။ ကိုနိုင်ဝင်းကို တိုက်လိုက် သော်ဇင်မျိုးက ဝင်ကြိတ်လိုက်နဲ့ သူတို့က အဲဒီမှာ လုံးချာလည်နေကြတာ။ သူပုန်ကလည်း ပွဲမဖြတ်နိုင်ဘူး။ နောက်တစ်ခုက ဒီမှာ တစ်ချက်ပြောချင်တာပေါ့နော်။ တောင်ခမ်းမှာ တပ်လေးတပ်ရှိတယ်။ တပ်မက (၉၀၂)။ (၉၀၂) လက်အောက်မှာ အမြောက်တပ် (၁၀)တပ်ရှိတယ်။ သုံးတပ်က နောင်ချိုမှာ။ ကျန်တဲ့ (၇)တပ်က လားရှိုးတို့ ဘာတို့ဘက်မှာ အဲဒီလိုရှိ တာပေါ့။ ဘယ်လိုပြောမလဲ ကိုနိုင်ဝင်းဆီမှာက လက်ရှိအမြောက်တပ်က လူတွေအပြင် ခုနက (၆၀၆)က စုသွားတဲ့ လူတွေကလည်း ကိုနိုင်ဝင်းဆီ ရောက်တယ်။ ရောက်တဲ့အပြင်ကို တချို့ ဂုတ်ထိပ်မှာ ဆုတ်ခွာသွားတဲ့ ရဲကင်းတွေ ရှိတယ်။ အဲဒီရဲကင်းတွေကလည်း ကိုနိုင်ဝင်းတို့ဆီ လာပေါင်းရတယ်။ ရန်သူကတော့ ဟိုတပ်ကို တိုက်မယ်။ ဒီတပ်ကို တိုက်မယ် ဒီတပ်ပြီးရင် ဒီတပ်ကျမယ်ဆိုတဲ့ အဲဒီလိုပုံစံမျိုးပဲ ထင်နေတာ။ ဒါပေမဲ့ ကိုနိုင်ဝင်းနဲ့ တွေ့တဲ့အချိန်မှာ ဒီကောင် တွေ အကုန်မှား တော့တာပဲ။ ကိုနိုင်ဝင်းကို တိုက်တယ် သော်ဇင်မျိုးက ဟိုဘက်ကနေ ပတ်ချလိုက်၊ ဒီဘက်ကနေ ပတ်ချ လိုက်၊ သော်ဇင်မျိုးထဲမှာကို ရဲတွေရှိတယ်။ အဲဒီရဲတွေကလည်း တိုက်ရင်း၊ တိုက်ရင်းနဲ့ စစ်သားတွေ ဖြစ်ကုန်တာ။ ကျွန်တော်နဲ့ သိတဲ့ရဲတွေကိုပါတယ်။ အစ်ကိုကြီးရေ ကျွန်တော်တို့က တိုက်ရင်း တိုက်ရင်းနဲ့ စစ်သားတွေ ဖြစ်ကုန်ပြီပါ ဖြစ်ကုန်တာ။

မေး - တိုက်ရင်းနဲ့ ရဲတွေပါ စစ်ပုံကျသွားတယ် ခေါ်မလား။

ဖြေ - စစ်တိုက်တတ်သွားတာပေါ့ ရဲက။ ဒါက ရဲကို နှိမ်ပြောတာ မဟုတ်ဘူး။ စစ်သားလောက်တော့ ရဲက စစ်မတိုက် တတ်ဘူးလေ။ စစ်သားတွေနဲ့ စစ်တိုက်ရင်း စစ်တိုက်ရင်းနဲ့ နောက်ဆုံး ကိုနိုင်ဝင်းကို ရန်သူ လာတိုက်ပြီဆိုရင် အဲဒီရန်သူကို နောက်ကနေဝင်ကြိတ်တဲ့ အခါဘာညာဆို ရဲတွေတောင်ပါတယ်။ နောက် ပိုင်းကျတော့ အဲဒီလိုမျိုးတွေပေါ့။

မေး - တောင်ခမ်းဟာ ပလောင်တွေနဲ့ PDF တွေ အတွက် သေကွင်းဖြစ်နေတယ်ဆိုတာမျိုး ကျွန်တော်တို့ ကြားရတယ်။ အဲဒီအခြေအနေကို နည်းနည်းလေး ပြန်ပြောပေးပါဦး ခင်ဗျာ။

ဖြေ - ဘာကြောင့်လဲဆိုတော့ လက်ရှိတောင်ခမ်း မှာပေါ့နော်။ တောင်ခမ်းမှာ အဖွဲ့ပေါင်းစုံသွားတယ်။ နောက်တစ်ခုက ဘာဖြစ်လဲဆိုတော့ တောင်ခမ်းရဲ့ တပ်ကိုက အမြောက်တပ်။ တောင်ခမ်းမှာ (၉၀၂) က အမြောက်တပ်မ။ ခုနက (၂၀၆) က အမြောက်တပ် ပြီးရင် (၂၀၆) နဲ့ (၃ ဒသမ ၅) မိုင် အဖြောင့်တိုင်းမှာ (၄၀၆) ရှိတယ်။ (၄၀၆) နဲ့ (၂ ဒသမ ၅)မိုင် အဖြောင့် တိုင်းမှာ (၃၅၄)ရှိတယ်။ မွေးကတည်းက အမြောက်နဲ့ ဖက်မွေးလာတာ။ အဲဒီတော့ နယ်မြေကလည်း ကျွမ်းတယ်၊ ဒေသခံ ကလည်း ကျွန်တော်တို့ကို သတင်းပေးတယ်။ ဘယ်ကုန်းမှာတော့ ရန်သူက ရှိနေပါတယ်။ စုဖွဲ့နေပါတယ်ဆို ဒီဘက်က အမြောက်တွေနဲ့ ချထည့်လိုက်ပြန် အဲဒီကောင်တွေ နားကားပြန်။ တစ်ခါတလေကျ လာမတိုက်ဘဲနဲ့ကို သူတို့မှာ အ မြောက်ထု ခံနေရတာတွေလည်းရှိတယ်။ ဒါမျိုးလေး တွေပေါ့။ နောက်တစ်ခုက ခံစစ် တအားကောင်းတာ။ (၉၀၂) က ခံစစ်တအားကောင်းတာ။ (၂၀၆) လည်း ခံစစ်ကောင်းတယ်။ သေချာတာတစ်ခုက ခံစစ်နဲ့ တိုက်စစ်လာတိုက်လေ။ ဒီလိုစနစ်တကျ ပြင်ဆင် ထားတဲ့ ခံစစ်ဆိုရင် အများကြီးကျမှာပဲ။ နောက်တစ်ခုက အမြောက်ကို ဒီကောင်တွေက ပွင့်ပွင့်လင်းလင်း ပြောရရင် မော်တော်ကားဆို မော်တော်ကား မှန်အောင် ပစ်နိုင်တဲ့ကောင်တွေလေ။ ပြီးတော့ ဗိုလ်သင် တန်းမှာ ဒီက တပ်ရင်းမှူးတွေကပဲ အချိန်ပိုင်း နည်းပြ။ အမြောက်ဘာသာရပ်ကို စစ်တက္ကသိုလ်မှာ သွား ပြီး နည်းပြတာ။ အဲဒီလိုဖြစ်တော့ ဒီအမြောက်ရဲ့ ဒဏ်ကိုလည်း သူတို့ခံရတယ်။ နောက်တစ်ခုက လေတပ်ပေါ့။ လေတပ်ရဲ့လုပ်တဲ့ ကိုင်တဲ့ဟာတွေကိုလည်း ဒီကောင်တွေ ခံရတယ်။ အစုံခံရတာပေါ့။ ဟင်းလေး အိုးကြီးနဲ့ သွားတွေ့တာပေါ့ဗျာ ဒီကောင် တွေက။ နောက်ပြီးတော့ ပြင်ဦးလွင်ကလည်း ပစ်ကူပေးတာ တွေရှိတယ်။ ပစ်ကူရဲ့ ထိချက်တိုင်းသည် ရန်သူရဲ့ ခေါင်းပေါ် ကျချင်မှလည်းကျလိမ့်မယ်။ သို့သော် ဒီ ကောင်တွေ မစားတော့မစားသာဘူး။ အဲဒီတော့ သူတို့ ကျတာပေါ့။ အဓိကတော့။

မေး - နောက်တစ်ခုက ပလောင်တွေဟာ PDF တွေ ကို အသုံးချပြီး တောင်ခမ်းမှာ တိုက်ခိုင်းတယ်လို့ ပြောတယ်။ မြေပြင် အနေအထားအရ ဘယ်လို မြင်ရ ပါသလဲ။

ဖြေ - မှန်တယ်ဗျ။ ပလောင်ရော ကိုးကန့်ရော PDF ကို အသုံးချခဲ့တာပဲ။ လားရှိုးမှာဆိုရင်လည်း လာကူတိုက်ခိုင်းတယ်။ မိုးကုတ်မှာလည်း လာကူ တိုက်ခိုင်းတယ်။ ဗမာ PDF တွေက ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်ကောင့်ပဲ အဖေခေါ်ရင် ခေါ်ရပလေ့စေ။ အရေးကြီးတာ တပ်ကို ကလန်နေရရင် ပြီးတာပဲ ဆိုတဲ့ အတွေးပေါ့ဗျာ။ ဘာဖြစ်သလဲဆိုတော့ သူတို့ပဲ သေတာလေ။ ဟိုကောင်က မသေဘူး။ မိုးကုတ်မှာ ဆိုရင်လည်း ဗမာ PDF က အများဆုံး သေတာ။ အခု တောင်ခမ်းမှာ စလာတဲ့ အချိန်တုန်းက ပလောင်ပဲ လာတာ။ ဒါပေမဲ့ ပလောင်က စစ်ဆင်ရေးကို လှုပ်ရှားမှု ဟိုရွှေ့ဒီရွှေ့ လုပ်ချင်တော့ သူ့ရဲ့ရင်ဆိုင်တဲ့ စည်းက ဟိုဘက်မှာ သံဘို၊ ကျောက်မဲလေးရှိတယ် အစွန် မှာဆိုရင်။ သံဘို၊ ကျောက်မဲလေးပြီးရင် သရက်ကုန်းဘက်။ သရက်ကုန်းဆို ခင်ဗျားတို့သိတဲ့ ဂန့်ဂေါ ဒါရင်ဆိုင်ပြီးပြီ။ ဂန့်ဂေါပြီးတော့ အရှေ့ဘက် ဆက်သွား မယ်ဆိုရင် အုမ္မတီးနဲ့ဘန့်ဘွေးနဲ့ ဆိုင်တယ်။ ဆိုင်ပြီးရင် ဒီဘက်ကိုဆက်ဆင်းရင် တောင်ခမ်း အဲဒီလို သူတို့က မျဉ်း ဖြောင့်တစ်ကြောင်း ဆွဲလိုက်တာကိုး။ ဆွဲပြီးတော့ သူတို့ကဆိုင်တာ။ အစ်ကို့ကို ခုနက ပြောတဲ့ ကျောက်မဲလေး၊ သံဘိုကနေ အနောက်ဘက်ကို အဖြောင့်တိုင်းလိုက်ရင် မတ္တရာ၊ ဆည်တော်ကြီး ဘက်ကို ရောက်တယ်ဗျ။ PDF က အဲဒီကနေ တက်လာတာ။ အဲဒီကနေ တက်ပြီး လမ်းကြောင်းအတိုင်း ဒီကောင်တွေကို ကူတာ။ မိုးကုတ် PDF အကြွင်း အ ကျန်ကလည်း မိုးကုတ်လမ်းအတိုင်းဆင်းလာတယ်။ နောက်ဆုံးကျတော့လည်း ဒီဒုဋ္ဌဝတီ မြစ်ကနေ ခြေလျင်တက် လာပြီး ရဲရွာအကျော်လောက်ကျမှ လှေနဲ့တက်တာ။ ဝက်ဝံ-ဘန့်ဘွေးနဲ့ တောင်ခမ်းတော လမ်းကြီးရှိတယ်။ အဲဒီမှာ လှေဆိပ်ရှိတယ်။ လှေဆိပ်ကနေ တက်ပြီး ဖြန့်ခွဲသွားတာ။ နောက်တစ်ခုက ဓနု PDF ကလည်း ဒီကောင်တွေကို လာကူတယ်။ တောင်ခမ်းက ဘယ်မှာရှိလဲဆိုတော့ နောင်ချိုနဲ့ ရွှေညောင်နဲ့ကို အဖြောင့်ဆွဲလမ်း။ အဲဒီလမ်းပေါ်မှာရှိတဲ့ မြို့ရွာတွေမှာ တောင်ခမ်းရှိမယ်၊ ဒုဋ္ဌဝတီမြစ်ရှိမယ်၊ ဟိုဘက်မှာ ကျောက်ဂူရှိမယ်၊ အင်တောရှိမယ်၊ ဟိုဘက်မှာ ဗထူး၊ ရပ်စောက်၊ ဗထူး၊ ရပ်စောက်ကနေ အဖြောင့်ဆွဲလိုက်ရင် ရွှေညောင်ရောက်မယ်၊ မဆွဲဘဲ အနောက်ဘက်ဆွဲမယ်ဆို ပင်းတယရောက်မယ်။ ဓနု PDF နယ်မြေပေါ့။ ဓနု PDF လှုပ်ရှားရမယ့် နယ်မြေက အင်တော၊ ကျောက်ဂူ၊ ပင်းတယ ဧရိယာကို လှုပ်ရှားရမှာ။ သို့သော် အဲဒီမှာ SSPP ရှိမယ်။ ဝမ် ဟိုင်းတွေ။ သူတို့က တပ်ကိုလည်း သိပ်ကလန်မယ့် သူတွေ မဟုတ်ဘူး။ သူတို့နယ်မြေကိုလည်း ဟိုကောင်တွေကို အခြေချခွင့် မပြုချင်ဘူး။ မပြုချင်တော့ ဒီကောင်တွေက နောက်ဆုံးကျတော့ အဲဒီကနေ ပလောင်ကို သွားပြီးအားဖြည့်တယ်။ အဲဒီလိုပဲ PDF ကလည်း အားဖြည့်တယ်။ ဟိုတစ်လောကဆိုရင် ဒီကောင်တွေ သီပေါကိုသွားတိုက်တဲ့ အချိန်မှာ သူ့တပ် တွေ အကုန်လုံးကို ထုတ်နုတ်သွားတာ။ ထုတ်နှုတ် တာက ဘာမြင်ရလဲဆိုတော့ တောင်ခမ်းကနေ ထုတ် နုတ်တာက တောင်ခမ်းကနေ နောင်ချိုပြန်တယ်။ နောင်ချိုကနေ သီပေါကို တက်တယ်။ နောင်ချိုမြို့ ထဲဝင်တဲ့ အချိန် ဗီဒီယိုတွေ ရိုက်၊ ပန်းကုံးတွေ စွပ်ပြီး တောင်ခမ်းကနေ အောင်ပွဲခံ ပြန်လာတယ်ဆိုပြီး ဖွကြ တယ်လေ။ ဒါပေမဲ့နော် ဖွတာက ပလောင်မီဒီယာ က မဖွဘူးနော်။ ပလောင်က စည်းရှိတယ်။ စည်းဆိုတာက မဟုတ်တာကို ဟုတ်တာ သူ့ Official မီဒီယာမှာ ရေးမယ်ဆိုရင် သူ့မီဒီယာ ဂွမ်းသွားမှာ။ အဲဒီတော့ မဟုတ်တာကို မရေးဘူး။ အဲဒီတော့ ဗမာတွေကပဲ လုပ်လိုက်တာ။ အဲဒီတော့ ဒီကောင်တွေ သီပေါကို သွားတိုက်တဲ့အချိန် ဒီမှာကျန်ခဲ့တာက ပလောင် နည်းနည်းနဲ့ PDF များများ ကျန်ခဲ့တယ်။

မေး - အမိန့်ပေးတာကတော့ ပလောင်တွေ ဖြစ်မှာ ပေါ့။

ဖြေ - ဟုတ်တယ် ဟုတ်တယ်။ ပလောင်နည်းနည်း နဲ့ PDF များများ ကျန်ခဲ့တဲ့အချိန် အရင်လို အင်အားတွေနဲ့ စခန်းတွေကို မတိုက်တော့ဘူး။ ဒရုန်းနဲ့ပဲ လာ တိုက်တယ်။ အဲဒီလို အနေအထားပေါ့။

မေး - ပလောင်တွေကို PDF တွေကို သူတို့ စစ်ဝတ် စုံဝတ်ပြီး တိုက်ခိုက်တယ်လို့လည်း ကြားရတာ ရှိပါတယ်။ ပြီးတော့ သူတို့ကြားမှာ ပွတ်တိုက်မှုတွေလည်း ရှိတယ်လို့ ကြားရတယ်။ ဟုတ်ပါသလား ခင်ဗျာ။

ဖြေ - အမှန်ကတော့ PDF ရဲ့ အနေအထားက ပြင်ဦးလွင် စစ်မျက်နှာပေါ့။ သံဘိုတို့ ဘာတို့ရှိတယ်။ နောက်တစ်ခုက တောင်ခမ်းစစ်မျက်နှာမှာ PDF က ဆုပ်လည်း စူး၊ စားလည်း ရူး။ ဘာလို့လဲဆိုတော့ စွတ်တက်ခိုင်းတာ ဟိုကောင်တွေက။ သူတို့က နောက်ကပဲနေတာ ရှေ့ကတက် ရှေ့ကတက်ပေါ့။ အတည်မပြုနိုင်တဲ့ သတင်းတွေအရဆို ဟိုတစ်လောက PDF ခေါင်းဆောင်တစ်ယောက်ကို သူတို့ သတ်လိုက်တယ်ပြောတယ်။ ဒါကျွန်တော် အတည်ပြု မရဘူးနော် ကြားတဲ့သတင်း။ နောင်ချိုမြို့ခံတွေ ပြောတာတော့ PDF ခေါင်းဆောင်တစ်ယောက်ကို သူတို့က လက်နက်တွေ သိမ်းပြီးတော့ သတ်လိုက် တယ် ပြောတယ်။ အဓိကတော့ဗျာ ငါ့လူတွေချည်းပဲ စစ်တိုက်ရတယ် မင်းတို့က မတိုက်ရဘူးပေါ့။ ဒါမျိုး နည်းနည်း ငြိတယ် ထင်တယ်။ နောက်ပိုင်းတော့ PDF က ဘာသံမှ မထွက်ရဲတော့ဘူး။ တက်ဆိုတက်၊ တိုက်ဆို တိုက် အဲဒီလို။ ဒီကောင်တွေလည်း အစားတော်တော် ဆင်းရဲတယ်။ ကိုယ်တွေချည်းပဲ ဆင်းရဲတယ် မထင်နဲ့။ ဟိုတစ်လောကဆို ထမင်း ပို့တဲ့ ကောင်ကို ကိုင်ထည့် လိုက်တာ ရှူးရှဲနဲ့ ထမင်းစားနေတာ။ နောက်တာ မဟုတ်ဘူး တကယ်တွေနော်။ ခုနက PDF လေးတွေက ရှေ့ကျတော့ အမြောက်ဘုရား God of War တွေနဲ့ သွားတွေ့တယ်။ ကျွန်တော်တို့ သိသလောက် ဆို စွတ်တက်ခိုင်းနေတယ်ပေါ့။ အမြောက်တွေက အရမ်းကောင်းတယ်တွေ ဘာတွေ ဖြစ်နေတာ။ ဒါ အမှန်တရားနော်။ အတည်ပြုလို့ရတဲ့ သတင်းတွေ။ လုပ်မှာလား၊ မလုပ်ဘူးလား ပြန်လာရင် အကြိတ်ခံရ မှာပဲလေ။ ပြန်လာရင် အလုပ်ခံရ မယ်ဆိုတာ သိတော့ သေမထူး နေမထူးလေ။ တစ်ခုခုတော့ သူတို့မှာ အကြောက်တရားပေါ့။ ရှေ့တက်ဆိုရင်တော့ မတက် ပဲ မနေရဲဘူး။ အကြောက်တရားက PDF မှာ ရှိတယ်။ ဘယ်လို လုပ်ထားလဲတော့ မသိဘူး။ သေချာတာက တော့ တက်လည်း မတက်ချင်ဘူး၊ နောက်လည်း ပြန် မဆုတ်ချင်ဘူး ဖြစ်နေတာ။

မေး - ကျွန်တော်တို့ သိရတာ တစ်ခုက သူပုန်တွေဟာ မူးယစ်ဆေးတွေ သုံးပြီး စစ်တိုက်ခိုင်းတယ်လို့ သိရတယ်။ တောင်ခမ်းမှာကော ဒါမျိုးဖြစ်စဉ်တွေ့ရလား။

ဖြေ - သုံးပါတယ် သုံးပါတယ်။ ကျွန်တော်သွားတဲ့ အချိန်တုန်းကဆိုရင် ဒီကောင်တွေက တစ်နေကုန် မတိုက်ဘူး။ တစ်နေကုန် အိပ်နေမှာပေါ့။ မိုးချုပ်ပြီ ဆိုရင်လာပြီ။ ကျွန်တော်လည်း တစ်ပွဲ ကြုံတယ်။ ကျွန်တော်တို့ စစ်သည်တွေနဲ့ လှုပ်ရှားအဖွဲ့တွေ ပြောတာဆိုရင် ဆေးပြားတွေတောင်မိတယ်။ ဒီကောင်တွေ တော်တော်တော့ သွက်တယ်ဗျ။ ဆေးသုံးပြီးရင် တော့တော်တော်သွက်တာ။

မေး - လက်ရှိ တောင်ခမ်းအခြေအနေကကော ဘယ် လိုရှိပါသလဲ။

ဖြေ - လက်ရှိ တောင်ခမ်းအခြေအနေမှာ ဆိုရင် အခုနောက်ပိုင်းက ကျွန်တော် မရောက်ခင်ကထက် စာရင် အခြေအနေ ကောင်းလာတယ်။ ကျွန်တော် မသွားခင် ကဆိုရင် ကျွန်တော်လည်း အဲဒီအခြေအနေ မကြိုက်ဘူး။ အားမရတာတော့ ဘယ်သူမှ အားမရခဲ့ကြဘူး။ ဒါပေမဲ့ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲပြီးတော့ ဒါအစီအမံလေးတွေ တချို့အပြောင်း အလဲတွေ ရှိလာတော့ လက်ရှိအနေအထားကို ကျွန်တော် သဘောကျတယ်။ အခုရက်မှာ ပိုပြီးတော့ ကျွန်တော်တို့ ဘက်က လေယာဉ်ဆိုလည်း လေယာဉ်၊ အမြောက်ဆိုလည်း အမြောက် လုပ်သာကိုင်သာတွေ ရှိတယ်။ နောင်ချိုဆိုလည်း လုပ်သာကိုင်သာတွေ ရှိတယ်လို့ သိရတယ်။ လာမယ့် အနာဂတ်မှာလည်း အဆင်ပြေ နိုင်တယ် ဆိုတဲ့ အရိပ်အယောင် အငွေ့အသက်တွေ ရှိနေတယ်။ ကျွန်တော်ထင်တယ် မကြာခင်မှာ ကောင်းမွန်တဲ့ အနေအထားတွေ ရောက်ဖို့ ကျွန်တော် မြင်နေတာတွေရှိတယ်။ အဲဒါလေးတွေက ဘာလေး လဲဆိုတာတော့ ကျွန်တော့်ကိုတော့ မမေးနဲ့ ကျွန်တော် ပြောလို့ မရဘူး။ အစ်ကိုလည်း မှန်းကြည့်ပေါ့။ သေချာတာကတော့ ယခင်တုန်းက ပြင်ဦးလွင်မှာ ဆိုင်ထားတဲ့ အဖွဲ့တွေရော တောင်ခမ်းမှာ ဆိုင်ထားတဲ့ အဖွဲ့တွေရောသည် ခံစစ်သက်သက်တွေချည်းပဲ။ အခုချိန်မှာ ပြောင်းလဲလာတဲ့ ထိုးစစ်တွေ မြင်လာပြီ။ ခင်ဗျာတို့လည်း ကြားမှာပဲ။ အားတက်စရာ အခြေအ နေကို ရောက်လာတယ်။ သူတို့ကလည်း မီးကုန် ယမ်း ကုန် ကြမ်းတာပဲ။ ရန်သူကလည်း အရင်လို ေ-ာက် ပေါတွေ မဟုတ်တော့ဘူး လည်လာပြီ။ အင်အားကို ရှိတာကို မရှိအောင် လုပ်တယ်၊ မရှိတာကို ရှိအောင် လုပ်တယ် ရွာသားနဲ့ရောပြီး ကားဘယ်နှစ်စီး တက်လာပြီ ဝါဒဖြန့်တာလုပ် တယ်။ သေချာတာက တော့ တောင်ခမ်းရော၊ ပြင်ဦးလွင်ရောက ကျွန်တော် တို့ ရှုံးစရာ အကြောင်းတော့ မရှိတော့ဘူးဗျ။ ကျွန် တော် မြင်တာပြောတာနော်။ ဒီကနေ တစ်ဆင့် လက် လွှတ်ခဲ့တာတွေ ပြန်သိမ်းနိုင်မလား ဆိုတာတော့ ပြော ဖို့ စောသေးတယ်။ သေချာတာကတော့ ပြင်ဦးလွင်နဲ့ တောင်ခမ်းကို ကျွန်တော်စိတ်ချတယ်။ မကြာခင်မှာ တောင် နောင်ချိုတို့ ဘာတို့တောင် ရလာနိုင်တဲ့ အနေအထားရှိတယ်။ ကျွန်တော် မျှော်လင့်တာ ပြောတာနော်။ လားရှိုး အထိ ဘာညာကတော့ ဝေးတယ်ဗျ မပြောချင်ဘူး။ နောင်ချိုကတော့ မျှော်မှန်းနိုင်တဲ့ အနေအထား မြင်ရတယ်ပေါ့နော်။ ပြင်ဦးလွင်ဘက်က တပ်တွေက လုပ်ရင်းကိုင်ရင်းနဲ့ အနည်ထိုင်ပြီး Stable ဖြစ်သွားတယ်။ Stable ဖြစ်သွားချိန် ဒီကောင် တွေ ဘာမှလုပ်လို့မရတော့ဘူး။ ဆရာမင်းသိင်္ခပြောသ လိုပေါ့ဗျာ။ နာပြီးရင် ရယ်ရတော့မယ်။ ကျွန်တော်တို့က နာပြီးပြီလေ။ ရယ်ဖို့အတွက် အားပြုနေပြီ။ ခံတော့ ခံပြီးသွားပြီ ပေါ့ဗျာ။ တောင်ခမ်းလည်း သူ့ဟာနဲ့ သူအကုန်လုံးက အိုကေသွားပြီဆိုတဲ့ အနေအထား ရှိတယ်။ ကျစရာကတော့ ဘယ်နည်းနဲ့မှ မရှိနိုင်တော့ဘူး။ ဟိုတစ်ရက်ကဆို (၃၅၄) ဘက်ကို စပါယ်ရှယ် လာဆော်တာ။ အကြီးအကျယ်ပဲ။ ကျွန်တော်ဖုန်း ပြောနေတဲ့ အချိန်မှာတောင် လက်နက်ကြီးသံတွေ ဆူညံနေတာပဲ။ ဝုန်းဝုန်းနဲ့ ပစ်တာ။ ကိုယ့်ဘက်က ပစ်တာ အဲဒီလိုမျိုး အကျယ်ကြီးတွေ ချနေတာ။ မကျတော့ပါဘူး။

မေး - ဒေသခံတွေရဲ့ သတင်းပေးမှု အပိုင်းပေါ့နော်။ သတင်းရရှိမှုကကော ဘယ်လိုရှိပါသလဲ ခင်ဗျာ။

ဖြေ - ဒေသခံကို ပြောမယ်နော်။ ဒေသခံက သူတို့ကို အလိုမရှိဘူး။ ကျွန်တော့်မှာကို ကျွန်တော့်ကို သတင်းပေးတဲ့ ဒေသခံတွေ အများကြီးပဲ။ ဟိုတစ်လောက  ကျွန်တော့်ကို ကုန်းတစ်ကုန်းမှာ ရှိတယ်ဆိုပြီး သတင်းပေးလို့ ကျွန်တော်က သတင်းပြန်ပေးလိုက်တာ ပြီးတော့ ချတာပဲ ဆော်တာပဲ။ ဒေသခံက သတင်းတွေ တိတိကျကျ ပေးနိုင်တယ်။ လူလေး ရာလောက် စုရုံးစုရုံး လုပ်နေတယ် ဆိုပြီးချတာပဲ။ ဒေသခံက အမှန် တရားကို လိုလားပြီလေ။ ငြိမ်းချမ်းရေးကို လိုလားပြီ လေ။ ဒီကောင်တွေက အခုဗျာ PDF တွေ ကားချော ဆွဲတယ်။ ကားပိုင်ရှင်တွေက မပေးချင်ဘူး။ မပေးလို့ ရမလား ဒါတွေက ငါတို့ အုပ်ချုပ်ရမယ့် နယ်မြေ မင်းတို့ကောင်တွေ ငါတို့နိုင်ရင် သတ်ပစ်မှာတွေ ကြိမ်းတာ။ ဒေသခံတွေက ဒီကောင်တွေကို မကျေနပ်ဘူး။ သူတို့ကို ထောက်ခံတဲ့သူ မရှိဘူးလား ဆိုတော့ ရှိတယ်။ အော်ရီဂျင်နယ် အနီတွေပေါ့။ သို့သော် ကြားနေနဲ့ ဒီ သူတို့ကိုမကြိုက်တဲ့သူနဲ့က စပါယ်ရှယ် သတင်းပေးတာ။ သတင်းပေးရင်လည်း အမှန်တွေပဲ သတင်းပေးတာ။       

ကျေးဇူးတင်ပါတယ် ခင်ဗျာ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သမိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော

RECENT POSTS
သမိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော
06 Nov 2024
‘‘တောင်ခမ်း (သို့မဟုတ်) သူပုန်သင်္ချိုင်း ”
06 Nov 2024
ယွမ်ထိုက်ယွမ် (သို့မဟုတ်) မြန်မာ့မြေ၌ တရုတ်ကို ထောက်လှမ်းသည့် ထိုင်ဝမ်ထောက်လှမ်းရေး ဒုတိယဗိုလ်မှူးကြီး
06 Nov 2024
အမေရိကန်အစိုးရအသစ်နဲ့ ပြီးပြည့်စုံတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တည်ဆောက်သွားမယ်လို့ တောင်ကိုရီးယားအစိုးရပြော
06 Nov 2024
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ကာကွယ်ရေးဝန်ကြီးကို ရာထူးကနေထုတ်ပယ်
06 Nov 2024
ငွေလမ်းခင်းသော အမေရိကန်ရွေးကောက်ပွဲ အခင်းအကျင်းနှင့် နောက်ဆက်တွဲရလဒ်အပေါ် တိုးပွားလာသော စိုးရိမ်မှုများ
06 Nov 2024
ဖားကန့် တာမခန်၊ ဆယ်ဇင်း မီးလောင်ပြင်၌ အိမ်ပြန်ဆောက်ခွင့်မပြုဘဲ ကျောက်တူးရန် KIA စီစဉ်နေ
06 Nov 2024
Iron Man ဇာတ်ကောင်ကို AI နည်းပညာဖြင့် ပုံစံတူပြန်လည်ဖန်တီးခွင့်မပြုဟု သရုပ် ဆောင် ရောဘတ်ဒေါင်နီ ဂျူနီယာပြော
06 Nov 2024
နေပြည်တော်ကို တိုက်ခိုက်ရန် ဦးတည်လာသည့် Fixed Wing (၃)စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့
06 Nov 2024
လွိုင်လင်မြို့နယ်တွင် TOYOTA CROWN ကားပေါ်မှ ငွေကျပ်သိန်း(၈၄၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
01 Nov 2024
စက်သုံးဆီထည့်ပြီး ငွေမပေးဘဲ မောင်းနှင်မည့်ကားကို တားဆီးသည့်ဝန်ထမ်း လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ
01 Nov 2024
မင်္ဂလာမရှိသော်လည်း လင်းတငှက်များကို သဘာဝပတ်ဝန်းကျင်အတွက် ရှင်သန်ခွင့်ပေးသင့်ကြောင်း အကြံပြု
01 Nov 2024
နိုင်ငံတည်ဆောက်ရေး နှင့် နိုင်ငံရေးပါတီများ
01 Nov 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) ပွဲကြိုသုံးသပ်ချက်များ
01 Nov 2024
အရှည်ပေ (၂၅ဝ) ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ဂျင်းဘောင်းဘီကို တရုတ်ကုမ္ပဏီတစ်ခု ထုတ်လုပ်
01 Nov 2024
ဆေးရုံတင်ထားစဉ် လူနာစောင့်အမျိုးသမီးကို တစ်ပတ်ရိုက်ပြီး ခိုးယူသွားသော (၉)ရက် သားအရွယ် ကလေးငယ်ကို ပြန်လည်တွေ့ရှိ
31 Oct 2024
ထိုင်ဝမ်မှာအင်အားပြင်းမုန်တိုင်းကြောင့် ကျွန်းအရှေ့ပိုင်းရှိ မြို့နဲ့ကောင်တီတွေရှိ လုပ်ငန်းတွေကို ပိတ်ထား
31 Oct 2024
အစ္စရေးက ဟစ္စဘိုလာအဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အနည်းဆုံး (၁၉)ဦး ထပ်မံသေဆုံး
31 Oct 2024
“မိန်းမလှကျွန်း တိုးချဲ့တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော”အဖြစ် ဧက တစ်သောင်းနီးပါး တိုးချဲ့ရန် ကနဦးစီစဉ်နေ
31 Oct 2024
ခွေး(၃၈)‌ကောင်နှင့်အတူ တစ်ပြိုင်နက်လမ်းလျှောက်ခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့တဲ့ ကနေဒါအမျိုးသား
31 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved