Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-29 / 1:15 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၉

အစ္စရေးအစိုးရက  ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲဟာ ဂါဇာဒေသကိုကြီးမားတဲ့ ဗုံးကြဲတိုက်ခိုက်မှုများနဲ့အတူ နောက်ထပ်အဆင့်တစ်ခုကိုရောက်ရှိလာပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ နဲ့ အစ္စရေးကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် ဂါဇာဒေသမှာ လူပေါင်းအနည်းဆုံး ၈ဝဝဝ ကျော် သေဆုံးထားပြီး အစ္စရေးဘက်က အနည်းဆုံး ၁၄ဝဝ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ အစ္စရေး ဝန်ကြီးချုပ်နေတန်ရာဟုက "ကျွန်တော်တို့ဟာ မြေပြင်ထိုးစစ်ဆင် စတင်နေတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ ပြုလုပ်မယ့် မြေပြင်တိုက်ပွဲတွေဟာ ခက်ခဲပြီး၊ အချိန်ကြာဖွယ်ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့မစ်ရှ င်၊ရည်ရွယ်ချက် တွေကို အတူတကွလုပ်ဆောင်သွားမယ်" လို့ ပြောပါတယ်။


ဟားမက်စ်အုပ်စုက ၎င်းတို့အနေနဲ့ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကို တိုက်ခိုက်ချိန်အတွင်း ဖမ်းဆီးခဲ့ သူတွေထဲမှာ ပါဝင်နေသူတွေထဲ ပါဝင်နေတဲ့ ရုရှားနိုင်ငံသား ၈ ဦးကို ပြန်လွှတ်ပေးသွားမယ်လို့ ဆိုပါတယ်။ ဟားမက်စ်အုပ်စုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားနိုင်ငံကိုသွားရောက်ခဲ့ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အစ္စရေးနိုင်ငံကတော့ ဟားမက်စ်အဖွဲ့ကို လက်ခံတွေ့ဆုံခြင်းမျိုးမလုပ်ဖို့ ရုရှားနိုင်ငံကို တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ 


နိုင်ငံတကာကြက်ခြေနီအဖွဲ့က ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဂါဇာဒေသမှာဖြစ်ပွားနေတဲ့ ဘေးဒုက္ခဆိုးအခြေအနေများကို သည်းခံငြိမ်မနေသင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြောင် ဒေသမှာ အရပ်သားများ ထိခိုက်သေဆုံးနေခြင်းများထပ်မံမဖြစ်ပွားအောင် အစ္စရေးနဲ့ ဟားမက်စ်ကြားစစ်ပွဲတွေကို အဆုံးသတ်စေလိုကြောင်း  ICRC အဖွဲ့က ပြောပါတယ်။ 

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ အောက်တိုဘာ ၂၈ ရက်က ပါလက်စတိုင်းအားပေးထောက်ခံတဲ့ ဆန္ဒပြပွဲများ လုပ်ဆောင်ခဲ့ပြီး လူပေါင်းထောင်ချီ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြသူတွေဟာ ဂါဇာဒေသမှာ အပစ်ခတ်ရပ်စဲရေး ချက်ချင်းစတင်နိုင်ဖို့ အဓိကထား တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်တို့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာတဝန်းရှိ နိုင်ငံအချို့မှာ ပါလက်စတိုင်း လိုလားထောက်ခံကြောင်း ဆန္ဒပြပွဲများ လုပ်ဆောင်ခဲ့ပြီး စစ်ပွဲကို ချက်ချင်းအဆုံးသတ်စေဖို့ တောင်းဆိုနေကြောင်း သိရပါတယ်။

ဟားမက်စ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ယာဟာဆင်ဝါးက ၎င်းတို့အနေနဲ့ ဖမ်းဆီးထားသောအကျဉ်းသားတွေ အပြန်အလှန်လဲလှယ်ဖို့ အဆင်သင့်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ဟားမက်စ်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကိုတိုက်ခိုက်ချိန်အတွင်း ဖမ်းဆီးထားသူတွေနဲ့ အစ္စရေးအစိုးရ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းလူမျိုးတွေကို အပြန်အလှန်လဲလှယ်ဖို့ လိုလားနေကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင်လည်း မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံ အဖွဲ့၏ ရပ်တည်ချက်ပြောင်းလဲမည် မဟုတ်ဟုဆို

RECENT POSTS
ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး စောစီစွာရယူနိုင်ခြင်းက ဒေသအတွင်းတင်းမာမှုများကို ဖြေလျော့နိုင်မည်ဟု တရုတ်သမ္မတ ပြော
24 Oct 2024
မြောက်ကိုရီးယားစစ်သားအနည်းဆုံး (၃၀၀၀)ခန့် ရုရှားတွင် စစ်ရေးလေ့ကျင့်နေဟု အမေရိကန်အစိုးရပြော
24 Oct 2024
မြန်မာတွင် ရှားပါး မြွေစိမ်းမြီးခြောက် မျိုးစိတ်တစ်မျိုးကို စာတမ်းပြုစုနိုင်ခဲ့ပြီး စမ်းသပ်အတည်ပြုရန် လိုအပ်နေ
24 Oct 2024
မြန်မာ့ဝါးများကို ပြည်ပနိုင်ငံများမှ အဝယ်များနေသော်လည်း အရည်အသွေးမြင့် ဝါးတောမရှိသည့် အတွက် ဝင်ငွေနည်းပါးနေ
24 Oct 2024
၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်များ
24 Oct 2024
“ ကုသိုလ်လည်းရ ဝမ်းလည်းဝ နိုင်ငံ့ဝန်ထမ်းဘဝ ”
24 Oct 2024
ပုပ္ပားမျောက်မြီးရှည်များအတွက် တောမီးလောင်မှုက အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေ
24 Oct 2024
ဘိလပ်မြေစက်ရုံအချို့ ရပ်နားထားရသည့်အတွက် ပြည်ပမှတင်သွင်းခြင်းကို‌ ဆောင်ရွက်သင့်ဟုဆို
24 Oct 2024
ပုဂံနန်းမြင့်မျှော်စင်ကို ပိုင်ရှင်အသစ်ပေါ်ပေါက်ရေးအတွက် အရောင်းစာရင်းတင်ထားပြီဟုသိရ
24 Oct 2024
မြန်မာနိုင်ငံက မင်္ဂလာပါ
24 Oct 2024
အချိန်(၃)မိနစ်အတွင်း အချဉ်ရည်အများဆုံးစားပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ ကနေဒါအမျိုးသား
24 Oct 2024
စစ်ပွဲအဆုံးသတ်ရေး ရေရှည်မဟာဗျူဟာတစ်ရပ် လိုအပ်နေသည့် အစ္စရေး
24 Oct 2024
မြန်မာနယ်စပ်အနီး ထိုင်း-တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်
24 Oct 2024
ဝေါမြို့နယ်တွင် ခရီးသည်တင်ကားပေါ်လိုက်ပါသည့် ခရီးသည်ထံမှ ပစ္စတို သေနတ်(၁၆) လက်နှင့် ကျည်(၅၃ဝ)ဖမ်းဆီးရမိ
24 Oct 2024
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ(၉)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်ပခရီးသွားဝင်ရောက်မှုများပြားမည်ဟု ခန့်မှန်း
24 Oct 2024
မော်လမြိုင်မြို့တွင် HIJET ကားနှင့် (၁၀)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရ
24 Oct 2024
ဝန်ကြီးချုပ်ဟောင်း နှုတ်ထွက်စာ တင်-မတင် အရှုတ်တော်ပုံ ယူနွတ်ယာယီ အစိုးရ တရားဝင်မှု ပြဿနာဖြစ်လာ
24 Oct 2024
မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေး(၃)မျိုးကို သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဝန်ကြီးဌာန အသိပေး
24 Oct 2024
ဟောင်ကောင် တိရစ္ဆာန်ရုံတစ်ခုမှာ မြေဆီလွှာမှ ဘက်တီးရီးယား ကူးစက်မှုကြောင့် မျောက်တွေ သေဆုံး
24 Oct 2024
ကျောက္ကာရွာ စက်လှေနစ်မြုပ်မှု(၃)ရက်ကျော်အတွင်း ရုပ်အလောင်း(၁၇)လောင်း ပြန်တွေ့ကာ (၈)ဦးပျောက်ဆုံးနေ
24 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved