ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့် ဖမ်းဆီးထား
မြူနစ် (NSS) - အောက်တိုဘာ ၂၉
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဦးရဲထွဋ်ကို ပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
ဝန်ကြီးဟောင်းဦးရဲထွဋ်အား အမှုဖွင့်စစ်ဆေးနေမှုနှင့်ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (အောက်တို ဘာ ၂၉ ရက်) တွင် မီဒီယာများကို အတည်ပြုပြောဆိုထားသည်။
ဦးရဲထွဋ်သည် လူမှုကွန်ရက်စာမျက်နှာပေါ်၌ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့် ယမန်နေ့ (အောက်တိုဘာ ၂၈ ရက်) ညပိုင်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။
ဝန်ကြီးဟောင်းဦးရဲထွဋ်သည် ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ (၁၁)ရပ်ကွက်တွင် နေထိုင်ကြောင်း သိရပြီး ၎င်းသည် ယမန်နေ့ ညပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်အား အလုံမြို့မရဲစခန်းက (ပ)၂၁၆/၂ဝ၂၃ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။
ယင်းဥပဒေပုဒ်မအရ စစ်ဆေးရာတွင် ပြစ်မှုထင်ရှားခြင်း တွေ့ရှိပါက ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ (သို့) ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း သိရသည်။
ဦးရဲထွဋ်သည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သကဲ့သို့ တပ်မတော်တွင်လည်း ဒုတိယဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လှိုင်သာယာမြို့နယ်၌ ဖယောင်းတိုင်မီးမှတစ်ဆင့် မီးလာင်မှုဖြစ်ပွားခဲ့ရာ အဆောင်တွဲ(၄)လုံးနှင့် လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့
RELATED POSTS
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ